အီးယူကိုယ်စားလှယ်အဖွဲ့ ဒုချီးရားတန်းရွာ လာရောက် လေ့လာ

အီးယူကိုယ်စားလှယ်အဖွဲ့ ဒုချီးရားတန်းရွာ လာရောက် လေ့လာ
by -
နိရဥ္စရာ

ယခုလ အစောပိုင်းက ပြဿနာ ဖြစ်ပွားခဲ့သည့် မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာသို့ အီးယူကိုယ်စား လှယ်အဖွဲ့မှ လာရောက်လေ့လာခဲ့သည်။

အီးယူကိုယ်စားလှယ်အဖွဲ့များမှာ ယမန်နေ့နံနက်ပိုင်းက ရဟတ်ယာဉ်နှင့်ရောက်ရှိလာခြင်း ဖြစ်ကြောင်း မောင်တောဒေသခံ အမျိုးသမီးတစ်ဦးက့ပြောသည်။

“ သူတို့ ရဟတ်ယာဉ်နဲ့ မနက် ၁၁ နာရီခန့်မှာရောက်ပါတယ်။ ရောက်ရောက်ချင်းဘဲ ဒုချီးရားတန်း ဘင်္ဂလီရွာကို ၀င်သွားပြီး ခဏအကြာမှာ ကားအစီး ၁၀ ကျော်နဲ့ မောင်တောမြို့ကို ထွက်ခွာသွားကြပါတယ်။ ဒီမှာ ခဏဘဲနေခဲ့ပါတယ်” ဟုဆိုသည်။

ဒုချီးရားတန်းကျေးရွာသို့ အီးယူကိုယ်စားလှယ်များ သွားရောက်ခဲ့စဉ် အမျိုးသမီး တချို့နှင့်တွေ့ဆုံ မေးမြန်းခဲ့သည်ဟု သူတို့ခရီးစဉ်တွင် လိုက်ပါ သတင်းယူခဲ့သူ သတင်းထောက် ကိုဖိုးသီဟက ပြောသည်။

“ သူတို့အဖွဲ့မှာ အီးယူသံအမတ်အပါအဝင် သံအမတ် ရ ဦးပါတယ်။ သူတို့ ဒုချီးရားတန်း ရွာကအမျိုး သမီး တွေနဲ့တွေ့တဲ့အခါ အဓိကသူတို့မေးတာက ယောကျင်္ားတွေ ဘယ်ရောက်နေလဲ။ လူတွေ အသတ်ခံရတယ် ဆိုတာ ဟုတ်သလား ဆိုတာကို မေးသွားတာတွေ့ရပါတယ်။ အမျိုးသီးကတော့ သူတို့ယောကျင်္ားတွေ ထွက် ပြေးနေကြတယ်။ ဘာကြောင်းလည်းဆိုတော့ ဖမ်းမှာကိုကြောက်လို့ ပြေးနေကြတယ်လို့ဘဲ ပြော တာတွေ့ရ ပါတယ်” ဟုယင်းက           ဆိုသည်။

အီးယူကိုယ်စားလှယ်အဖွဲ့အား မောင်တောမြို့ ခရိုင်အုပ်ချုပ်ရေးမှူးရုံးတွင်လည်း ဒုချီးရားတန်းကျေးရွာ ဖြစ်စဉ်နှင့် ပတ်သတ်ပြီး အာဏာပိုင်များမှ ရှင်းလင်းခဲ့ကြောင်း ကိုဖိုးသီဟက ဆက်ပြောသည်။

သူက“ ခရိုင်ရုံးမှာ ရှင်းလင်းတဲ့အခါတော့ အမှတ် (၄) ရဲတပ်ရင်းမှူး ဦးတင်ကိုကိုက ရှင်းပြပါတယ်။ ဦးတင်ကိုကို ရှင်းတာကတော့ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း ပျောက်ဆုံးသွားတဲ့ အကြောင်း ကိုအသေး စိတ်ရှင်းပါတယ်။ နောက်ပြီး နိုင်ငံခြားမီဒီယာက ရေးတဲ့သတင်းဟာ မဟုတ်ဆိုတာတွေကို ရှင်းပြ ပါတယ်။ အီးယူဘက် ကတော့ ရဲတပ်ကြပ်ကြီး ပျောက်ဆုံးသွားတဲ့ ဖြစ်စဉ်ကို အသေးစိတ်မေးပါတယ်။ အီးယူဘက်က ရဲတပ်သားတွေ ကို အကြမ်းဖက်နှိမ်နှင်းရေး သင်တန်းတွေပေးနေတယ်။ အဲဒီ သင်တန်းကို ဒီကရဲတပ်ဖွဲ့ဝင်တွေ မတက်ကြဘူး လားဆိုတာတွေကို မေးသွားတယ်”  ဟု ဆိုသည်။

မောင်တောခရိုင်အုပ်ချုပ်ရေးမှူရုံးတွင် ပြုလုပ်သည့် ရှင်းလင်းပွဲအပြီး နေ့လည်ပိုင်းတွင် အီးယူကိုယ် စားလှယ်များ မောင်တောမြို့မှ ထွက်ခွာသွားကြောင်း သိရသည်။

၂၉ ရက်နေ့ကလည်း အီးယူကိုယ်စားလှယ်အဖွဲ့သည် စစ်တွေမြို့မှ ရပ်မိရပ်ဖများနှင့် စစ်တွေဟိုတယ်တွင် ဇန်နဝါရီ ၂၉ ရက်နေ့က တွေ့ဆုံခဲ့သည်။

ယင်းတွေ့ဆုံပွဲတွင် စစ်တွေမြို့မိမြို့ဖများဘက်မှ ယခင်စစ်အစိုးရကို ဖိအားပေးလို၍ လူ့အခွင့်အရေး ကို ရှေ့တန်းတင်ပြီး ဘင်္ဂလီများဘက်မှ တဖက်သတ် ဘက်လိုက်ဆောင်ရွက်ပေးနေမှုများကို ယခုလို ဒီမိုကရေစီ နိုင်ငံအဖြစ် တည်ဆောက်နေ သည့်ကာလမျိုးတွင် မပြုလုပ်သင့်ကြောင်း။  ဒီမိုကရေစီ အစိုးရ တစ်ရပ်သည် မိမိလူထု၏ဆန္ဒ နှင့် အုပ်ချုပ်ရမည်လား  နိုင်ငံတကာဆန္ဒနှင့် အုပ်ချုပ်ရမည်လား ဆိုတာကို ဒီမိုကရေစီ EU နိုင်ငံများ နားလည်နိုင်မည် ဖြစ်ကြောင်းနှင့် EU ဥရောပသံတမန်တို့ အနေ ဖြင့် လိမ်လည်လုပ်ကြံထားသည့် အတည်မပြုနိုင်သော သတင်းများကို ချင့်ချင့်ချိန်ချိန် သုံးသပ်ပြီးမှ ကြေငြာချက်များ ထုတ်သင့်သည် ဆိုသည့် အချက်များအပါအဝင် လတ်တလော အခြေအနေများကို ဆွေးနွေး တင်ပြခဲ့ကြကြောင်း အီးယူကိုယ် စားလှယ် များနှင့် တွေ့ဆုံရာတွင် ပါ၀င်ခဲ့သည့် စစ်တွေမြို့မှ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးသန်းထွန်းက သူ၏ လူမှုကွန်ယက် စာမျက်နှာတွင် ရေးသားထားသည်။

Most read this week