အုံးဂျွိန်းအခြေစိုက် ရေတပ်စခန်းမှ အနိုင်ကျင့်မူများ ရှိနေဟု ဒေသခံများဆို

အုံးဂျွိန်းအခြေစိုက် ရေတပ်စခန်းမှ အနိုင်ကျင့်မူများ ရှိနေဟု ဒေသခံများဆို
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် အုံးဂျွိန်းရေတပ် စခန်းမှ ဒေသခံ ပြည်သူများ အပေါ် နိုင်ထက်စီးနှင်း ပြုလုပ်မူများ ပေါ်ပေါက်နေသည်ဟု အမည်မဖေါ်လိုသူ စက်လှေပိုင်ရှင် တစ်ဦးက ပြောသည်။

“ ကျွန်တော်တို့ဆီက ငွေကောက်ခံတာတို့၊ စက်သုံးဆီတောင်းတာတို့၊ မပေးရင်ရိုက်နှက်တာတို့၊ စက်လှေပေါ်က ငါးတွေကို တောင်းတာတို့၊ အချို့ စက်လှေသမားတွေကို ရိုက်နှက်တာတို့၊ နေပူလှန်း တာတို့ ဒီလိုမျိုး ပေါ်ပေါက်နေပါတယ်။ ဒါကို အထက်လူကြီးတွေ သိစေလိုပါတယ် ခင်ဗျား” ဟု သူက ဆိုသည်။

ohn island navy

သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက်ပိုင်း လူထုကို ရေတပ်သားတို့၏ အနိုင်ကျင့်မူများ ကျောက်ဖြူမြို့နယ်အတွင်း ရပ်ဆိုင်းသွားခဲ့ပြီးနောက် ယခုတစ်ဖန်  ပြန်လည် ပေါ်ပေါက်လာသည်ဟု သူက ဆိုသည်။

“ ဒီလို အပြုအမူမျိုးတွေကို ယခင် စစ်အစိုးရ လက်ထက်တုန်းက အကြီးအကျယ် လုပ်ခဲ့ပါတယ်။ ဒါပေမယ့် အခု အစိုးရသစ်တက်လာတဲ့ကတည်းက ဒီလို ပြည်သူတွေကို အနိုင်ကျင့်တာတွေ ရပ်ဆိုင်းသွားခဲ့ပါတယ်။ ခရီးသွား လုပ်သားပြည်သူတွေက အရမ်းဝမ်းသာနေချိန်မှာ ခုတစ်ခါ အရင်ကလို အနိုင်ကျင့်မူတွေ ပြန်ပေါ်လာတာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။

ယခု အုံးဂျွိန်းတွင် တပ်စွဲထားသော ရေတပ်မှာ ကျောက်ဖြူအခြေစိုက် ဓညဝတီ ရေတပ်စခန်း လက်အောင် တွင်တည်ရှိသည်ဟု သိရသည်။

ယခုကိစ္စနှင့် ပတ်သက်ပြီး ဒေသခံ စက်လှေပိုင်ရှင်များမှ သက်ဆိုင်ရာ နိုင်ငံရေး ပါတီများနှင့် လူမူ အဖွဲ့အစည်းများသို့ တိုင်ကြားမူများရှိနေကြောင်း၊ သို့အတွက် အထက်လူကြီးများ အနေဖြင့် စိစစ် အရေးယူဆောင်ရွက်သင့်ကြောင်း ကျောက်ဖြူမြို့နယ် လူမူရေး လူပ်ရှားသူတစ်ဦးမှ  ပြောသည်။

ယခုကဲ့သို့ ပြည်သူများအပေါ် နိုင်ထက်စီးနှင်း ပြုလုပ်နေသည်ဆိုသော စွပ်စွဲချက်များနှင့် ပတ်သက်ပြီး ကျောက်ဖြူ အခြေစိုက် ဓညဝတီ ရေတပ််စခန်းသို့ မေးမြန်းနိုင်ခြင်း မရှိခဲ့ပါ။

Most read this week