သံတွဲ RNDP ဥက္ကဌနှင့် ရ ဦးကွင်းလုံးကျွတ်လွတ်မြောက်

သံတွဲ RNDP ဥက္ကဌနှင့် ရ ဦးကွင်းလုံးကျွတ်လွတ်မြောက်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် သံတွဲမြို့ပဋိပက္ခနှင့် ဆက်စပ် ဖမ်းဆီး တရားစွဲဆိုခံထားရသူ RNDP သံတွဲမြို့နယ် ဥက္ကဌ ဦးမောင်ပု အပါအဝင် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ဝင် ရ ဦးကို မြို့နယ် တရားရုံးက ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က တရားသေလွှတ်ပေးလိုက်သည်။

“ ကျနော်တို့ကို တရားစွဲဆိုတာက မှားယွင်းမူဆိုပြီး ကွင်းလုံးကျွတ် လွှတ်ပေးလို်က်တာပါ” ဟု လွတ်မြောက် လာသူ ကိုသိန်းဝင်းက ပြောသည်။

သူတို့ (၇) ဦးအား သံတွဲ ပဋိပက္ခအတွင်း ၀တ္တရားနှောင့်ယှက်မူ ပုဒ်မ (၁၈၆) ဖြင့် ရဲကတရားစွဲဆိုခဲ့သည်ဟု သူက ဆက်ပြောသည်။

“ ကျနော်တို့က အဲဒီနေ့က ဖမ်းဆီးထားတဲ့ ဘင်္ဂလီ တစ်ဦးကို ဖမ်းဆီးတာဟုတ် မဟုတ် ရဲစခန်းကို သွားမေးတော့ ၀တ္တရားနှောင့်ယှက်မူ ပုဒ်မ (၁၈၆) နဲ့ ရဲက တရားစွဲဆိုပီး ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။ အဲဒီနောက် သံတွဲကနေ ကျောက်ဖြူထောင်ကို ပို့ခဲ့ပါတယ်။ အဲဒီနောက် သံတွဲကို ပြန်ခေါ်လာပြီး ခံဝန်ချက်နဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့မှာတော့ ဖမ်းဆီးတာဟာ မှားယွင်းမူသာ ဖြစ်တယ်ဆိုပြီး တရားသူကြီးက ကွင်းလုံးကျွတ် လွှတ်ပေးလိုက်ပါတယ်” ဟု ကိုသိန်းဝင်းက ပြောသည်။

ယခုလွှတ်လာသူ (၇) ဦးမှာ ဦးမောင်ပု၊ ဦးသိန်းဝင်း၊ ဦးသိန်းဇံ၊ ဦဝင်းနိုင်၊ ဦးကျန်ထွန်း၊ ဦးဌေးအောင်၊ ဦးထွန်းမြင့်ကျော်တို့ ဖြစ်ကြသည်။

ယင်းသို့ လွှတ်ပေးလိုက်သည်ကို RNDP မှ  ပါတီ ဥက္ကဌ ဒေါက်တာအေးမောင်က ကြိုဆိုသော်လည်း အပြစ်မရှိဘဲ ဖမ်းဆီးထိန်းသိမ်းခဲ့သည်အပေါ် စိတ်မကောင်းမိကြောင်း ပြောဆိုသည်။

“ ခုလို လွှတ်ပေးလိုက်တဲ့ အပေါ်မှာတော့ ကြိုဆိုပါတယ်။ ဒါပေမယ့်လည်း ဖမ်းဆီးတာဟာ မှားယွင်းမူဆိုပေမယ့် ဖမ်းဆီးတရားစွဲဆိုခံရတဲ့သူတွေက ဘာမှ ပြစ်မူကျူးလွန်မူမရှိဘဲ နစ်နာခဲ့ကြရပြီ ဖြစ်ပါတယ်။ ဒါကြောင့် နောက်နောင် ဒီလိုမျိုး မဖြစ်ဖို့နဲ့ တရားဥပဒေအရ သေချာစိစစ်ပြီး ဖမ်းဆီးဖို့  လိုတယ်လို့ ပြောချင်ပါတယ်” ဟု ၎င်းက ဆိုသည်။

သံတွဲ ပဋိပက္ခနှင့် ဆက်စပ်ပြီး လူပေါင်း  ၉၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ယခုအချိန်ထိ ရခိုင်အမျိုးသား ၅၀ ကျော်နှင့် မွတ်ဆလင် ၁၀ ကျော် ဖမ်းဆီးခံနေကြရဆဲဟု သိရသည်။

Most read this week