သံတွဲစက်မူဝန်ကြီးဌာနပိုင် ရော်ဘာစက်ရုံ မီးလောင်

သံတွဲစက်မူဝန်ကြီးဌာနပိုင် ရော်ဘာစက်ရုံ မီးလောင်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် သံတွဲမြို့နယ်ရှိ အစိုးရ စက်မူဝန်ကြီးဌာန လက်အောက်ရှိ ရော်ဘာအခြောက်လှမ်းသည့် စက်ရုံတွင် ယနေ့ ညနေက မီးလောင်မူ ဖြစ်ပွားခဲ့သည်ဟု သတင်း ရရှိသည်။

မီးလောင်မူကြောင့် ရော်ဘာများကို အခြောက်လှမ်းသော ဒေသအခေါ် မှိုင်းရုံ၏ တစ်ခြမ်းကျော် မီးထဲပါသွားခဲ့ သည်ဟု ပြောသည်။

မီးမှာ ယနေ့ ညနေ ၆ နာရီခွဲက စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး ၄၅ မိနစ်ခန့် လောင်ကျွမ်းခဲ့သည်ဟု စိုက်ပျိုးရေး ဌာနမှ ၀န်ထမ်း တစ်ဦးက ဆိုသည်။

နောက်ပိုင်းတွင် ဂျိတ်တော၊ သံတွဲမှ မီးသတ်ကားများနှင့် စက်ရုံဝင်းအတွင်းရှိ အလုပ်သမားများက ၀ိုင်းဝန်း မီးငြိမ်းသတ်ခဲ့ရသည်ဟု ဆိုသည်။

၎င်းစက်ရုံသည် သံတွဲနှင့် ငပလီအကြားတွင် တည်ရှိပြီး သံတွဲမှ  သုံးမိုင်နှင့် ခြောက်ဖါလုံဝေးကြောင်း  သိရသည်။

ရော်ဘာပြားများ မီးထဲပါသွားသဖြင့် အပျက်စီး ဆုံးရှံုးမူ ပမာဏများနိုင်ကြောင်း၊ သို့သော်လည်း လောလောဆယ် မီးငြိမ်းသတ်နေရဆဲ ဖြစ်၍ ဆုံးရှံုးမူ တန်ဖိုးကို မတွက်ချက်နိုင်သေးကြောင်း သူက ပြောဆိုသွားသည်။

Most read this week