မွန်ပြည်နယ်သန်းခေါင်စာရင်းအကြိုလှုပ်ဆော်ရေး ရုပ်ရှင်သရုပ်ဆောင်များတင်ဆက်

မွန်ပြည်နယ်သန်းခေါင်စာရင်းအကြိုလှုပ်ဆော်ရေး ရုပ်ရှင်သရုပ်ဆောင်များတင်ဆက်
by -
သက်သန္တာလှိုင်

သက်သန္တာလှိုင်-မွန်ပြည်နယ် သန်းခေါင်စာရင်းအကြိုလှုပ်ဆော်ရေးကို ရုပ်ရှင်သရုပ်ဆောင်များက မတ်လ ရ ရက်နေ့မှစပြီး ၃ ရက်ကြာခရီးစဉ်ဖြင့်မွန်ပြည်နယ်ရှိ မြို့များတွင် ပြုလုပ်ခဲ့သည်ဟု မွန်ပြည်နယ် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန(လ.၀.က) ဒုညွန်မှူးက ပြောသည်။

သန်းခေါင်စာရင်းကောက်ယူမည့်ကိစ္စများကို ပြည်သူများအတွက် အသေးစိတ်သိရှိလာစေရန် တင်ဆက်ခြင်း ဖြစ်ပြီး နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် အရိုင်း၊ တေးသံရှင် အဆိုတော် အိမ့်ချစ်၊ ဟာသာလူ ရွင်တော် ပန်းသီး၊ ဇီးသီး၊ စိန်သီး၊ အခြားအနုပညာရှင်များနှင့် အတူ ပြည်သူများ ၎င်းသန်းခေါင်စာရင်းတွင် ပူပေါင်းပါ၀င်လာ အောင် ရည်ရွယ်ပြီး ပြုလုပ်ရခြင်းဖြစ်သည်။

မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဒုပြည်နယ်မှူး ၀င်းရဲထွဋ္ဋ်က ’’ရုပ်ရှင်သရုပ် ဆောင်တွေက ဒီလိုသန်းခေါင်စာရင်းနှင့်ပတ်သက်ပြီး ပြည်သူတွေကို အကြိုလှုပ်ဆော်ရေးပြုလုပ်ပေးတာပါ ကျွန်တော်တို့ရဲ့ ဗဟိုသန်းခေါင်စာရင်းကော်မတီ ပြည်ထောင်စုဝန်ကြီးဦးခင်ရီနဲ့တွေ့တယ် ၀န်ကြီးကသေချာ ရှင်းပြတော့ မီဒီယာအပိုင်းရော ဒီအနုပညာရှင် အပိုင်းပါ အင်တိုက်အားတိုက်လုပ်တဲ့သဘောပါ’’ ဟု ပြောသည်။

အကြိုလှုပ်ဆော်ရေးပွဲ လာရောက်ကြည့်ရှုသူ ဦးဇာနည်ကျော်ဝင်းက ’’ဒီလိုပွဲမျိုးလုပ်ပေးတာ အရမ်းကောင်း ပါတယ် ကျွန်််််တော်တို့နယ်မြို့တွေမှာက သန်းခေါင်စာရင်းကောက်မယ်လို့သာသိတယ် ဘာလိုပုံစံနဲ့ဘယ်လို ကောက်မယ်ဆိုတာ မသိတာကများတယ် ကျွန်တော်ဆိုရင် ဒီပွဲကို လာကြည့်ရတဲ့အတွက် အရင်ကထက် ပိုသိသွားတာပေါ့’’ ဟု ပြောသည်။

သန်းခေါင်စာရင်းကို ကောက်ယူရန် ရက် ၂၀ ကျော်ရန်ရှိသော်လည်း ပြည်သူများသိရှိနားလည်ရန်အတွက် ကျန်ရှိနေသည့် အချိန်အတွင်း သန်းခေါင်စာရင်းနှင့်ဆိုင်သည့် အချက်အလက်များကိုပညာပေးသွားမည်ဖြစ် သည်။

မွန်ပြည်နယ်တွင် သန်းခေါင်စာရင်းကောက်ယူရန် ကိစ္စများကို ပြည်သူအများစု သိရှိလာပြီးလက်ကမ်းစာစောင် များကိုလည်း မွန်ပြည်နယ်ရှိ တိုင်းရင်းသားဘာသာစကားများ နှင့်ပါ ထုတ်ဝေဖြန့်ဝေထားပါသည်ဟု မွန်ပြည်နယ် (လ.၀.က) ဒုပြည်နယ်မှူးက ဆိုထားပါသည်။

နိုင်ငံကျော်ဟာသ လူရွင်တော် ပန်းသီးက ’’ဒီသန်းခေါင်စာရင်းကတော့ ကျွန်တော်တို့ရဲ့ အမျိုးသားရေးကိစ္စပေါ့ ဒါကြောင့် ကျွန်တော်တို့အနုပညာသမားတွေက တစ်ဖက်တစ်လှမ်းကနေ ပါ၀င်တာပါ ပါ၀င်တယ်ဆိုတာဒီလို သန်း ခေါင်စာရင်းကောက်တာဟာ တိုင်းပြည်ရဲ့လူထုအကျိုးအတွက်ပေါ့ ဒါကြောင့် ကျွန်တော်တို့မြန်မာအစိုး ရနဲ့ပူးပေါင်းတာပါ’’ ဟုပြောသည်။

သန်းခေါင်စာရင်းနှင့်ပတ်သက်သော တီဗွီ၏ကြော်ငြာကဏ္ဍာများတွင်လည်းကောင်း၊ ယခုအချိန်တွင် ၎င်းတို့၏ အနုပညာသမားများကပါ ပါ၀င်လာသောကြောင်း ၂၀၁၄ သန်းခေါင်စာရင်းကို ပြည်သူအများစုသည် စိတ်ဝင်စားလာပြီး အချက်အလက်တွေလည်း သိရှိလာခြင်းဖြစ်သည်။ မြန်မာနိုင်ငံရှိ် ပြည်သူအများဆုံးသည်
ကြောက်စိတ်အများဆုံးရှိသောကြောင့် ၎င်းသန်းခေါင်စာရင်းနှင့် ပတ်သက်ပြီး မည်ကဲ့သို့ ဖြစ်မည်ကို ကြောက်စိတ်များရှိသောကြောင့် ယခုလို ပြုလုပ်ခြင်းဖြင့် ပြည်သူများသည် မှန်မှန်ကန်ကန် ဖြေဆိုလာမည်ဟု
လူရွင်တော်ပန်းသီးက ပြောသည်။

မွန်ပြည်နယ်ရှိ ကျိုက်ထိုမြို့ ၊ ဘီးလင်းမြို့၊ သထုံမြို့၊ ရေးမြို့တွင် သန်းခေါင်စာရင်းနှင့် ပတ်သက်သည့် အကြိုလှုပ်ဆော်ရေးကို ရုပ်ရှုင်သရုပ်ဆောင်များ ဦးဆောင်ပြီး အဖွဲ့ဝင် ၃၀ ကျော်လာရောက်ဖျော်ဖြေကြသည်။

၎င်းအဖွဲ့များသည် သန်းခေါင်စာရင်းနှင့်သက်ဆိုင်သည့် ပညာပေးမှုများကို မြန်မာတစ်နိုင်ငံလုံးရှိ မြို့ပေါင်း ၂၆ မြို့တွင် တင်ဆက်ခဲ့ပြီးဖြစ်သည်။

ယခုမွန်ပြည်နယ် အစီအစဉ်ပြီးဆုံးပါက တနင်္သာရီတိုင်းတွင်ရှိ ပြည်သူများကိုလည်း သွားရောက် ပညာတင် ဆက်ပေးမည်ကြောင်း သိရသည်။