အမေရိကန်သံရုံး နိုင်ငံရေးအရာရှိနှင့်အဖွဲ့တောင်ကုတ်ကို သွားမည်

အမေရိကန်သံရုံး နိုင်ငံရေးအရာရှိနှင့်အဖွဲ့တောင်ကုတ်ကို သွားမည်
by -
နိရဥ္စရာ

ရန်ကုန်မြို့ အမေရိကန်သံရုံးမှ နိုင်ငံရေး သံအရာရှိ Mr Clint Fenning ဦးဆောင်သာ အဖွဲ ့တစ်ခုသည် ရခိုင်ပြည်နယ် တောင်ကုတ်မြို့သို့ ယနေ့ သွားရောက်မည်ဟု သိရသည်။

၎င်းသံတမန်အဖွဲ့သည် ယခု အခါ ဂွမြို့နယ်သို့ ရောက်ရှိနေပြီး ဂွမှတဆင့် တောင်ကုတ်သို့ သွားရောက်မည်ဟု သိရသည်။

မတ်လ ၁၀ရက်နေ ့နံနက် ၈နာရီခန့်တွင် ၎င်းအဖွဲ့သည် ဂွမြို့နယ် ကျောက်ကြီးကျေးရွာနှင့် ကျိန္တလီမြို့နယ်ခွဲ သို့ ရောက်ရှိလာပြီး ငါးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့သည်ဟု သိရသည်။

မတ်လ ၁၁ ရက်နေ့ နံနက်တွင်် တောင်ကုတ်မြို့သို့ ရောက်ရှိမည် ဖြစ်ပြီး နံနက် (၈) နာရီတွင် တောင်ကုတ်မြို့ နယ် အုပ်ချုပ်ရေးမှူး ဦးတင့်လွင်နှင့် တွေ ့ဆုံမည်ဟု သိရသည်။

နေ့လယ် ၁ နာရီတွင် တောင်ကုတ်ရှိ ရခိုင်လူမူကွန်ရက် အစီအစဉ်ဖြင့် နိုင်ငံရေး ပါတီမှ ခေါင်းဆောင်များ၊ လူမူအဖွဲ့အစည်းများနှင့် တွေ့ဆုံ သွားမည်ဖြစ်သည်။

ထိုကဲ့သို ့အမေရိကန် သံရုံးအရာရှိများ ရခိုင်ပြည်နယ်ရှိ ဂွနှင့် တောင်ကုတ်မြို့နယ်များသို့ ကွင်းဆင်းလေ့လာ ဆွေးနွေးရခြင်း အကြောင်းအရင်းမှာ ဒေသအတွင်းရှိ နိုင်ငံရေး၊ လူမူရေး၊ စီးပွားရေး တွေ့ရှိချက်များအပေါ် မူတည်ပြီး လိုအပ်ချက်ကို တတ်နိုင်သလောက် ကူညီဆောင်ရွက်သွားရန်အတွက် ဖြစ်ကြောင်း ယခင် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် တောင်ကုတ်မြို့နယ် အတွင်းရေးမှူး ဦးသောင်းဌေးမှ ပြောသည်။

Most read this week