ဘင်္ဂလာဒေချ့်မှ ရွှေ့ပြောင်းဒုက္ခသည်များသို့ အလှူငွေများလှူဒါန်း

ဘင်္ဂလာဒေချ့်မှ ရွှေ့ပြောင်းဒုက္ခသည်များသို့ အလှူငွေများလှူဒါန်း
by -
နိရဥ္စရာ

ဘင်္ဂလားဒေ့ချ်နိုင်ငံမှ ရခိုင်ပြည်နယ်မောင်တောမြို့သို့ ခိုလှံုရန်ရောက်ရှိနေကြသော ရွှေ့ပြောင်း ဒုက္ခသည်များ အတွက် တောင်ကုတ်မြို့မှ ဦးဘသိန်းမှ အလှုငွေ ကျပ် ၁၅ သိန်းကို လှူဒါန်းခဲ့သည်ဟု သိရှိရသည်။

arakan refu

အဆိုပါ အလှူငွေ ၁၅ သိန်းကျပ်ကို ၂၀၁၄ ခု မတ်လ ၆ ရက်နေ့က မောင်တောမြို့မှ ဦးခင်မောင်အေးအား ဆက်သွယ်လှူဒါန်းခဲ့သည်။ ထိုမှတစ်ဆင့် အလှူငွေများကို လက်ခံရယူပြီး အလှူပစ္စည်းများကိုဝယ်ယူပြီး သွားရောက်လှူဒါန်းခဲ့ကြောင်း ဦးခင်မောင်အေးက နိရဥ္စရာသို့ ပြောသည်။

အလှူပစ္စည်းများကို မောင်တောမြို့ လေးမိုင်ရှိအမှတ် ၂ ရဲတပ်ရင်းတွင်ခိုလှံုနေကြသော မိသားစု ၁၇ စု ၊ ကန်သာယာအလယ်ရွာဘုန်းတော်ကြီးကျောင်းတွင်ခိုလှံုနေကြသော မိသားစု ၂၅ စု ၊ ကင်းချောင်း ကျေးရွာဘုန်းတော်ကြီးကျောင်းတွင်ခိုလှံုနေကြသော မိသားစု ၁၃ စု ကိုယ်ရင်လေးတစ်ပါး ၊ ကညင်ချောင်း ရဲကင်းတွင် ခိုလှံုနေကြသောမိသားစု ၁၇ စုတို့အား ၂၀၁၄ ခု မတ်လ ၈ ရက်နေ့မှ ၉ ရက်နေ့ထိ အမျိုးသမီးလူမှုကူညီရေးအသင်း ( မြတ်လေးအဖွဲ့ ) မှ ဥက္ကဌ ဒေါ်ခင်ဦးတို့ ဦးဆောင်သော အဖွဲ့နှင့်အတူ ဦးခင်မောင်အေးကိုယ်တိုင်ကြီးကြပ်ပြီး သွားရောက်လှူဒါန်းခဲ့ကြသည်ဟု ဆိုသည်။

အလှူပစ္စည်းများကို တစ်မိသားစုလျှင် ဆန်အိတ်တစ်ဝက် ၊ ဆီ ၁ လီတာ နှင့် ငွေသား ၅၀၀၀ ကျပ်စီ လှူဒါန်းခဲ့ကြသည်။

ထို့အပြင်နောက်ထပ်ကျန်ရှိနေသော ဒုက္ခသည်များအလှူဒါန်းနိုင်ရန်အတွက်လည်း စာရင်းများပြုစု ကောက်ယူကာ အလှူငွေများကိုလည်း ဆက်လက်ကောက်ခံရှာဖွေနေကြောင်း ဦးခင်မောင်အေးက ဆက််လက် ပြောသည်။

ဆက်လက်ပြီး ၄င်းရွှေ့ပြောင်းဒုက္ခသည်များအတွက် အလှူငွေများနှင့် အလှူပစ္စည်းများ လှုဒါန်း လိုပါက အလှူရှင်များအနေဖြင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သတင်း ရရှိသည်။

Most read this week