ပြည်သူတွေအပေါ် ငွေကောက်ပြီး လမ်းပြင်

ပြည်သူတွေအပေါ် ငွေကောက်ပြီး လမ်းပြင်
by -
ဟွန်းဟကောင်း
မွန်ပြည်နယ် လမိုင်းမြို့အတွင်းရှိ ဇီဇဝါလမ်းကို ကတ္တရာလမ်းခင်းရန်အတွက် အာဏာ ပိုင်တို့သည် ပြည်သူများဆီမှ ငွေများကို မပေးမနေရ အတင်းအဓမ္မ ကောက်ခံနေပြီး မြို့ရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများကို  လုပ်ကိုင်ဆောင်ရွက်နေသည်ဟု လမိုင်းမြို့သားများမှ ကြား သိရ ...

မွန်ပြည်နယ် လမိုင်းမြို့အတွင်းရှိ ဇီဇဝါလမ်းကို ကတ္တရာလမ်းခင်းရန်အတွက် အာဏာ ပိုင်တို့သည် ပြည်သူများဆီမှ ငွေများကို မပေးမနေရ အတင်းအဓမ္မ ကောက်ခံနေပြီး မြို့ရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများကို  လုပ်ကိုင်ဆောင်ရွက်နေသည်ဟု လမိုင်းမြို့သားများမှ ကြား သိရသည်။

အာဏာပို်င်များသည် ထိုလမ်းခင်းရန်အတွက် ပြည်သူများဆီမှ ကတ္တရာစေးများအတွက်သာ ကောက်ခံမည်ဖြစ်ပြီး ယင်းဇီဇဝါလမ်းအတွက် အာဏာပိုင်များက သတ်မှတ်ထား သည်မှာ စုစုပေါင်း သိန်း ၃၅ ကုန်ကျမည်ဖြစ်သည်ဟု ဇီဇဝါလမ်း တွင် နေထိုင်သူတစ်ဦးက ပြောသည်။

“ဒီဆေးရုံ ရှေ့တည်တည့်ကနေပြီးတော့ ရွာအစွန် ကော့ဒွတ်ရွာ သွားတဲ့လမ်းအထိကို ခင်းမှာ၊ သူတို့ပြောထားတာကတော့ လမ်းခင်းဖို့ကျောက်နဲ့ ကတ္တရာစေးတွေ အတွက်ကို သိန်း ၃၅ ကုန်ကျမယ်တဲ့၊  အဲဒီသိန်း ၃၅ ပြည့်ဖို့အရေးက လမ်းသူလမ်းသားတွေမှာ တော် တော် စိတ်ဒုက္ခရောက်နေကြတယ်” ဟု ၎င်းက ဆက်ပြောသည်။

“အခုတော့ ပိုက်ဆံတွေလိုက်ကောက်နေပြီ၊ ကိုယ့်အိမ်ရှေ့မျက်နှာစာ မြေကွက်အလိုက် တစ်ပေ ပတ်လည်ကို ၃ဝဝဝ ကျပ်နဲ့ တွက်ထားတယ်၊ တချို့မြေကွက် ကျယ်တဲ့ အိမ်တွေ ကျတော့ ၂ သိန်း ၃ သိန်း ကျော်ကျော်လောက် ကုန်ကျတဲ့အခါကျတော့ ညဉ်းနေကြတယ်၊ ၃ သိန်း ကျတဲ့လူတွေကျတော့ ၁ သိန်းလောက်ပေးထားတယ်၊ ၁ သိန်းခွဲနဲ့ ၁ သိန်း လောက်ကျတဲ့ လူတွေကတော့ ၅ သောင်းလောက် ပေးထားတယ်၊ တချို့ဆိုရင် ပေးပြီး သားကို ပြန်ယူလိုက်တာလဲရှိတယ်” ဟု အခြားဇီဇဝါလမ်းသား တစ်ဦးက ပြောသည်။

ဒီဆေးရုံထိပ်ကနေပြီးတော့ ရွာအစွန် ကော့ဒွတ်ရွာကိုသွားတဲ့ လမ်းအထိကတော့ တစ်ဖက် ကို အိမ်ခြေ ၁၅ လုံးလောက်ပဲရှိမယ်၊ အရှည်ကတော့ ပေ ၉၄ဝ ရှိတယ်၊ အကျယ်ကတော့ ၁၂ ပေ ရှိတယ်၊ ခုလောလော ဆယ်မှာတော့ အကြမ်းခင်းထားပြီးပြီ လမ်းကြိတ်စက်နဲ့ နင်းနေတုန်းပဲ၊ ကတ္တရာကတော့ မခင်းရသေးဘူး၊ ကတ္တရာစေး တစ်တိုင်ကီကို ၁ သိန်းခွဲ ပေးရတယ်၊ အားလုံးခင်းလို့ပြီးသွားရင် ကျန်နေတဲ့ ပိုက်ဆံတွေကို သူတို့ ထပ်ကောက် မယ်"  ဟု ၎င်းက ဆက်ပြောသည်။

ဇီဇဝါလမ်းသည် လမိုင်းမြို့လမ်းမကြီးကို ခင်းခဲ့သော တာဝန်ရှိသူများက ဇီဇဝါလမ်းထဲရှိ ငွေကြေးတတ်နိုင်သူများနှင့် ညှိနှိုင်းပြီး ကတ္တရာလမ်းခင်းရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ ငွေကြေး တတ်နိုင်သူများအဖို့မှာ အဆင်ပြေကြသော်လည်း မတတ်နိုင်တဲ့ သူများအဖို့မှာ အကြီးအ ကျယ် ဒုက္ခရောက်ကြရသည် ဟု ကြားသိရသည်။

Most read this week