သူတစ်ပါးလွတ်မြောက်အောင် ကူညီချင်သူသည် ကိုယ်ကိုယ်တိုင်က လွတ်မြောက်နေရမည်

သူတစ်ပါးလွတ်မြောက်အောင် ကူညီချင်သူသည် ကိုယ်ကိုယ်တိုင်က လွတ်မြောက်နေရမည်
by -
မဇ္ဈိမ

ကမ္ဘာ့သမိုင်းကိုကြည့်လျှင် လူတချို့သည် သူနှင့်တိုက်ရိုက်သက်ဆိုင်သော လူအများကို အချုပ်အနှောင် များမှ လွတ်မြောက်အောင် ကူညီသွားခဲ့ကြသည်။ နောင်အခါ ထိုသို့သောပုဂ်္ဂိုလ်များကို သက်ဆိုင်ရာလူ အများ၏ စံထားရာပုဂိ်္ဂုလ်အဖြစ် အသိအမှတ်ပြုကြသည်။

ဒီနေရာတွင် တချို့သောလူများသည်မူ သူနှင့် တိုက်ရိုက်သက်ဆိုင်သူများအတွက်သာမက သူနှင့်တိုက်ရိုက် မသက်ဆိုင်သော တစ်ကမ္ဘာလုံးမှာရှိသည့် လူသားအားလုံး အချုပ်အနှောင်များမှ လွတ်မြောက်စေရေး အားစိုက် ကြိုးပမ်းခဲ့ကြသည်။ ထိုသူတို့ကိုမူ ကမ္ဘာ့စံထားပုဂ်္ဂိုလ်များအဖြစ် နယ်စည်းမထား စံထားရသည့်ပုဂ်္ဂိုလ်များအဖြစ် တစ်ကမ္ဘာလုံးက လေးစား ကြရသည်။

သည်နေရာတွင် မိမိတို့ဆိုလိုသည့် “အချုပ်အနှောင်”ဆိုသည်မှာ လူသားတို့၏ အတွေးအခေါ်အရ၊ ရုပ် ဝတ္ထုအရ ချုပ်နှောင်ခံနေရသည့် အထွေထွေအချုပ်အနှောင်ကို ဆိုလိုခြင်းဖြစ်သည်။ လူသားတို့အဖို့ အတွေးအခေါ်အရ လည်းကောင်း၊ ရုပ်ဝတ္ထုအရလည်းကောင်း အချုပ်အနှောင်ခံနေရစဉ် လူသားများ ယင်း အချုပ်အနှောင်များမှ ချိုးဖျက်ဖောက်ထွက် လွတ်မြောက်စေရေးအတွက် လွတ်မြောက်ရေးဆိုင်ရာ ဒဿ နများ၊လွတ်မြောက်ရေး ဆိုင်ရာ မဟာဗျူဟာများ ရှာဖွေလက်ကမ်းပေးသူသည် လူသားတို့အတွက် စံပြ ပုဂ်္ဂိုလ်ဖြစ်လာသည်။

သည်နေရာတွင် လူသားတို့အတွက် စံပြုအပ်သည့်ပုဂ်္ဂိုလ်များဆိုသည်မှာ မည်ကဲ့သို့သော လူပုဂိ်္ဂုလ်ဖြစ် သနည်း။ မည်သည့်အတွက်ကြောင့် ထိုပုဂိ်္ဂုလ်များသည် လူသားတို့အား အချုပ်အနှောင်မှ လွတ်မြောက် အောင်ဆောင် ရွက်ပေးနိုင်ခဲ့ကြသနည်း။ မိမိတို့အဖို့ လေ့လာသုံးသပ်ကြည့်ဖို့တော့ လိုအပ်လာခဲ့ပါသည်။

ဥပမာ “နေဗဟိုပြုအယူအဆ”ကို စတင်တွေ့ရှိပြီး ထိုအယူအဆကို ထုတ်ဖော်ပြောဆိုခြင်းဖြင့် လူသား အားလုံး မှားယွင်းသော “ကမ္ဘာဗဟိုပြုအယူအဆ”ဟောင်းမှ လွတ်မြောက်အောင် ဆောင်ရွက်ခဲ့သူ “ကိုပါ နီးကပ်စ်”သည် ဦးစွာပထမ သူ့ကိုယ်သူ အတွေးအခေါ်အယူအဆအဟောင်းမှ လွတ်မြောက်နေသူဖြစ် သည်ကို တွေ့ရမည် ဖြစ်သည်။ သူသည်ကား လွတ်လပ်စွာတွေးခေါ်သူ၊ အဟောင်းဘောင်ကို ပြတ်သား စွာဖြတ်ကျော်ပြီးသူဖြစ် သည်ကို တွေ့ရမည်ဖြစ်သည်။

သည်နေရာတွင် မိမိတို့သတ်ိပြုမိသည့် အရေးအကြီးဆုံးအချက်မှာ ကိုပါနီးကပ်စ်သည် အတွေးအခေါ် အယူအဆဟောင်းအတွင်းမှ လူသားများ လွတ်မြောက်အောင် ဆောင်ရွက်ချင်သူဖြစ်သည့်တိုင် အကယ် ၍ သူ့တွင် ယင်းအယူအဆဟောင်းဘောင်ကို မကျော်ဘဲ၊ သူကိုယ်တိုင်က လွတ်မြောက်ခြင်းမရှိဘဲ လူ သားတို့အား လွတ်မြောက်အောင် ဆောင်ရွက်နိုင််ခြင်း ရှိနိုင်မည်မဟုတ်ပေ။ တစ်နည်းအားဖြင့်ဆိုလျှင် ထိုအချိန်ကလူတွေ အားလုံး လက်ခံထားရှိသည့် ကမ္ဘာဗဟိုပြုအယူအဆ ချေးညှော်ဟောင်းကို ကိုပါနီး ကပ်စ်သည် အပြီးအပိုင် တိုက်ချွတ်ဆေးကြောပြီးသူ ဖြစ်သည်”ဆိုသည့် အချက်ပင်ဖြစ်သည်။

ယခုအခါ မိမိတို့တစ်မျိုးသားလုံး စစ်အာဏာရှင်စနစ်ဟောင်းအတွင်းမှ ဒီမိုကရေစီစနစ်သစ်ဆီသို့ ကူး ပြောင်းရောက်ရှိနိုင်အောင် ကြိုးပမ်းနေကြရသည့်အချိန်ဖြစ်ပါသည်။ တစ်နည်းအားဖြင့်ဆိုလျှင် တိုင်းပြည် ချစ်စိတ်ရှိသူတိုင်း မိမိတို့တိုင်းပြည်မိမိတို့လူမျိုး စစ်အာဏာရှင်စနစ် အတွေးအခေါ်ဟောင်း၊ ဘဝဟောင်း မှ လွတ်မြောက်အောင် ဝိုင်းဝန်းကြိုးပမ်းနေကြရသည့် အချိန်ဖြစ်သည်။

ထိုအခါ မိမိတို့ကိုယ်ကိုမိမိ ဆန်းစစ်ဖို့လိုအပ်သည်မှာ မိမိပြည်သူများ လွတ်မြောက်ဖို့ဆိုလျင် မိမိတို့ကိုယ် တိုင်က စစ်အာဏာရှင်စနစ်ဟောင်း အတွေးအခေါ်အရ လွတ်မြောက်နိုင်ကြသူများ ဖြစ်ပါ၏လောဆို သည့်ဆန်းစစ် ချက်ပင်ဖြစ်သည်။

ယခုအခါ မိမိိတို့တိုင်းပြည် တာဝန်ရှိသူ လူပုဂ်္ဂိုလ်တချို့သည် တိုင်းပြည်၏ကံကြမ္မာကို တစ်စုံတစ်ရာဖန် တီးခွင့်ရနေကြသည့်တိုင် စစ်အာဏာရှင်စနစ် အတွေးအခေါ် အကျင့်စရိုက်ဟောင်းများမှ ရုန်းမထွက်နိုင် ဘဲ လူထုဆန့်ကျင်ရေးစကားများ၊ လူထုစိတ်မချမ်းမြေ့စေနိုင်သည့် စကားများနှင့် တာဝန်ရှိပါလျက် တာဝန်မဲ့စကား များ ပြောကြားနေကြသည်ကို တွေ့နေရ ကြားနေရပါသည်။

ထို့ကြောင့် မိမိတို့ တောင်းဆိုအကြံပြုလိုသည်မှာ တိုင်းပြည်ကောင်းအောင် ဆောင်ရွက်နေပါသည်ဟုဆို သူများ၊ ဒီမိုကရေစီစနစ်ကို ဦးစီးဖော်ဆောင်နေပါသည်ဟု ဆိုသူများ၊ ပြည်သူတစ်ရပ်လုံး စနစ်ဟောင်းမှလွတ်မြောက် အောင် ဆောင်ရွက်နေပါသည်ဆိုသူများသည် ဦးစွာပထမ မိမိကိုယ်ကိုမိမိ အာဏာရှင်အ တွေးအခေါ် ဥခွံဟောင်းအတွင်းမှ လွတ်မြောက်အောင် တွေးခေါ်ပြောဆို ကျင့်ကြံနေထိုင်နိုင်မှသာ သဘာဝကျမည်ဖြစ် ကြောင်း တင်ပြလိုက်ရပါသည်။