RNDP ဥက္ကဌအား ရွှေတံဆိပ်ဆုဂုဏ်ပြု

RNDP ဥက္ကဌအား ရွှေတံဆိပ်ဆုဂုဏ်ပြု
by -
နိရဥ္စရာ

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ( RNDP) ဥက္ကဌ ဒေါက်တာ အေးမောင်အား ပေါက်တောမြို့နယ် ပြည်သူများက အလေးချိန် (၁) ကျပ်သားရှိ ရွှေတံဆိပ်ဆု တစ်ခုအား ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သတင်း ရရှိသည်။

၎င်းဆုအား ပေါက်တော မြို့နယ်ပြည်သူလူထု ကိုယ်စား ​ပေါက်​​တောမြို့ ဘဝမ်​းကျောင်​း ဆရာတော်ကြီး  ဦးဣန္ဒဝံ့သမှ ယခုလ  ၂၀ ရက်နေ့၌ ရခိုင်လွှတ်တော်ကိုယ်စားလှယ်များနှင့် ပေါက်တောမြို့နယ် ပြည်သူလူထု တွေ့ဆုံပွဲတွင် ချီးမြှင့် ခဲ့ခြင်းဖြစ်သည်။

ဒေါက်တာ အေးမောင်အား ချီးမြှင့်ခဲ့ခြင်းမှာ ရခိုင်ပြည်နယ် အတွက်  အကျိုးဆောင်နေသည့် ပုဂ္ဂိုလ် တစ်ဦးဖြစ်၍ ချီးမြှင့် ရခြင်း ဖြစ်ကြောင်း ကော်မီတီ အဖွဲ့ဝင် လူကြီး တစ်ဦးမှ နိရဥ္စရာသို့ ပြောသည်။

ဒေါက်တာ အေးမောင်က “ကျွန်တော်တို့ ဆုချီးမြှင့်ရတဲ့ ရည်ရွယ်ချက်ကိုတော့ ရွှေတံဆိပ်ဆု ဂုဏ်ပြုမှတ် တမ်းလွှာမှာ အတိအကျ ဖေါ်ပြထားပါတယ်။ အဓိကတော့ ရခိုင်တိုင်းရင်းသားတွေရဲ့ အရေးကို မားမားမတ်မတ် ရပ်တည်ပြီး ဆောင်ရွက်နေတဲ့သူ တစ်ဦးဖြစ်တဲ့ အတွက် ခုလို ရွှေတံဆိပ်ဆုချီးမြှင့်ပြီး ဂုဏ်ပြုလွှာ ပေးအပ်တာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ဒေါက်တာ အေးမောင်အား ချီးမြှင့်သော ဂုဏ်ပြုလွှာထဲမှာတွင် “ ရခိုင်ပြည်နယ်နဲ့ ရခိုင်တိုင်းရင်းသားများ ကောင်းကျိုးအတွက် လွှတ်တော် အဆင့်ဆင့်နှင့် အခါ အခွင့် သင့်သော အခန်းကဏ္ဍတိုင်းတွင် တိကျ ပြတ်သားစွာ တင်ပြ တောင်းဆို ဆောင်ရွက် လျှက်ရှိသော RNDP ဗဟို အလုပ်အမူဆောင် ကော်မီတီ ဥက္ကဌ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ ရခိုင် တိုင်းရင်းသားများ အတွက် အစဉ်လေးစားထိုက်သော ရခိုင်တိုင်းရင်းသားများ ခေါင်းဆောင် ဒေါက်တာ အေးမောင်အား ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ပြည်သူလူထုမှ ရွှေတံဆိပ်ဆုနှင့် အတူ ဂုဏ်ပြုချီးမြှင့်အပ်ပါသည်။”  ဟု ဖေါ်ပြပါရှိသည်။

ယင်းအခမ်းအနားသို့ ပေါက်တောမြို့နယ်မှ ပြည်သူ ၁၀၀၀ ကျော်တက်ရောက်ခဲ့ပြီး ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၏ ရခိုင်ပြည်နယ် ကောင်းကျိုး အတွက် ဆောင်ရွက် သယ်ပိုး နေမူများအား ထောက်ခံကြို ဆို ကောင်းချီးသြဘာ ပေးခဲ့ကြသည်ဟု သိရသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း အပါအဝင် ပြည်နယ် လွှတ်တော်များသည် ဒီဇင်ဘာလ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့ထိ မင်းပြားနှင့် ပေါက် တောမြို့များသို့ သွားရောက်ပြီး လွှတ်တော် အတွေ့အကြံုများကို လူထုအား ရှင်းလင်းပြေားကြားခဲ့စဉ် ပေါက်တော လူထုမှ ရွှေတံဆိပ်အား ချီးမြှင့်ခဲ့ကြခြင်း ဖြစ်သည်။

Most read this week