မာန်အောင်နှင့် ရမ်းဗြဲတွင်လည်း ဆန္ဒဖေါ်ထုတ်

မာန်အောင်နှင့် ရမ်းဗြဲတွင်လည်း ဆန္ဒဖေါ်ထုတ်
by -
နိရဥ္စရာ

သန်းခေါင်စာရင်း ကောက်ယူရာ၌ ရိုဟင်ဂျာ နာမည် ထည့်သွင်းမည့် အစီအစဉ်ကို ရခိုင်ပြည်နယ်အတွင်း  မြို့တစ်ခုပြီးတစ်ခု ကန့်ကွက်ဆန္ဒပြနေကြရာ မတ်လ ၂၄ ရက်နေ့တွင် မာန်အောင်မြို့နှင့် ရမ်းဗြဲမြို့များတွင် ဆက်လက် ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

မာန်အောင်မြို  ့တွင် လူပေါင်း ၅၀၀ ခန့် ပူးပေါင်း ပါ၀င်ခဲ့ပြီး ပိုစတာများ၊ ဆိုင်းဘုတ်များကိုင်ဆောင်ကာ  ဆန္ဒပြခဲ့ကြသည်ဟု ဒေသခံတဦးဖြစ်သူ ဆရာဦးစောနိုင်က ပြောသည်။

ရမ်းဗြဲတွင်ဆန္ဒပြ ချီတက်လာစဉ်။

သူက “ဘင်္ဂလီတွေကို သန်းခေါင်စာရင်း ကောက်ယူတဲ့ အခါ အဆင်ပြေစေရန်အတွက်ဆိုပီး  ဘင်္ဂလီ လူမျိုးနာမည်ကို မထည့်ဘဲ အခြားနာမည်ကိုထည့်ရင် မြန်မာနိုင်ငံမှာ ဘယ်လူမျိုးတွေ နေထိုင်ကြတယ်ဆိုတာ အမှန်တရား ပေါ်ပေါက်လာနိုင်စရာ မရှိတာ့ဘူး။ ဒါ့ပြင် သန်းခေါင် စာရင်းကောက်ယူတဲ့အခါ ဘင်္ဂလီတွေကို တာဝန်ပေးရင် ဘယ်လိုလုပ်ပြီး လူမျိုးအမှန်ပေါ်လာမလဲ။ ဒါတွေကြောင့် ကန့်ကွက် ဆန္ဒပြရတာပါ” ဟု ဆိုသည်။

သန်းခေါင်စာရင်း ကောက်ယူရာတွင် လူမျိုးအမှန်ကို မထည့်ဘဲ ထားပါက မြန်မာနိုင်ငံတွင် မည်သည့်လူမျိုးများ နေထိုင်ကြတယ်ဆိုသည့် အမှန်တရား ပေါ်ပေါက်လာနိုင်စရာ မရှိဟု သူက ဆိုသည်။

မာန်အောင်မြို့တွင် ဆန္ဒပြပွဲကို ယနေ ့နံနက် (၉) နာရီမှ စတင်ခဲ့ပြီး  (၁၁)နာရီတွင် ပြီးဆုံးခဲ့သည်။

အလားတူ ရမ်းဗြဲမြို့တွင်လည်း ယနေ့ ဆန္ဒပြကြရာ လူပေါင်း ၁၀၀၀ ခန့် ပူးပေါင်း ပါ၀င်ခဲ့သည်ဟု ရမ်းဗြဲ ဒေသခံ ဦးထွန်းကြည်က ဆိုသည်။

”ရမ်းဗြဲမြိ့နယ် ကျောက်နီမော်ကျေးရွာမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀ )ခန် ့က  ကမန်လူဦးရေဟာ ထောင်ဂဏန်း ခန့်သာရှိပေမယ့် အခုအခါ ကမန်ဘင်္ဂလီတွေ အများကြီး ဖြစ်နေတယ်။ အခု သန်းခေါင်စာရင်းကောက်တဲ့ အခါမှာလည်း သေချာ စိစစ်ပြီး မကောက်ရင် ဘယ်လူမျိုးက ဘယ်လောက်ရှိလို့ ဘယ်လူမျိုးက ဘယ်လို တိုးလာသလဲဆိုတာ မသိရင် နောင်မှာ ပြဿနာ တက်နိုင်တယ်။ အခု ဒီပြသနာက ရခိုင်မှာသာမက တနိုင်ငံလုံး ရှုတ်ထွေးကုန်ပြီ။ ဒါကြောင့်  မြန်မာနိုင်ငံရဲ့ အချုုပ်အချာအာဏာကို ငြိမ်းခြောက်နေပြီ။ ဒါကြောင့် အစိုးရရဲ့ အစီအစဉ်ကို ကန့်ကွက် ဆန္ဒြ့ပရတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

Most read this week