ပေါက်တော ဆင်​တက်​​မော်​ ဒုက္ခသည်​စခန်​း မီး​လောင်​

ပေါက်တော ဆင်​တက်​​မော်​ ဒုက္ခသည်​စခန်​း မီး​လောင်​
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဆင်တက်မော် မူဆလင်ဒုက္ခသည်စခန်းတွင် ယနေ့နံနက်က မီးလောင်ခဲ့ရာ အနည်းဆုံး အဆောင် ၃၀ ကျော် မီးထဲပါသွားသည်ဟု သတင်း ရရှိသည်။

မီးလောင်ရာသို့ စစ်ဆေးရန်ရောက်နေသူ ရဲအရာရှိတစ်ဦးက “ မီးစလောင်တာက နံနက် တစ်နာရီခန့်မှာ အဆောင်အမှတ် ၈၇ က စလောင်တယ်။ အဲဒီအဆောင်က ဘင်္ဂလီလူမျိုး ဟန်​နီဘာ အသက်​ ၅၀ နှစ်​ နေတဲ့ အဆောင်ဖြစ်တယ်။ မီးက ၁ နာရီ မိနစ် ၅၀ မှာမီးက ငြိမ်းသွားတယ်” ဟု ပြောသည်။

ယင်မီးလောင်မှုကြောင့် ရှစ်​ခန်​းတွဲ ​အ​ဆောင်​ ၃၁ လုံး၊ မီးဖိုဆောင် ၆  ခု၊ စာသင်​​ကျောင်းဆောင် ၂ ခု အပါအဝင် စုစု​ပေါင်​း အဆောက်အဦး ၃၉ လုံး ပျက်စီးသွားခဲ့သည်ဟု သူကဆိုသည်။

ယခုအခါ မီးလောင်မူ ဖြစ်ပွားရာ ဆင်တက်မော် ဒုက္ခသည်​စခန်​းသို့  ရခိုင်​ပြည်​နယ်​အစိုးရအဖွဲ့ဝင်​၀န်​ကြီးနှစ်​ဦး အပါအဝင်​ မီးသတ်​တပ်​ဖွဲ့ဝင်​များ၊ စစ်​တပ်​နှင်​့ ရဲတာဝန်ရှိသူ အများအပြားရောက်​ရှိ​နေ​ကြောင်း ဆင်တက်မော် ဒေသခံများက ပြောသည်။

လွန်ခဲ့သောနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့ကလည်း ပေါက်တောမြို့နယ် အတွင်းရှိ ငှက်ချောင်း မွတ်ဆလင် စခန်းမီးလောင်မူကြောင့် အဆောင် (၃၄) ဆောင်မီးထဲပါသွားခဲ့သည်။

Most read this week