နန်းချောင်ဖော့(ကေအိုင်စီ)-၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းတွင် ကရင်လူမျိုးများအားလုံး တစ်စုတစ်စည်တည်း ဖြစ်စေရေး အတွက် ကောက်ခံချိန်တွင် မိမိလူမျိုးကို ကရင် (ကုတ်သင်္ကေတနံပါတ် ၃၀၁ ) တွင် ထည့်သွင်း သင့်ကြောင်းကို ကရင်ရေးရာဝန်ကြီးများက တိုက်တွန်းပြောဆိုလို်က်သည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ကရင်ရေးရာဝန်ကြီးစောထွန်းအောင်မြင့်မှ ဦးဆောင်ပြီး ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် အင်းစိန်မြို့နယ်၊ နံသာကုန်းရပ်ကွက် အမှတ် (၇)၊ ဘူတာရုံးလမ်း
အစည်း အဝေးခန်းမ၌ နယ်ပယ်အသီးသီးမှ ကရင်အမျိုးသားများ ပါဝင်သည့် အစည်းအဝေးတရပ်ကျင်းပကာ ယင်း အစည်းအဝေးတွင် ကရင်ဟု တညီတညွတ်တည်း ဖြေဆိုထည့်သွင်းနိုင်ရန် တိုက်တွန်းပြောဆို ဆုံးဖြတ် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ ဆုံးဖြတ််ခဲ့ခြင်းနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောဂျုပလီစံလှက “ ငါတို့ကရင်ဟာ ကရင်ဆိုတာပဲဖြစ်စေချင်တယ်လေ၊ အခုသန်းခေါင်စာရင်းမှာ ကရင်မျိုးနွယ်စုတွေသတ်မှတ် ထားတာက အရင်ပေါ်လစီအရဖြစ်ပေမယ့် ရှုပ်ထွေးမှုတွေဖြစ်တာတော့ အမှန်ပဲလေ အဓိကက ကရင် လူဦးရေ စာရင်း အမှန်ရဖို့ပဲ ဒါကြောာင့် အခုလိုဆုံးဖြတ်တာဖြစ်တယ်” ဟုကေအိုင်စီသို့ပြောဆိုသည်။
ထို ့အပြင် ပြီးခဲ့သည့် ပြည်ထောင်စုနေ့က နေပြည်တော်တွင် တနိုင်ငံလုံးရှိ တိုင်းရင်းသားရေးရာဝန်ကြီးများ တွေ ့ဆုံစဉ် လူမျိုးအလိုက် ပင်မလူမျိုးတွင်သာ တစ်စုတစ်စည်းတည်း စာရင်းသွင်းသင့်သည် ဟုမှတ်ချက် ပြု
ဆွေးနွးခဲ့ကြောင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောထွန်းအောင်မြင့်က ပြောခဲ့သည်။
လက်ရှိတွင် အစိုးရသန်းခေါင်စာရင်း ကောက်ယူမည့် အစီအစဉ်နှင့် ပတ်သက်၍ ဇန်နဝါရီ ဒုတိယအပတ် အတွင်း ဘားအံမြို ့တွင် ကရင်ကိုယ်စားလှယ် သုံးရာ နီးပါးတတ်ရောက်သည့် အစည်းအဝေးအပြီးတွင်
သဘောထားထုတ်ပြန်ချက်တစောင်ထုတ်ပြန်ခဲ့ပြီး လူမျိုးစု သတ်မှတ်ခြင်းကို ရှင်းရှင်းလင်းလင်းဖြစ်စေရန် တောင်းဆိုထားကြောင်းသိရသည်။
ထိုသို ့ကရင်ရေးရာဝန်ကြီးများ တိုက်တွန်းပြောကြားခဲ့ခြင်းနှင့်ပတ်သက်၍ ကရင်အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေး အသင်းမှ ဒါရိုက်တာ နော်စူဆန်နာလှလှစိုးက “ကျမအမြင်ကတော့ ကရင်မျိုးနွယ်စုအလိုက် ညှိနှိုင်းဖို့ အဆင်မပြေ တော့တဲ့အချိန်ကျမှ နောက်ဆုံးအနေနဲ့ မျိုးနွယ်စုလိုက် မခွဲဘဲ ကရင်လို့သာ သန်းခေါင်စာရင်းမှာ ထည့်ဖို့ လုပ်သွားရမှာထင်ပါတယ်” ဟု ကေအိုင်စီသို ့မှတ် ချက်ပြု ပြောဆိုသည်။
သန်းခေါင်စာရင်းကောက်ယူမှုကို ယခင်ကိုလိုနီခေတ် တစ်လျှောက်တွင် (၁၀) နှစ်တစ်ကြိမ် ပုံမှန် ကောက်ယူ ခဲ့ပြီး၊ နောက်ဆုံး သန်းခေါင်စာရင်းကို ၁၉၃၁ ခုနှစ်တွင် ကောက်ယူနိုင်ခဲ့ကြောင်း၊ ၁၉၄၁ ခုနှစ်တွင်မူ စစ်စ တင်ဖြစ်ပွားနေမှုများကြောင့် ပြီးမြောက်အောင် မဆောင်ရွက်နိုင်ခဲ့ကြောင်း၊ လွတ်လပ်ရေး ရပြီးနောက်ပိုင်းတွင် ဆိုရှယ်လစ်အစိုးရလက်ထက်က ၁၉၇၃ ခုနှစ်နှင့် ၁၉၈၃ ခုနှစ်တွင် သန်းခေါင်စာရင်းကောက်ယူနိုင်ခဲ့ပြီး ယခု နှစ်ပေါင်း (၃၀) ကြာမြင့်ပြီးမှ ယခုပြန်လည်ကောက်ယူခြင်း ဖြစ်ကြောင်း သမိုင်းပညာရှင်များ ထံမှသိရသည်။