UNA နှင့် UNFC တို့ အခြေခံဥပဒေမူကြမ်း ပူးပေါင်းရေးဆွဲနေ

UNA နှင့် UNFC တို့ အခြေခံဥပဒေမူကြမ်း ပူးပေါင်းရေးဆွဲနေ
by -
သျှမ်းသံတော်ဆင့်

ညီညွှတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့ UNA နှင့် ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တို့ အစိုးရ အဖွဲ့နှင့် နိုင်ငံရေးဆွေးနွေးရန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူကြမ်းကို ပူးပေါင်း ရေးဆွဲလျက် ရှိကြောင်း သိရှိ ရသည်။

“အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးတဲ့အခါ ကိုယ့်လက်ထဲမှာ အသင့်ရှိနေဖို့အတွက်ပါ။ ကြိုတင်ပြင်ဆင်မှု ပေါ့။ မပြီးသေးဘူး။ ဆက်ရေးနေတုန်းဘဲ” ဟု SNLD အထွေထွေ အတွင်းရေးမှူး စိုင်းညွှန့်လွင်က ပြောသည်။

SNLD)

UNA နှင့် UNFC တို့ အစိုးရနှင့် နိုင်ငံရေး ပူးပေါင်းဆွေးနွေးရန် သဘောတူထားသော်လည်း ပြည်သူလူထုအား အသိပေး၊ လူထုဆန္ဒ ကောက်ခံရယူပြီးမှသာ ဆွေးနွေးမည်ဟု  စိုင်းညွှန့်လွင်က ပြောသည်။

UNA အဖွဲ့မှ ခွန်ထွန်းဦး၊ နိုင်ငွေသိန်း၊ ဦးအေးသာအောင်၊ စိုင်းညွှန့်လွင်၊ စိုင်းဖိုးအောင်တို့ ဦးဆောင် သောအဖွဲ့နှင့် ခွန်ဥက္ကာ၊ နိုင်ဟံသာ၊ ဆွေမျိုးသန့်၊ ဦးထွန်းဇော်၊ အားခေါန်တို့ ဦးဆောင်သည့် UNFC  မှအဖွဲ့တို့ ယမန် နေ့(မတ်ချ်လ ၁၂ ရက်က) ရန်ကုန်မြို့ ပြည်လမ်း ကိုးမိုင်ရှိ ခွန်ထွန်းဦး၏ နေအိမ်၌ တွေ့ဆုံခဲ့ကြသည်။

 ထိုသို့တွေ့ဆုံကြစဉ် UNFC ဖက်မှ လိုင်ဇာဆွေးနွေးပွဲအကြောင်း၊ လော်ခီးလာဆွေးနွေးပွဲအကြောင်း၊ ချင်းမိုင်နှင့် ရန်ကုန် MPC ဆွေးနွေးခဲ့မှုများကို ပြန်လည်ရှင်းလင်းပြောပြသည်ဟု ဆိုပါသည်။

Most read this week