စစ်တွေတွင် တတိယနေ့ MSF ကို ဆန္ဒပြ

စစ်တွေတွင် တတိယနေ့ MSF ကို ဆန္ဒပြ
by -
နိရဥ္စရာ

နယ်စည်းမထား ဆရာဝန်အဖွဲ့ MSF (ခေါ်) AZG ရခိုင်ပြည်မှ ထွက်သွားရေး အတွက် သုံးရက်မြောက်နေ့ ဆန္ဒပြပွဲကို စစ်တွေမြို့တွင် ယမန်နေ့ က ဆက်လက် ဆင်နွဲနေသည်ဟု သိရသည်။

narinjara25

ယမန်နေ့ နေ့လယ် တစ်နာရီက စတင်ခဲ့သော ဆန္ဒပြ ထိုင်သပိတ် တိုက်ပွဲကို ကျောင်းတက်လမ်းသွယ် တစ်ခုဖြစ်သော ဦးအောင်ထွန်းဦး လမ်း အတွင်းရှိ MSF ရုံးရှေ့တွင် ဆင်နွှဲနေကြသည်ဟု ဆိုသည်။

သူက“ ပထမတော့ လူ၂၀၀ လောက်က ထိိုင်သပိတ်ဆင်နွှဲနေတာပါ။ အခုတော့ နေရာပေါင်းစုံက ချီတက်လာပြီး ပေါင်းလိုက်တော့ အင်အားက ၁၀၀၀ နီးပါးခန့် ဖြစ်သွားပါပြီ” ဟု ဆိုသည်။

တူညီ တီရှပ်များကို ၀တ်ဆင်ထားသော ဆန္ဒပြတိုက်ပွဲ ဆင်နွှဲနေသူများသည် MSF/AZG ထွက်သွား၊  MSF/AZG အလိုမရှိ ကြွေးကြော်ကာ သပိတ်တိုက်ပွဲ ဆင်နွှဲနေသည်ဟု သူက ပြောသည်။

MSF/AZG သည် စစ်တွေမြို့အနှံ့အပြားတွင် ရုံးခွဲများ ဖွင့်လှစ်ထားသဖြင့် ဆန္ဒပြသူများသည် နေရာရွှေ့ပြီး တစ်နေ့ တစ်နာရီနုန်းဖြင့် ၎င်းအဖွဲ့၏ ရုံးရှေ့သို့သွားကာ  ဆန္ဒပြနေကြရသည်ဟု သိရသည်။

Most read this week