တိုက်ပွဲများမရှိသော်လည်း ကချင်ဒုက္ခသည်တို့ နေရပ်မပြန်နိုင်သေး

တိုက်ပွဲများမရှိသော်လည်း ကချင်ဒုက္ခသည်တို့ နေရပ်မပြန်နိုင်သေး
by -
မဇ္ဈိမ

မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ တိုက်ပွဲများဖြစ်ပွားခဲ့သော ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်အတွင်း တိုက်ပွဲများရပ်တန့်သွားပြီဖြစ်သော်လည်း စစ်ဖြစ်ပွားပြီး နှစ်နှစ်ကျော်ကြာအထိ ယင်းမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၀ ခန့်မှ ဒေသခံများ နေရပ်သို့မပြန်နိုင်သေးဟု မြန်မာ့တပ်မ တော် ရိက္ခာပို့အဖွဲ့မှ အရာရှိ စစ်ဗိုလ်တစ်ဦးက ပြောသည်။

နှစ်နှစ်ကျော်အချိန်အတွင်း မြစ်ကြီးနားမြို့ပေါ်ရှိ စစ်ဘေးရှောင်ဒုက္ခသည်စခန်းများနှင့် KIA ထိန်းချုပ်နယ် မြေအတွင်းရှိ ဒုက္ခသည်စခန်းများတွင် စစ်ပြေးဒုက္ခသည်များ ခိုလှုံလျက်ရှိပြီး လုံခြံုမှုမရှိခြင်း အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးသဘောတူညီမှုကို အစိုးရနှင့် KIA လက်မှတ်ရေးထိုးမှသာလျှင် ဒုက္ခသည်များ က အိမ်ပြန်ချင်ကြသည်ဟု အဆိုပါအရာရှိစစ်ဗိုလ်က ဆိုသည်။

သူက“တိုက်ပွဲတွေက မဖြစ်တော့ဘူး။ ရွာမပြန်နိုင်တာက သူတို့အတွက် လုံခြံုမှုမရှိဘူး။ နောက်ပြီး ကလေးတွေရဲ့ ပညာရေးရှိတယ်။ ကျောင်းတွေ ပြန်ပြီးမဖွင့်နိုင်ဘူး။ တချို့ကျောင်းတွေဆိုရင် တိုက်ပွဲကြောင့် ပျက်စီးသွားကြတာတွေရှိတယ်။ အခုမြို့ပေါ်က ဒုက္ခသည်စခန်းနဲ့ ကေအိုင်အေက စခန်းတွေမှာ နေရေးစား ရေးအပြင် ကလေးတွေကို စာသင်ပေးတယ်”ဟု ပြောသည်။

စစ်ပွဲများကြောင့် မလန်းယမ်ကျေးရွာဘက်မှ ၀ိုင်းမော်မြို့ပေါ်သို့ ပြောင်းရွှေ့နေထိုင်သော ဦးတူးကော်က “နေရေးထိုင်ရေး၊ စားရေးသောက်ရေးဆိုတာ ကိုယ့်အိမ်လောက် ဘယ်အဆင်ပြေနိုင်မှာလဲ။ အိမ်ပြန်နိုင် ပြီဆိုရင်တောင် ပြန်လည်ထူထောင်ရေးအတွက် ဘယ်ကစလုပ်ရမှာလဲ။ ဘယ်သူက ကူညီပေးမှာလဲဆို တာက ရှိသေးတယ်”ဟု ဆိုသည်။

၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်က စတင်ဖြစ်ပွားခဲ့သော စစ်ပွဲများကြောင့် စစ်ဘေးရှောင်ဒုက္ခသည်ပေါင်း တစ် သိန်းကျော်ခန့် နေရပ်ရှောင်ထွက်ပြေးနေရပြီး ဗန်းမော်-၀ိုင်းမော် ကားလမ်းတစ်လျှောက်ရှိ ၀ိုင်းမော် မြို့ နယ်အတွင်းမှ ကျေးရွာ၂၀ ခန့်မှ ဒေသခံများ နေရပ်မပြန်နိုင်သေးခြင်းဖြစ်သည်။

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော စစ်ပွဲများကြောင့် ဗန်းမော်၊ မြစ်ကြီးနား၊ ၀ိုင်းမော်မြို့နယ်များရှိကျေး ရွာများတွင် လူနေအိမ်များ၊ စာသင်ကျောင်းများ၊ စိုက်ခင်းများ ပျက်စီးမှုများရှိခဲ့သည်။

Most read this week