အင်တာနက်ဖိုက်ဘာကွန်ရက်အတွက် ပြည်တွင်း၌ ကွန်ရက်ချိတ်ဆက်ထားသော ကုမ္ပဏီများထံမှ ငှားရမ်း သုံးစွဲလိုသည်ဟု ဆက်သွယ်ရေးအော်ပရေတာ လိုင်စင်ရ အူရီးဒူးမြန်မာ၏ အမှုဆောင်အရာရှိချုပ် Ross Cormack က ပြောသည်။
Ross Cormack က “လတ်တလော အခြေအနေမှာ ပြည်တွင်း၌ ဖိုက်ဘာကွန်ရက်ချိတ်ဆက်တည် ထောင်ဖို့ထက် ပြည်တွင်းမှာ ဖိုက်ဘာကွန်ရက်တည်ဆောက်ထားပြီးသားသူတွေဆီကနေ တစ်ဆင့်ငှားရမ်း
အသုံးပြုဖို့ဆန္ဒရှိပါတယ်”ဟု ပြောသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် မိုဘိုင်းတာဝါတိုင်တည်ဆောက်ရေးအတွက် မြေနေရာအခက်အခဲများစွာရှိ နေပြီး ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနပိုင် တာဝါတိုင်များ ငှားရမ်းသုံးစွဲရေး
ကိစ္စရပ်များမှာလည်း မည်သို့ငှားရမ်းရမည်ကို ရှင်းလင်းစွာမသိသေးဟုလည်း ၎င်းကဆိုသည်။
၎င်းက “အစိုးရဝန်ကြီးဌာနဆီက တာဝါတိုင်ငှားရမ်းသုံးစွဲခွင့် ရမှာလား မရဘူးလား၊ သုံးစွဲခွင့် ပေးမှာလား မပေးဘူးလားဆိုတာ ဘာမှရှင်းရှင်းလင်းလင်းမသိရသေးပါဘူး”ဟု ပြောသည်။
၀န်ကြီးဌာနဘက်ကမူ ပြည်ပအော်ပရေတာများကို မိုဘိုင်းတာဝါတိုင်များ ငှားရမ်းသုံးစွဲခွင့်ပေးရေး အတွက် ကူညီသွားရန် အစီအစဉ်ရှိသည်ဟုလည်း ဆက်သွယ်ရေး နှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီး ဌာန၊
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်ကပြောသည်။
၎င်းက “ကျွန်တော်တို့ဝန်ကြီးဌာနက ပြည်ပအော်ပရေတာတွေကို မြေနေရာတို့၊တာဝါတိုင်ငှားရမ်းသုံး စွဲ တာတို့လိုမျိုးမှာ ကူညီဖို့တော့ရှိတယ်။ ဒါပေမဲ့ တချို့မြေနေရာတွေက တခြားဝန်ကြီးဌာနပိုင်မြေနေရာတွေ ဆို သူတို့အနေနဲ့ အဲဒီမြေကို ငှားရမ်းသုံးစွဲခွင့်ပေးဖို့က သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ညှိနှိုင်းရမှာပါ” ဟု ပြောသည်။
အူရီးဒူးက မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဝန်ဆောင်မှုအတွက် တာဝါတိုင်များတည်ဆောက်ရာ တွင်Degicel ကုမ္ပဏီနှင့် ပူးပေါင်းလုပ်ကိုင်သွားမည်ဖြစ်ပြီး အခြားဆက်သွယ်ရေးစက်ပစ္စည်းများနှင့်နည်း ပညာပိုင်းအတွက် Ericsson ကုမ္ပဏီနှင့်ချိတ်ဆက်လုပ်ကိုင်သွားမည်ဖြစ်သည်။
ထို့အပြင် မိုဘိုင်းဆင်းမ်ကတ်ကိုလည်း ကျပ် ၁၅၀၀ ဖြင့်ရောင်းချပေးသွားမည်ဖြစ်ပြီး ဖုန်းပြောဆိုခကို ဆင်းမ် ကတ်များ စတင်ချထားပေးနိုင်သည့်အချိန်မှ တရားဝင်ထုတ်ဖော်ပြောကြားသွားမည်ဟု ဆိုသည်။