မိုင်ဒေါလ်သဲ(Chin World ဂျာနယ်)။ ။လာမည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ခံရာ၌ ကူူကီးမျိုးနွယ်စုတို့သည် အခြား(other) တွင် ထည့်သွင်းသွားမည်ဖြစ်ကြောင်း ကူကီးရေးရာကော်မတီမှ သိရသည်။
အဆိုပါ သန်းခေါင်စာရင်း ကောက်ခံချိန်တွင် ထည့်သွင်းရမည့် မျိုးနွယ်စုပေါင်း - ၁၃၅ တွင် ကူကီးပာူသော မျိုးနွယ်စုအမည် မပါရှိပြီး သက်ဆိုင်ရာ သန်းခေါင်စားရင်း ကောက်ခံမည့် တာဝန်ရှိသူများမှလည်း မိမိလူမျိုး အမည်မှန်ကို မှန်မှန်ဖြေဆိုရန် တိုက်တွန်းထားသဖြင့် အခြားတွင် မိမိမျိုးနွယ်စုဖြစ်သည့် ကူကီးဟုထည့်သွင်း မည်ဖြစ်ကြောင်း ကူကီးရေးရာကော်မတီမှ နာယက ဒေါ်ငိုင်ငိုင်းက ပြောသည်။
“ကူကီးမျိုးနွယ်တွေက ချင်းလူမျိုးထဲမှာ မပါရင်လည်း သိပ်ပြီး ပြဿနာမရှိဘူး။ အကြောင်းရင်းက ကူကီးမျိုး နွယ်အများစုတွေက ချင်းပြည်နယ်မှာ မနေထိုင်ဘူး။ စစ်ကိုင်းတိုင်းမှာပဲ အများစုနေထိုင်ကြတယ်”ပာု ပြောသည်။
၎င်းကော်မတီသည် ကူကီးမျိုးနွယ်အများစု နေထိုင်ရာဒေသများဖြစ်သည့် ပာုမ်းမလင်း၊ ခမ်းတီး၊ လေရှိ၊ တမူးနှင့် ကလေး တို့တွင် သန်းခေါင်စာရင်းနှင့် ပတ်သက်ပြီး လူမျိုးဆိုင်ရာ အကြောင်းအရာများကို ရှင်းပြကာ မိမိလူမျိုးစုကို အခြား တိုင်းရင်းသားမျိုးနွယ်စုတွင် ထည့်သွင်းရန် စည်းရုံးရေးများ ပြုလုပ်နေကြသည်။
ယင်း အခြား လူမျိုးနွယ်စုတွင်ထည့်မည်ဆိုသည်မှာ ကူကီးမျိုးနွယ်စု မြန်မာနိုင်ငံတွင် လူဦးရေမည်မျှရှိကြောင်း သိရှိရန်နှင့် ကူကီးမျိုးနွယ်စုမှ တိုင်းရင်းသားအဖြစ်ကြိုးပမ်းရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုသည်။
စစ်ကိုင်းတိုင်းရေးရာ ဝန်ကြီး ဦးနိုထန်ကပ်က ကူကီးမျိုးနွယ်စုတို့သည် ချင်းပြည်နယ်တွင် အများစုနေထိုင်ခြင်း မရှိသော်လည်း ချင်းလူမျိုးများဖြစ်ပြီး မည်သို့ပင်ဖြစ်စေကာမူ အခြား(other)တွင် မထည့်စေလိုကြောင်း ပြောသည်။
“ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ဘက်ကနေ အတင်းတိုက်တွန်းလို့မှ မရတာ။ ကူကီးတို့၊ ဇိုမီးတို့က ချင်းလူမျိုးလို့ပဲ ကျွန်တော်နားလည်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အခြားမှာ ထည့်သွားမယ်ဆိုရင်လည်း ကျွန်တော်တို့ မတတ်နိူင်ဘူးလေ။ ကျွန်တော်တို့က တားပိုင်ခွင့်မှ မရှိတာ” ပာု ပြောသည်။
ချင်းလူမျိုးများဖြစ်ကြသည့် ကူကီးမျိုးနွယ်စုများသည် ပာုမ်းမလင်း၊ ခမ်းတီး၊ လေရှိ၊ တမူးနှင့် ကလေးစသည့်မြို့ များတွင် အများစုနေထိုင်ကြပြီး လူဦးရေ စုစုပေါင်း တစ်သိန်းခွဲ ခန့် ရှိကြောင်း ကူကီးရေးရာ ကော်မတီမှ သိရသည်။