သံတွဲမြို့တွင် မတ်လ ၂၃ ရက်နေ ့ဆန္ဒပြမည်

သံတွဲမြို့တွင် မတ်လ ၂၃ ရက်နေ ့ဆန္ဒပြမည်
by -
နိရဥ္စရာ

သန်းခေါင်စာရင်း ကောက်ယူရာတွင် ဘဂ်ါလီအစား ရိုဟင်ဂျာဟု ထည့်သွင်း ဖေါ်ပြမူကို မတ်လ ၂၃ ရက်နေ ့တွင် သံတွဲမြို့၌ ကန့်ကွက် ဆန္ဒပြသွားမည်ဟု သတင်း ရရှိသည်။

၎င်းဆန္ဒပြပွဲအတွက် သက်ဆိုင်ရာမှ ခွင့်ပြုချက်ပေးလိုက်ပြီ ဖြစ်ကြောင်း သံတွဲလူမူကွန်ယက်မှ ကိုစိန်ချစ်က ပြောသည်။

ဆန္ဒပြပွဲအား မွန်းလွဲ  ၁ နာရီမှ စတင်ကာ ပြုလုပ်သွားမည် ဖြစ်ပြီး လူအင်အား ၂၀၀ ခန့် ခွင့်ပြုချက်တင် ထားသော်လည်း လူပေါင်း (၁၀၀၀ ) ကျော်ခန့် ပူးပေါင်းပါ၀င်လာနိုင်သည်ဟု ခန့်မှန်းထားကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

ဆန္ဒပြပွဲအား နေ့လယ် (၁) နာရီ အချိန်တွင် လေးမျက်နာကုန်း ဓမ္မာရုံမှ စတင်ပြီး တာဝတိသာလမ်း၊ မဟာဗန္ဓုလမ်း၊ ဘုရင့်နောင်လမ်း၊ မာဃလမ်းတို့ကို စီတန်းလှည့်ပြီး မွန်းလွဲ (၃) နာရီတွင် ပြီးဆုံးမည် ဖြစ်ကြောင်း ကိုစိန်ချစ်က ဆက်လက် ပြောဆိုသည်။

ဆန္ဒပြခွင့်ကို သံတွဲမြို ့နယ်ရဲစခန်းက ယခုအခါ ခွင့်ပြုလိုက်ပြီ ဖြစ်သည်ဟု ဆိုသည်။

၂၀၁၄ ခုနှစ် မတ်လ ၂၉ ရက်နေ့ ညဉ့်သန်းကောင်မှ စတင်ပြီး ကောက်ယူမည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမူတွင် မြန်မာတိုင်းရင်းသား (၁၃၅) မျိုးတွင် မပါ၀င်သည့် တခြားလူမျိုးများအတွက် သတ်မှတ်ထား သော ကုတ်နံပတ် (၉၁၄) တွင် ဘင်္ဂလီ လူမျိုးအစား လူမျိုးလိမ် ရိုဟင်ဂျာနာမည်ကို ထည့်သွင်းရန် ခွင့်ပြုမည့် အစီအစဉ်ကို ကန့်ကွက်ရန် အတွက် ယခုလို ဆန္ဒပြရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ကိုစိန်ချစ်က ဆိုသည်။

Most read this week