ဘင်္ဂလာဒေချ့်နယ်စပ် ဗုံးတွေ့ရှိမှု မြန်မာတပ်ဖွဲ့ ပတ်သက်မှုမရှိဟုဆို

ဘင်္ဂလာဒေချ့်နယ်စပ် ဗုံးတွေ့ရှိမှု မြန်မာတပ်ဖွဲ့ ပတ်သက်မှုမရှိဟုဆို
by -
နိရဥ္စရာ

မြန်မာ-ဘင်္ဂလာဒေချ့်နယ်စပ်တွင် များမကြာမီက ဘင်္ဂလာဒေချ့်ဘက်က ရှာဖွေတွေ့ရှိခဲ့သော ဗုံး (၃၉) လုံးမှာ မြန်မာလုံခြံုရေး တပ်ဖွဲ့နှင့် တစ်စုံတစ်ရာ ပတ်သက်မူ မရှိကြောင်း မောင်တောခရိုင် ရဲတပ်ဖွဲ့ရုံးက ငြင်းဆိုသည်။

မောင်တောခရိုင်ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ၎င်းဗုံးများမှာ လက်လုပ်ဗုံးများသာဖြစ်ပြီး မိမိတို့ တပ်ဖွဲ့ဝင်များနှင့် တစ်စုံတစ်ရာ ပတ်သက်မူမရှိကြောင်း ဖေါ်ပြသည်။

ယင်းအပြင်သူက အဆိုပါ မိုင်းဗုံးများသည် ယခုပွင့်လင်းရာသီတွင် မြန်မာဖက်မှ မြန်မာ-ဘင်္ဂလားဒေချ့် နယ်စပ် တစ်လျှောက် ခြံစည်း ရိုးများ တည်ဆောက်ခြင်းနှင့် ပြုပြင်ခြင်းလုပ်ငန်းများ ဆက်လက် ဆောင်ရွက်နိုင်ခြင်း မရှိစေရန်နှင့် လုပ်ငန်းများ ရပ်တန့်သွားစေရန်၊ ခြံစည်းရိုး လုပ်ငန်းများ ဆောင်ရွက်နေသော အလုပ်သမားများ ထိခိုက် အနာတရဖြစ်စေရန် နှင့် နယ်စပ်ခြံစည်းရိုးများ တည်ဆောက်နေမှုအား မလိုလားသည့် အခြား အဖွဲ့အစည်း တစ်ခုမှ ထောင်ထားသော မိုင်းဗုံးများ ဖြစ်နိုင်ဖွယ်ရှိကြောင်း ပြောဆိုသည်။

၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက်နေ့ (၁၀)အချိန်ခန့်တွင် ဘင်္ဂလားဒေချ့်နိုင်ငံ ဘီဂျီဘီ တပ်ရင်း(၃၁)မှ တပ်ရင်းမှူး ရှော်ဘီကူအစ္စလာမ်နှင့်အဖွဲ့မှ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနယ်စပ်မှတ်တိုင် (၄၆) ရှိ နတ်ချောင်းဆူရီ အနီးတွင် ဒေလုပ် မိုင်းဗုံး (၃၉)လုံးအား ရှာဖွေဖော်ထုတ် သိမ်းဆည်းယူသွားခဲ့သည်ကို မိမိတို့ သိရှိရပါကြောင်း၊ သို့သော်လည်း ရှာဖွေ တွေ့ရှိသော လက်လုပ်ဗုံးများမှာ မိမိတို့နှင့် တစ်စုံတစ်ရာ ပတ်သက်မူ မရှိကြောင်း ပြောဆိုသည်။

Most read this week