အနောက်တံခါးလုံခြံုရေး ကိုယ်နှင့် မဆိုင်သလို နေ၍မရတော့ဟု မြနန်းဆရာတော်မိန့်ကြား

အနောက်တံခါးလုံခြံုရေး ကိုယ်နှင့် မဆိုင်သလို နေ၍မရတော့ဟု မြနန်းဆရာတော်မိန့်ကြား
by -
နိရဥ္စရာ

မွန်ပြည်နယ်၊ မုတ္တမမြို့၊  မြစေတီနန်းဦးစာသင်တိုက်၊ မြနန်းဆရာတော် ဦးဆောင်ပြီး  ဟိတဓရဆရာတော်၊ မဟာမြိုင်စာသင်တိုက်၊ မော်လမြိုင်မြို့။ လမ်းပြကြယ် ဆရာတော်၊ မဟာမြိုင်စာသင်တိုက် သံဃာ့နာယက မော်လမြိုင်မြို့။

မွန်ပြည်နယ်၊ မုတ္တမမြို့၊  မြစေတီနန်းဦးစာသင်တိုက်၊ မြနန်းဆရာတော် ဦးဆောင်ပြီး  ဟိတဓရဆရာတော်၊ မဟာမြိုင်စာသင်တိုက်၊ မော်လမြိုင်မြို့။ လမ်းပြကြယ် ဆရာတော်၊ မဟာမြိုင်စာသင်တိုက် သံဃာ့နာယက မော်လမြိုင်မြို့။  အရှင် ဂန္ဓာသာရ မြစေတီစာသင်တိုက်၊ ရဲကျောင်း၊ မော်လမြိုင်မြို့။ အရှင် ကဝိဓဇ နတ်မောက် မဟာမြိုင်စာသင်တိုက်၊ မော်လမြိုင်မြို့။ အရှင်မာဏိက ဉာဏပါရမီကျောင်း ခေမာဏိတ၊  အရှင်ဂမ္မိက ငြိမ်းချမ်းရိပ်မြံု ဓမ္မာစရိယ သင်တန်းကျောင်း ဘီလင်းမြို့ တို့ဟာ ဒီဇင်ဘာ လလယ်လောက်စပြီး ဇန်နဝါရီ ၄ ရက်နေ့အထိ ရခိုင်ပြည်နယ် မြို့ပေါင်း ၁၂ မြို့မှာ အမျိုးဘာသာ ထိန်းသိမ်းစောင့်ရှောက်ရေး ၉၆၉ တရားတော်များကို ဟောကြားခဲ့ပါတယ်။ ဒီဇင်ဘာလ ၃ ရက်နေ့က သံတွဲမြို့မှာ နောက်ဆုံး တရားပွဲကို ဟောကြားဖို့ ရောက်ရှိနေစဉ်မှာ မြနန်းဆရာတော်ကို နိရဥ္စရာက တယ်လီဖုံးက တဆင့် ဆက်သွယ်မေးမြန်းခွင့် ရခဲ့ပါတယ်။ ဆရာတော်ရဲ့ ဖြေကြားချက်တွေကို စုစည်းပြီး တင်ပြပေးလိုက်ပါတယ်။

မောင်တောမြို့တွင် ပြုလုပ်သော မြနန်းဆရာတော်နှင့် အဖွဲ့ တရားပွဲ။ ( ဓါတ်ပုံ- မောင်တောမြို့သား)

မေး-အရှင်ဘုရားရဲ့ ဘွဲ့နာမည်နဲ့ နေရပ်ကို ပထမဆုံး မိန့်ကြားပေးပါ။

ဆရာတော်။  ။ မြန်နန်းဆရာတော် – မောင်လမြိုင်က ဖြစ်ပါတယ်။

မေး-အရှင်ဘုရားတို့ အခု ရခိုင်ပြည်နယ်က ဘယ်မြို့တွေမှာ  တရားဟောပြီးပါပြီလဲ အရှင်ဘုရား။

ဆရာတော်။  ။တရားဟောတာက အာလုံး ၁၂ မြို့ရှိတယ်။

မေး-နောက်ထပ် ဘယ်မြို့တွေမှာ တရားဟောဖို့ အစီအစဉ်ရှိပါလည်း အရှင်ဘုရား။

ဆရာတော်။  ။ ရခိုင်မှာတော့ ပြီးပါပြီ။ ဒီည သံတွဲမှာ နောက်ဆုံးပေါ့။

မေး-ဟုတ်ကဲ့ အရှင်ဘုရားတို ့ အခုလိုရခိုင်ပြည်နယ်မှာ တရားပွဲတွေကို  ဘာကြောင့် လာရောက် ဟောကြား ရတာပါလဲ။

ဆရာတော်။  ။ တရားပွဲက နှစ်စဉ်ဟောပါတယ်။ လွန်ခဲ့တဲ့နှစ်ကလည်း ဟောခဲ့ပါတယ်။

မေး-ဒီတော့ ရခိုင်ပြည်နယ်မှာ အခုလိုတရားလာဟောတဲ့အတွက် ရခိုင်ပြည်နယ်က တကာတကာမတွေအတွက် ဘယ်လို အကျိုးကျေးဇူးတွေ ဖြစ်စေပါသလဲ အရှင်ဘုရား။

ဆရာတော်။  ။ဘာသာရေး အသိညာဏ်တွေ ခိုင်မာစေတာပေါ့။ ကိုယ့်ဘာသာ ကိုယ့်သာသနာအတွက် ဘာသာရေး အသိညာဏ်တွေ ခိုင်မာအောင်လို့ပေါ့။

မေး-ရခိုင်ပြည်က တကာတကာမတွေက အရှင်ဘုရားတို ့ဟောတဲ့ တရားတော်တွေအပေါ်မှာ ဘယ်အတိုင်းအတာတိ စိတ်ဝင်စားပီးတော့ ဘယ်အတိုင်းအတာအထိ လိုလိုလားလားနဲ့ လက်ခံ တရားနာကြတယ်ဆိုတာ တွေ့ရပါသလဲ အရှင်ဘုရား။

ဆရာတော်။  ။ လိုလိုလားလားရှိကြတယ်။ ဗုုဒ္ဓဘာသာဝင်တွေဆိုတော့ ဗုုဒ္ဓဘာသာတရားတော်အပေါ်မှာ စိတ်ဝင်စားကြတာပေါ့ တကာကြီး။ ရာနှုန်းပြည့် စိတ်ဝင်စားကြပါတယ်။

မေး-အခုလို အရှင်ဘုရားတို့ရဲ့ တရားတော်တွေကို ရာနုန်းပြည့် စိတ်ဝင်စားကြတဲ့ ရခိုင်ပြည်နယ်က တကာ တကာမတွေ အပေါ်မှာကော ဘယ်လိုသုံးသပ်ပါလဲ အရှင်ဘုရား၊

ဆရာတော်။  ။ ရခိုင်ပြည်က တကာတကာမတွေက အမျိုးဘာသာ သာသနာချစ်စိတ်ရှိကြပါတယ်။ အဲဒါတွေ တွေ့ရပါတယ်။ ဘာသာချစ်စိတ်၊ သာသနာချစ်စိတ်နဲ့ ကိုယ့်ဘာသာဝင်တွေအပေါ်မှာ မြတ်နိုးစိတ်တွေကို တွေ့ရပါတယ်။

မေး-တခြား တိုင်းနဲ့ ပြည်နယ်က လူထုတွေနဲ့ နှိုင်းစာရင် ရခိုင်ပြည်သူတွေရဲ့ အမျိုးဘာသာ သာသနာအပေါ်မှာ ထားတဲ စိတ်နေသဘောထားကို ဘယ်လိုမြင်ပါလည်း အရှင်ဘုရား။

ဆရာတော်။  ။ ရခိုင်လူထုကတော့ တခြားတိုင်းဒေသကြီးတွေနဲ့စာရင် မျိုးချစ်စိတ်ပိုတယ်လို့မြင်ပါတယ်။ အမျိုးဘာသာ သာသနာချစ်စိတ်။

မေး-ဟုတ်ကဲ့အရှင်ဘုရား။ ရခိုင်ပြည်နယ်မှာကျတော့ လူမျိုးခြားတွေလို ့ပြောရအောင် တဘက်နိုင်ငံက စိမ့်ဝင်ပြီးတော့ နယ်မြေကျူးကျော်မှုတွေ၊ ဘာသာရေး၊ လူမျိုးရေးအရ မတည်ငြိမ်မူတွေနဲ့ အတူ ပဋိပက္ခတွေ ဖြစ်အောင် ဖန်တီး လုပ်ဆောင်နေတာတွေလည်းရှိပါတယ်။ အရှင်ဘုရား အဲဒီအပေါ်မှာ အရှင်ဘုရားတို ့ဘယ်လို သုံးသပ်ပါလဲ။)

ဆရာတော်။  ။ အဲဒီအပေါ်မှာ ကိုယ့်ဘာသာ သာသနာကို ခိုင်မာအောင် လုပ်ထားဖို့ပါပဲ။ ကိုုယ့်အမျိုးဘာသာ သာသနာကို ပိုပြီးတော့ခိုင်မာအောင်လုပ်ထားဖို့၊ ရောဂါများတဲ့နေရာမှာ သမားကောင်းတွေ ပျော်ကြတယ်ဆိုတဲ့ စကားရှိတယ်လေ အဲဒီအတိုင်းပါဘဲ။

ရခိုင်လူမျိုးတွေ အဲလိုနေရာမျိုးမှာ ခုလို တည်တည်တံ့တံ့နေနိုင်တယ်ဆိုတာက အမျိုးဘာသာ သာသနာ ချစ်စိတ်ရှိလို့ဖြစ်ပါတယ်။

မေး-ဒီနေ့ နောက်ဆုံးဆိုတော့ အရှင်ဘုရားတို့ တရားပွဲတွေနဲ့ပတ်သတ်ပြီး ရခိုင်လူူထုကို အရှင်ဘုရားတို့ ဘာတွေ မိန့်ကြားလိုပါလည်း အရှင်ဘုရား။

ဆရာတော်။  ။ ရခိုင်လူထုကို ဘုန်းဘုန်းတို့အားလုံး မိန်းကြားလိုတာက အားလုံုးညီညီညွတ် ညွတ်နေကြ ဖို့ပါပဲ။ ညီညွတ်မှ ငြိမ်းချမ်းမယ်ဆိုတဲ့ စကားအတိုင်း ဘုန်းဘုန်းတို့အားလုံုး တိုင်းရင်းသားအချင်းချင်း ဘာသာဝင် အချင်းချင်း ညီညွတ်ကြဖို့၊ ပြီးတော့ ဘုန်းဘုန်းတို့ ပြည်မက တိုင်းရင်းသားတွေ အားလုံးက လည်း ရခိုင် လူူထုတွေ ခံစားနေရသလို အားလုံးလည်း ဒီအကြောင်းအရာတွေကို အရင်တုန်းကလို မဟုတ်ပဲ ခံစား နေကြရပြီဆိုတာကို ရခိုင်ပြည်သူတွေ သိစေချင်တယ်။ ပြီးတော့ ဘုန်းဘုန်းတို့အချင်းချင်း တိုင်းရင်းသား အချင်းချင်း လက်ချင်း ဆက်ပြီးတော့ လက်ချင်းချိတ်ထားစေချင်တယ်။ ဥပမာအားဖြင့် ရေစီးသန်တဲ့ချောင်းမှာ ရေစီးသန်နေတဲ့ အတွက်ကြောင့် ဖြတ်လျှောက်မယ်ဆိုရင် တစ်ယောက်နဲ့ တစ်ယောက် တွဲပြီးတော့လျှောက်မှ အန္တရာယ် ကင်းကင်းနဲ့ ရှေ့ခရီးကို ဆက်လျှောက်နိုင်မှာဖြစ်ပါတယ်။ အဲဒီအတိုင်းဘဲ ရခိုင်တိုင်းရင်းသား တွေမှာလည်း တစ်ဘက်က ဘင်္ဂလားက ရေစီးသန်တာနဲ့တူတဲ့ လူဦးရေတိုးပွားနှုန်းတွေများပါတယ်။ အဲဒီ ရေစီးသန်တဲ့ နှုန်းကို ဖြတ်လျှောက် ဖို့ဆိုတာ လက်တွဲထားဖို့လိုပါတယ်။ လက်တွဲလျှောက်ခြင်းသည် အန္တရာယ်ကင်းစေသော နည်းစနစ်ဖြစ် ပါတယ်။ အသိညာဏ်ကို တိုးစေသောနည်းစနစ်ဖြစ်ပါတယ်။ အဓိက ညီညီ ညွတ်ညွတ်နဲ့ လက်တွဲထားဖို့၊ တိုင်းရင်း သား ချစ်ခင်စိတ်တွေ မွေးကြဖို့၊ အချင်းချင်း လက်ချင်း ချိတ်ခြင်းဖြင့် လဲသွားရင် ဆွဲထလို့ရပါတယ်။ မတော်တဆ လဲသွားရင်တောင်မှ ဆွဲထလို့ရအောင် ချိတ်ထားဖို့ လိုတယ်။ အဲဒါကြောင့် ဘုန်းဘုန်းတို့က ရခိုင်တိုင်းရင်းသား အားလုံးနဲ့ ရဟန်းသံဃာတွေ၊ ရခိုင်က တကာ တကာမတွေ အားလုံးနဲ့ ပြည်မက သံဃာတော်တွေ၊ ပြည်မက တကာတကာမတွေနဲ့ အာလုံး တိုင်းရင်းသား အချင်းချင်း ချိတ်ဆက် ထားစေချင်တယ်။ တခုခု မတော်တဆ လဲကျသွားရင်တောင် ဆွဲထလို့ ရအောင် ချိတ်ထား စေချင်တယ်။

မေး-ဟုတ်ကဲ့။ ရခိုင်ပြည်နယ်က အရမ်းကိုဆင်းရဲပါတယ်အရှင်ဘုရား။ အဲဒီလို ဆင်းရဲတဲ့ အတွက် လူတွေကလည်း ရေကြည်ရာ မြက်နုရာ ထွက်ခွာနေကြတော့ အနောက်တံခါးကို ရေရှည်လုံအောင် ကာနိုင်ပါ့မလား။ အရှင်ဘုရား ဒီအပေါ်မှာ ဘယ်မိန့်ကြားလိုပါလည်း အရှင်ဘုရား။

ဆရာတော်။ ။ ဆင်းရဲရတဲ့ အကြောင်းက သူနေရာနဲ့သူ တာဝန်ကိုယ်စီရှိပါတယ်။ နိုင်ငံက တတ်နို်င်တဲ့ တာဝန်ကို နိုင်ငံကယူရမှာဖြစ်ပါတယ်။ တိုင်းရင်းသားတွေက တတ်နိုင်တဲ့နေရာကို တိုင်းရင်းသားတွေက တာဝန်ယူရမှာ ဖြစ်ပါတယ်။ သံဃာတော်တွေ တတ်နို်င်တဲ့နေရာကို သံဃာတော်တွေက အမျိုးဘာသာ  သာသနာကို မြန်မာပြည် ရဲ့ အနောက်တံခါးကို သာသနာနဲ့ကာနိုင်အောင် ကြိုးစားဖို့ ဘာသာတရားနဲ့ ကာနိုင်အောင် ကြိုးစားဖို့အရေး ကြီးပါတယ်။ အဲဒီလိုမျိုးဆိုရင် ဘုန်းဘုန်းတို့ရခိုင်ပြည်ကြီးက ဖွံ့ဖြိုးမူ ရှိမှ ဖြစ်ပါလိမ့်မယ်။ ဘာသာ၊ သာသနာရော၊ စီးပွားရေးရော၊ လူမှုရေးရော ဖွံ့ဖြိုးမှသာလျှင် ဒီနိုင်ငံရဲ့တံခါး မြန်မာနိုင်ငံရဲ့ အနောက်တံခါးကို ကာနိုင်မှာဖြစ်ပါ တယ်။ ဒါကြောင့်ဖွံ့ဖြိုးရေး အရမ်းအရေးကြီးတာပေါ့။ ဖွံ့ဖြိုးဖို့အတွက် လောလောလတ်လတ် ညီညွတ်မှုကို ရအောင် တည်ဆောက်မြင်တင်ရမှာပေါ့။ ဘုန်းကြီးတို့ အိမ်တစ်အိမ်မှာ တံခါးပေါက်ပွင့်သွားရင် အထဲကပစ္စည်းတွေ ကုန်သွားမှာဖြစ် ပါတယ်။ မြန်မာနိုင်ငံကို အိမ်တစ်လုံးလို သဘောထားလိုက်ရင် မြန်မာနိုင်ငံရဲ့ အနောက်တံခါးသည် ရခိုင်ဖြစ်ပါတယ်။ အရှေ့ တံခါးလည်း ရှိတာပေါ့။ ဘယ်တံခါးဘဲဖြစ်ဖြစ် လုံမှဖြစ်မယ်။ အနောက်တံခါးမလုံရင် မြန်မာပြည်က သယံဇာတတွေ အပါအဝင် လူမျိုးရေး၊ ဘာသာရေး၊ သာသနာရေး၊ အမျိုးအားလုံး ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အဲဒီတံခါးကို လုံအောင်လုပ်ဖို့တိုင်းရင်းသားတိုင်းမှာ တာဝန်ရှိပါတယ်။ နိုင်ငံတော်မှာလည်း တာဝန်ရှိတယ်။ သံဃာတော်တွေမှာလည်း တာဝန်ရှိပါတယ်။ တမျိုးသားလုံးတာဝန်ရှိ ပါတယ်။ အဲဒါကိုလည်း ဘုန်းဘုန်းတို့က သိအောင်၊ အရင်တုန်းက ဘုန်းဘုန်းတို့က အနောက်တံခါး လုံခြံုရေးဟာ ရခိုင်တွေနဲ့ပဲ ဆိုင်သလိုလိုနေနေခဲ့ကြတာ။ ခုလိုအဲသလို ကိုယ်နဲ့ မဆိုင်သလို နေလို့ မဖြစ်တော့ဘူး။ –  ရခိုင်တွေသည် ဘုန်းကြီး တို့ရဲ့ တမျိုးသားလုံးကို စောင့်ရှောက်နေတဲ့ အနောက်တံခါးမှူးတွေ ဖြစ်ပါတယ်။ အဲဒါကြောင့် ဘုန်းဘုန်းတို့က တနိုင်ငံလုံးမှာ ရခိုင်ပြည်နယ်ကို လိုက်ပြီးတော့ တိုင်းရင်းသား အမျိုးအချင်းချင်း လိုက်တွေ့တယ်။ ပြီးတော့ တိုင်းရင်း သားတွေကို တွေ့ဆုံတယ်၊ အားပေးတယ်၊ ချစ်ခင်တယ်။ အဓိကတော့ လိုက်ပြီး အားပေးတာပေါ့။

မေး-ရခိုင်တိုင်းရင်းသားတွေကို အကူအညီတွေလည်း အများကြီးထောက်ပံ့ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး မိန့်ကြားပေးပါ။

ဆရာတော်။  ။ တကယ့်လိုအပ်တဲ့နေရာတွေမှာလည်း လိုအပ်သလို ဘုန်းဘုန်းတို့ ဒီခရီးစဉ်မှာ လှူသွားပါတယ်။ ရခိုင်ပြည်နယ် ခရီးစဉ်မှာ ဘုန်းဘုန်းတို့ လှူသွားတာ ၂၄၄ သိန်း ၂ သောင်း  ရှိသွားပါပြီး။ အဓိကလှူခဲ့တဲ့ နေရာတွေကတော့ မင်းပြားမြို့နယ်က မာရမာကြီးလူမျိုးတွေကို ရှင် ၁၀၈ပါးပြုပေးပြီးတော့ တရားစခန်း ၃ ရက်ဖွင့်ပေးပါတယ်။ ပြီးတော့ ဘင်္ဂလားကနေပြီးတော့ ဒီဘက်ကို ၀င်လာတဲ့ ရခိုင် တိုင်းရင်းသားတွေကို လွတ်လွတ်လပ်လပ် သူတို့က ဖြည်းဖြည်းချင်းဝင်နေတဲ့အတွက်ကြောင့် နိုင်ငံတော် အစိုးရကလည်း နေရာတွေချပေးတယ်။ နေရာချပေးတဲ့နေရာမှာ ဘုန်းဘုန်းတို့သိရတာက အိမ်တစ်လုံးကို သိန်း ၄၀ တန်တစ်လုံးစီဆောက်ပေးတယ်လို့ ကြားတယ်။ လတ်တလောကတော့ မောင်တောက မြို့လယ်ကျောင်းမှာ  စုကြတယ်။ အဲဒီမှာ လတ်တလော အစိုုးရကနေရာမချပေးခင်မှာ စားဝတ်နေရေး လိုအပ်တာရှိပါတယ်။ ဒါကြောင့် ဘုန်းဘုန်းတို့ ကျပ် ၁၀၃ သိန်း လှူခဲ့ပါတယ်။အဲဒါကတော့ အမျိုးဘာသာ သာသနာစောင့် ရှောက်ရေး ရခိုင်ပြည်နယ် ဥက္ကဌက တဆင့်လှူးသွားခဲ့တာ ဖြစ်ပါတယ်။ လှူဒါန်းတဲ့ အဖွဲ့ကတော့  ဘုန်းဘုန်းတို့ အဖွဲ့က မော်လမြိုင်က သာသနပါလက ဂန္ဓဝါစကအဖွဲ့။ နောက်တဖွဲ့က အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ မော်လမြိုင်မြို့တို့ ဖြစ်ကြပါတယ်။

(ပြီး)

Most read this week