ဒုသမ္မတ ဦးဉာဏ်ထွန်း ရခိုင်သို့ ရောက်ရှိ

ဒုသမ္မတ ဦးဉာဏ်ထွန်း ရခိုင်သို့ ရောက်ရှိ
by -
နိရဥ္စရာ

နိုင်ငံတော် ဒုသမ္မတ ဦးဉာဏ်ထွန်းသည် ဖေဖေါ်ဝါရီ ၃ ရက်နေ့ နံနက်ပိုင်းတွင် စစ်တွေမြို့မှ တဆင့်  ကျောက်ဖြူမြို့သို့ ရဟတ်ယာဉ်များဖြင့် ရောက်ရှိခဲ့သည်ဟု သိရသည်။

ဒုသမ္မတသည် ကျောက်ဖြူမြို့တွင် အထူး စီးပွားရေးဇုန်( Special Economic Zone) ကိစ္စနှင့် ပတ်သက်ပြီး ဒေသအတွင်းမှ အစိုးရ အရာရှိများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ မြို့မိမြို့ဖများ၊ စက်မူဇုန်အတွင်းမှ ဒေသခံများနှင့် တွေ့ဆုံခဲ့သည်ဟု ဆိုသည်။

၎င်းအစည်းအဝေးသို့ အထူးစီးပွားရေးဇုန်တွင် ပါ၀င်သော သစ်ပုတ်တောင်၊ သစ်တော၊ စည်မော်၊ ကြံချိုင်နှင့် ရှောက်ချောင်းမှ တရွာလျှင် ရွာသား ၅ ဦးကျစီ တက်ရောက်ခဲ့သည်ဟု  အစည်းအဝေး တက်ရောက်ခွင့်မရခဲ့သူ ကိုထွန်းကြည်က ပြောသည်။

စီးပွားရေးဇုန်အတွင်းမှ ကျေးရွာသားများနှင့် တွေ့ဆုံမည့့်နေရာတွင် ကျေးရွာသား အစစ်အမှန်များကို ဒေသ အာဏာပိုင်များက ခေါ်ယူခြင်းမရှ်ိဘဲ ၄င်းတို့နှင့် သင့်မြတ််သူ လက်သင့်ရာကို ခေါ်ယူပြီး ဒုသမ္မတနှင့် တွေ့ဆုံရန် စီစဉ်ခဲ့သဖြင့် ကျေးရွာသားများအကြား မကျေမနပ်မူများ  ဖြစ်ပေါ်နေသည်ဟုလည်း သူက ပြောသည်။

အစည်းအဝေးအား ဓညဝတီ ရေတပ်စခန်းရှိ ဓမ္မာရုံတွင်ပြုလုပ်ခဲ့ပြီး ဒုသမ္မတမှ အထူးစီးပွားရေးဇုန်ကိစ္စနှင့် ပတ်သက်ပြီး ရှင်းလင်း ပြောကြားခဲ့သည်ဟု သိရသည်။

Most read this week