တောင်ကြီးမြို့နယ်သန်းခေါင်စာရင်း သင်တန်းဆင်းများအားလက်မှတ်ပေးအပ်

တောင်ကြီးမြို့နယ်သန်းခေါင်စာရင်း သင်တန်းဆင်းများအားလက်မှတ်ပေးအပ်
by -
သျှမ်းသံတော်ဆင့်

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင် စာရင်းကောက်ယူ ရေးလုပ်ငန်း မြို့နယ်ကော်မတီ မှ သန်းခေါင် စာရင်း ကောက်ယူ ရေးအတွက် မြို့နယ် စာရင်းစစ် စာရင်းကောက် သင်တန်းဆင်း ဆရာ ဆရာမ များအား သင်တန်း ဆင်းလက် မှတ်ပေး အပ်ပွဲ အခမ်းအနားကို တောင်ကြီးမြို့  ကျောင်းကြီးစုရပ် အမက ၁၁ တွင် စနေနေ့က ကျင်းပခဲ့သည်။

သင်တန်းမှာ ဗဟိုအဆင့်နည်းပြ မှ ပြည်နယ်နည်းပြများအား ဖေဖော်ဝါရီ  ၂၄  မှ ၂၈ အထိ၊ ပြည်နယ်နည်းပြမှ မြို့နယ်အဆင့်နည်းပြများအား  မတ်လ ၆ ရက်မှ ၁၁ ရက်အထိ၊ မြို့နယ်အဆင့် စာရင်းစစ်/ စာရင်းကောက် သင် တန်းကို မတ်ချ်လ ၃ ရက် မှ ၂၂ ရက်အထိဖြစ်ကြောင်း သိရပြီး တောင်ကြီးမြို့ နှင့် ကျောက်တစ်လုံးမြို့ နယ်ခွဲ တို့ တွင် မတ်ချ်လ ၃၀ ရက်နေ့မှ စ၍ ဧပြီလ ၁၀ ရက်နေ့အထိ သန်းခေါင်စာရင်း ကောက်ယူသွား မည်ဖြစ်ကြောင်း သိရသည်။

သင်တန်းဆင်း ဆရာ/ ဆရာမများ

ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ သင်တန်းဆင်းစာရင်းကောက် ဆရာမများအား ကောက်ကွက် ၊ အိမ် ထောင်စု များနှင့်ကြို တင်မိတ်ဆက်ထားပေးမည်ဖြစ်ပြီး ၊မတ်လ (၂၉) ညသန်းခေါင်ချိန်တွင် ဆေးရုံ ဆေးပေးခန်း။ ရွှေ့လျားအလုပ် သမားများ ၊ လမ်းဘေးတွင်ကျင်လည်ကျက်စားနေသူများအား စာရင်းကောက်ယူပြီး မတ်ချ်လ  ၃၀  ရက် တွင် အိမ်ထောင်စုစာရင်းများစတင်ကောက်ယူ သွားမည်ဖြစ်ကြောင်း တောင်ကြီးမြို့နယ် /မြို့ နယ် ပညာရေးမှူး ဒေါ်ခင်ဝင်းမြင့် ထံမှသိရသည်။

“သန်းခေါင်စရင်းကောက်ယူတဲ့လုပ်ငန်းဟာ နိုင်ငံတော်ရဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စ တွေမှာအ ကျိုးရှိစွာအသုံးချနိုင်မှာဖြစ်တဲ့အတွက် ဒီလိုကိစ္စရပ်မျိုးမှာ ပညာရေးဌာနကနေ ပူးပေါင်း ပါ၀င်ခွင့်ရတဲ့အတွက် ၀မ်းသာဂုဏ်ယူမိပါတယ် ’’ဟု သျှမ်းသံတော်ဆင့်အား ပြောသည်။

 သန်းခေါင်စရင်းကောက်ယူ ရာတွင် သန်းခေါင်စရင်းကော်မတီ ၊ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူး၊ ရာအိမ် မှူး၊ လဝက နှင့်အခြားသော လူမှုအဖွဲ့အစည်း အစိုးရဝန်ထမ်းများ ပါ၀င်ပြီး အိမ်ထဲဝင် စာရင်း ကောက် ယူရာ တွင်မူ တာဝန်ကျ ဆရာမတစ်ဦးတည်းသာဝင်ရောက်ကောက်ယူသွား မည်ဖြစ်ကြောင်း ၊အိမ်ထောင်စု တစ်စု အတွက် မေးခွန်းပုံစံ စုစုပေါင်း (၄၁) ခုပါရှိကြောင်း တောင်ကြီးမြို့နယ်  လူဝင်မှု ကြီး ကြပ်ရေး လက်ထောက်မြို့ နယ်မှူး ဦးဝင်းနိုင်ထွေး မှ ရှင်းလင်းပြောပြခဲ့သည်။

Most read this week