မြန်မာနိုင်ငံရှိ နှစ်ခြင်းခရစ်ယာန် အသင်းသူအသင်းသားများ သောင်းနှင့်ချီ တတ်ရောက်မည့် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်(KBC)၏ (၃၇)ကြိမ်မြောက် ဓမ္မသဘင်ပွဲတော်တွင် စာရင်းကောက်(၇)ဦးဖြင့် သန်းခေါင်စာရင်း ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။
“ဒီပွဲမှာ စာရင်းကောက်(၇)ဦးနဲ့ကောက်သွားမှာပါ။ အစတုန်းကတော့ (၁၂)ယောက်တောင်း တယ်။ သူတို့လည်း ပွဲကိစ္စတွေနဲ့ အလုပ်ရှုပ်နေတယ်” ဟု လက်ထောက် လ.၀.ကမှူး ဦးနော်ဂျာ က ပြောသည်။
ယင်းဓမ္မသဘင်ပွဲတော်တွင် တက်ရောက်မည့် နှစ်ခြင်းအသင်းသူ၊ အသင်းသား များထဲမှ သန်းခေါင်စာရင်း ကောက်ခံမှုပြီးစီးသွားသည့် ပူတာအိုဒေသခံများကို ချပ်လှန်ကာ စာရင်းကောက်များ ကောက်ခံသွားမည် ဖြစ်ကြောင်းပြောသည်။
ပွဲဖြစ်မြောက်ရေး ကော်မတီဥက္ကဌ သိက္ခာတော်ရဆရာတော် ဦးတူးဂျာလည်း ဓမ္မသဘင်ပြုလုပ်မည့် အချိန်နှင့် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ခံချိန် တိုက်ဆိုင်နေသည့်အတွက် သန်းခေါင်စာရင်းကောက်ခံသွားမည် ဖြစ်ကြောင်းပြောသည်။
အဆိုပါ ဓမ္မသဘင်ပွဲတော်ကို ဥရုဆိုင်းမှော်နယ် ကချင်နှစ်ခြင်းအသင်းတော်များအဖွဲ့ချုပ်က ဦးစီးပြီး ဖားကန့်မြို့နယ် လုံးခင်းနှင့် မဇွပ်ယန် ကျေးရွာအနားတွင် ရှိသောကွင်းပြင်တွင် ယခုမတ်လ ၂၈မှ ၃၀ ရက်ထိ ပြုလုပ်ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။
ယင်းပွဲသည်် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) တွင်အမှုထမ်းရန် အမှုဆောင်ကော်မတီအသစ်ကို နှစ်ခြင်းအသင်းသူ၊ အသင်းသားများ၏ ဆန္ဒဖြင့် ရွေးချယ်တင်မြောက်သွားမည့် ပွဲဖြစ်ပြီး လွန်ခဲ့သည့် ၂၀၁၀ ခုနစ်တွင် အဆိုပါပြည်လုံးကျွတ်ဓမ္မသဘင်ပွဲတော်ကို ၀ိုင်းမော်မြို ့တွင်ကျင်းပခဲ့သည်။