အလုပ်သမားရုံးများ တိုးချဲ့ ဖွဲ့စည်းမည်

အလုပ်သမားရုံးများ တိုးချဲ့ ဖွဲ့စည်းမည်
by -
မဇ္ဈိမ

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသည် ဖြစ်ပေါ်တိုးတက်နေသော အလုပ်သမားရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရန် ဦးစီးဌာန၏ ဖွဲ့စည်းပုံကို တိုးချဲ့သွားမည်ဟု အဆိုပါ၀န်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထင်အောင်က ယနေ့ ပြည်သူ့လွှတ်တော်တွင် ပြောသည်။

မတ်လ ၁၂ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် စစ်ကိုင်းတိုင်း၊ လေရှီးမြို့နယ်၊ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးရှိသီးက ခန်္တီးမြို့တွင် အလုပ်သမားမှတ်ပုံတင်ရုံးဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းရာတွင် ဒုတိယဝန်ကြီးက ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

သို့သော် မည်သည့်ဘတ်ဂျက်နှစ်တွင်စတင်တိုးချဲ့မည်၊ မည်သည့်အတိုင်းအတာဖြင့် တိုးချဲ့မည်ကိုမူ ဒုတိယဝန်ကြီးက အသေးစိတ်ပြောကြားခဲ့ခြင်း မရှိပေ။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရှိသီးက ချင်းတွင်းအထက်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် အလုပ်သမားမှတ်ပုံတင်ရုံး မရှိသည့်အတွက် မုံရွာနှင့် ကလေး မြို့ မြို့နယ်များသို့ ငွေကုန်၊ လူပင်ပန်း၊ အချိန်ကုန်ခံကာ သွားရောက်လုပ်ကိုင်နေရသည့်အတွက် မေး မြန်းရခြင်းဖြစ်သည်ဟု ဆိုသည်။

ဒုတိယဝန်ကြီးက အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသည် ဖြစ်ပေါ်တိုးတက်လာသည့် အလုပ်သမား ရေးရာကိစ္စများကို ဦးစီးဌာန၏ ဖွဲ့စည်းပုံတိုးချဲ့ရေးကို စီမံကိန်းနှင့် ဖွဲ့စည်းပုံစိစစ်ရေးနှင့် ဘဏ္ဍာရေးဝန် ကြီးဌာနတို့ သဘောတူထောက်ခံချက်ရထားပြီး ဖြစ်သည့်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့သို့ ဆက် လက်တင်ပြဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

“အလုပ်သမားညွှန်ကြားရေးဦးစီးဌာနရဲ့ ဖွဲ့စည်းပုံပြင်ဆင်တိုုးချဲ့ရာမှာ ရုံးဖွင့်လှစ်ဖို့ ကျန်ရှိနေတဲ့ ခရိုင် ၁၉ ခရိုင်မှာ ရုံးသစ်များဖွင့်လှစ်ဖို့ တင်ပြထားပါတယ်”ဟု ၎င်းက ပြောသည်။

ရုံးသစ်များဖွင့်လှစ်ရာတွင် စစ်ကိုင်းတိုင်းအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့နယ်များနှင့် ခန်္တီး ခရိုင်အတွင်းရှိ မြို့နယ်များအတွက် ခန်္တီးမြို့များတွင် အလုုပ်သမားညွွှန်ကြားရေးဦးစီးဌာန ခရိုင်ရုံးများ ဖွင့် လှစ်ရန် ထည့်သွင်းထားပြီး ပြည်ထောင်စုအစိုးရ၏ သဘောတူခွင့်ပြုချက်ရသည်နှင့် ဆောင်ရွက်သွား မည်ဟု ဒု-၀န်ကြီးက ဆက်ပြောသည်။

“ ဒီစကားလုံးကို သုံးနုန်းရတာက အများသုံးနေတဲ့ အတွက် သုံးနှုန်းရတာ ဖြစ်တယ်။ နောက်ဆို ဒီအသုံးအနှုန်းကို ရှောင်ပါမယ်လို့ ကတိပေးသွားပါတယ် “ ဟု သူက ဆက်ပြောဆိုသည်။

အမေရိကန် နိုင်ငံရေး သံအရာရှိနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး အပါ၀င် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင် ဦးကျောက်တောင်တို့နှင့် တွေ့ဆုံ ဆွေးနွေးပွဲမှာ တံခါးပိတ် ဆွေးနွေးပွဲ ဖြစ်သဖြင့် မည်သည့်ကိစ္စကို ဆွေးနွေးခဲ့ကြသည်ကို မသိရှိရကြောင်း ဦးဇေယျာကျော်မှ ပြောကြားသွားသည်။

အမေရိကန် နိုင်ငံရေး သံအရာရှိ Mr.Clint Fenning ကလည်း အဖွဲ့အစည်းတွေမှာ ရန်ပုံငွေများ ရှာဖွေပုံ နှင့် ငွေကြေးအသုံးပြုပုံများကိုလည်း မေးမြန်းသွားခဲ့သည်ဟုသိရှိရသည်။