ရခိုင်အမျိုးသားညီလာခံ အကြိုညှိနိုင်းဆွေးနွေးပွဲ ကျောက်ဖြူမြို့တွင် ပြုလုပ်

ရခိုင်အမျိုးသားညီလာခံ အကြိုညှိနိုင်းဆွေးနွေးပွဲ ကျောက်ဖြူမြို့တွင် ပြုလုပ်
by -
နိရဥ္စရာ

ရခိုင်အမျိုးသားညီလာခံ အကြိုညှိနိုင်းဆွေးနွေးပွဲကို ကျောက်ဖြူမြို့၊ မြို့တော်ခန်းမ (ရမ္မာဝတီခန်းမ) ၌ မတ်လ ၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ဒေသခံ ပြည်သူ ၃၀၀ ကျော်တက်ရောက်ခဲ့သည်ဟု ဒေသခံနိရဥ္စရာ သတင်းထောက်က ပြောသည်။

အဖွင့်မိန်းခွန်းကို ကျောက်ဖြူမြို့မှ ဆရာဦးညီလိူင် ပြောကြားရာတွင် ကျောက်ဖြူမြို့ သမိုင်းနှင့် ရခိုင်ပြည်နယ် သမိုင်းကြောင်းများကို ရှင်းလင်း ပြောကြားကြောင်း၊ ရခိုင် အမျိုးသားညီလာခံကို ကျင်းပရန် လိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

RNDP အထွေထွေ အတွင်းရေးမှူးဦးလှစောက  ရခိုင်အမျိုးသားညီလာခံ ကျင်းပရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ညီလာခံ ကျင်းပရန် အဆင့်ဆင့် စီစဉ်ဆောင်ရွက်လာပုံနှင့် ဘဏ္ဍာရေး အခြေအနေများကို ALP အထွေထွေ အတွင်းရေးမှူး ခိုင်သုခမှ ရှင်းလင်း ပြောကြားသည်ဟု ဆိုသည်။

ယင်းနောက်ပိုင်းတွင် ကျောက်ဖြူလူမူကွန်ယက် ဥက္ကဌ ဦးလှမြင့်ကျော်မှ ညီလာခံကျင်းပရေး ကော်မီတီ ဖွဲ့စည်းရန် အဆိုတင်သွင်းရာ တက်ရောက်လာသူများမှ တစ်ယောက်ပြီး တစ်ယောက် အဆိုပြု ဆွေးနွေးခဲ့သည်ဟု သိရသည်။

အခမ်းအနားတွင် ကျောက်ဖြူလူထုမှ အမျိုးသားညီလာခံကို ကြိုဆိုခဲ့ကြပြီး ၀ိုင်းဝန်းကူညီရန် ကတိစကား ပြောဆိုခဲ့ကြသည်ဟု နိရဥ္စရာသတင်းထောက်က ပြောသည်။

ညီလာခံ ကျင်းပရေး အတွက် ကျောက်ဖြူမြို့တွင် အဖွဲ့ဝင် (၃၀) ပါ ကော်မီတီ တစ်ရပ်ကိုလည်း လာမည့် (၁၀) ရက်အတွင်း ဖွဲ့စည်းရန်လည်း သဘောတူ ဆုံးဖြတ်ခဲ့ကြသည်ဟု ဆိုသည်။

Most read this week