ကေအဲန်ယူ တပ်မဟာ(၇) စစ်ဆင်ရေးမှူး ကွယ်လွန်

ကေအဲန်ယူ တပ်မဟာ(၇) စစ်ဆင်ရေးမှူး ကွယ်လွန်
by -
ကေအိုင်စီ

ကွယ်လွန်သူ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)တပ်မဟာ(၇) ဗိုလ်မှူးကြီးစောဂရင်းကို ၏စျာပနကို ထိုင်း-မြန်မာနယ်စပ် မယ်လ ဒုက္ခသည်စခန်း သင်္ချိုင်းတွင် ခရစ်ယာန်ဘာသာ၏ ဓလေ့ထုံးစံအတိုင်း ဖေဖေါ်ဝါရီလ ၂ ရက်နေ့တွင် မြေမြှုပ်သင်္ဂြိုလ်ခဲ့သည်ဟု စျာပနသို့ သွားရောက်ခဲ့သည့် ကေအဲန်ယူဖားအံခရိုင် ဥက္ကဌ ပဒိုစောအောင်မောင်အေးက ပြောသည်။

ဗိုလ်မှူးကြီးစောဂရင်းကို (အသက်-၇၀)နှစ်သည် ညောင်လေးပင်ခရိုင်၊ ဖာ့ဒို့ပလောကျေးရွာဇာတိဖြစ်ပြီး ဇန်နဝါရီ ၃၁ ရက်နေ့က လူကြီးရောဂါဖြင့် ကွယ်လွန်ချိန်၌ သားသမီး ၄ ဦး ကျန်ရစ်ခဲ့သည်။

saw krin

ပဒိုစောအောင်မောင်အေးက “သူ့(ဗိုလ်မှူးကြီးစောဂရင်းကို)ကို မယ်လစခန်းသင်္ချိုင်းမှာပဲ မြေမြှုပ်သင်္ဂြိုလ်ပါ တယ်။ ကွယ်လွန်သွားတဲ့ သူ့ဇနီးကို မြေမြုပ်ထားတဲ့ နံဘေးမှာပဲ မြှုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုမြှုပ်နှံတာဟာ ခရစ်ယာန်တွေရဲ့ ယုံကြည်ချက်အရ ကောင်းကင်ဘုံမှာ သူတို့နှစ်ဦး ပြန်ဆုံ နိုင်အောင် ရည်ရွယ်တာ ဖြစ်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ဗိုလ်မှူးကြီးစောဂရင်းကိုသည် ကရင့်တော်လှန်ရေးတွင် ကွယ်လွန်ချိန်အထိ သစ္စာရှိရှိ တာဝန်ယူခဲ့သူဖြစ်ရာ ၎င်း၏တော်လှန်ရေး အပေါ် စွန့်လွှတ်အနစ်နာခံမှုများကို လူငယ်များအနေဖြင့် လေ့လာသိရှိပြီး အတုယူစေ ချင်ကြောင်း ပဒိုစောအောင်မောင်အေးက ဆက်လက် ပြောဆိုသည်။

ယင်းစျာပနပွဲတွင် ကေအဲန်ယူတာဝန်ရှိသူများ အပါအဝင် ကရင်လူမှုအဖွဲ့အစည်းများနှင့် မယ်လဒုက္ခသည်များ စုစုပေါင်း ၁၀၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

အလားတူ ကေအဲန်ယူ တပ်မဟာ(၆)၏ ရုံးထိုင်မှူးအဖြစ် နောက်ဆုံး တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်မှူးစောလား ကပေါ်သည်လည်း ဖေဖော်ဝါရီ ၁ ရက်နေ့က လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီး ၎င်း၏စျာပနကို တပ်ရင်း(၁၈)နယ်မြေ၌ ဆောင်ရွက်သွားရန်ရှိသည်ဟု သိရသည်။

Most read this week