သျှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့နယ်ခွဲအတွင်း အစိုးရတပ်စခန်း တခုအား တအာင်း (ပလောင်) အမျိုးသားလွှတ်မြောက်ရေးတပ်မတော်က ဝင်ရောက် တိုက်ခိုက်ရာ အစိုးရတပ်နှင့်အတူရှိနေ သည့် ပြည်သူစစ်တစ်ဦး ကျဆုံးကြောင်း ဒေသခံများက ပြောသည်။
ဇန်နဝါရီ ၁၅ ရက် ည ၉ နာရီခွဲခန့်က မိုင်းငေါ့မြို့အနောက်မြောက်ဘက်၊ နမ့်တွေရွာတွင် အခြေချနေသည့် အစိုးရတပ်စခန်းအား TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်က နာရီဝက်ခန့် ဝင်ရောက် တိုက်ခိုက်ခဲ့ရာတွင် အဆိုပါပြည်သူ့ စစ်တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ခြင်းဖြစ်သည်။
“အစိုးရတပ် အင်အားဖြည့်လှုပ်ရှားလာတာ အရမ်းများတယ်။ နေ့ဘက်ဆိုရင်တောထဲ တောင်ပေါ်ရွာ တွေဘက်လှည့်တယ်။ ညဘက်ဆို မြို့နဲ့ မလှမ်းမကမ်းရွာတွေမှာနေတယ်။ ဒေသခံပြည်သူ့စစ်ကလဲ သူတို့နဲ့ အတူနေရတယ်လေ။ ဒါကြောင့် အခုလိုမျိုးခံရတာ။ အခုသေတာလဲ ဒေသတွင်း ပလောင် ပြည်သူ့စစ်ဘဲ” ဟု ကျောက်မဲရောက် ခိင်းပေါ့ဆီ ကပြောပါသည်။
သျှမ်းပြည်မြောက်ပိုင်း မိုင်းငေါ့မြို့နယ်ခွဲဘက်တွင် ယခုလဆန်းပိုင်းမှစ၍ ယနေ့အထိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် အစိုးရတို့အကြား နယ်မြေစိုးမိုးမှုပြိုင်ဆိုင်နေသောကြောင့် စစ်ရေး တင်းမာနေ ခြင်းဖြစ်သည်။
TNLA တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်သည် မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေးရယူရန် ကိုယ်စားလှယ်များက အကြိမ်ကြိမ်တွေ့ဆုံခဲ့သော်လည်း မအောင်မြင်သေးပေ။