ICRC နှင့် မြန်မာရဲတပ်ဖွဲ့တို့ စစ်တွေတွင် အလုပ်ရုံ ဆွေးနွေးပွဲပြုလုပ်

ICRC နှင့် မြန်မာရဲတပ်ဖွဲ့တို့ စစ်တွေတွင် အလုပ်ရုံ ဆွေးနွေးပွဲပြုလုပ်
by -
နိရဥ္စရာ

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ(ICRC)နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ စစ်တွေတွင် (၄) ရက်ကြာ အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ် ကျင်းပနေသည်ဟု သိရသည်။

နိုင်ငံတကာ ငြိမ်ဝပ်ပိပြားမှု ထိန်းသိမ်းရေးဆိုင်ရာ နိုင်ငံတကာစံနှုန်းများနှင့် ရဲလုပ်ပိုင်ခွင့် ကျင့်သုံးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” ဟု အမည်ပေးထားပြီး အိုင်စီအာရ်စီမှ ကျွမ်းကျင်သူ မစ္စတာ ဂျွန်အဲရစ်ဂျန်စန် အဓိက ဦးဆောင် ပို့ချနေကြောင်း ICRC က ပေးပို့သော သတင်းကျေညာချက်တွင် ဖေါ်ပြသည်။

စစ်တွေက အဓိဂရုဏ်းနှိမ်ရဲများ။

ဒီဇင်ဘာလ (၁၀) ရက်နေ့မှ (၁၃) ရက်နေ့ အထိ သင်တန်းပြုလုပ်သွားမည် ဖြစ်ပြီး  ဒုတိယရဲမှူးကြီး အဆင့်မှ ဒုတိယရဲမှူး အဆင့်အထိ  ရဲအရာရှိ စုစုပေါင်း ၃၅ ဦး တက်ရောက် နေကြောင်း ဆိုသည်။

ယခု အလုပ်ရုံဆွေးနွေးပွဲသည် ရခိုင်ပြည်နယ်အဆင့် ရဲအရာရှိများအတွက် ပထမဆုံး အကြိမ်ဆွေးနွေးပွဲ ဖြစ်သည်ဟု ကျေညာချက်တွင် ဖေါ်ပြသည်။

ယခုကဲ့သို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့်  အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ(ICRC )တို့ ထိတွေ့ ဆက်ဆံ ဆွေးနွေးမူများ ပြုလုပ်ခွင့်ရ၍ ၀မ်းမြှောက်ကြောင်း ICRC မြန်မာနိုင်ငံ အကြီးအကဲ မစ္စတာယုရ်ခ်မွန်တာနီက ပြောကြားသည်။

မစ္စတာယုရ်ခ်မွန်တာနီက “မြန်မာ ရဲတပ်ဖွဲ့နဲ့ ပိုမို တွေ့ဆုံ ဆွေးမှု ဆက်ရှိလာတဲ့ အတွက် ဝမ်းမြောက်မိပါ တယ်။ အိုင်စီအာရ်စီ အနေနဲ့ ကမ္ဘာတဝှမ်းရှိ ရဲတပ်ဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ကိုင်ရာကနေ အခြေအနေ အမျိုးမျိုးမှာ ဥပဒေ စိုးမိုးရေး တာဝန်ရှိသူတွေ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းတဲ့ အတွေ့အကြံုတွေ ရရှိ ထားပါတယ်။ ဒီအလုပ်ရုံဆွေးနွေးပွဲနဲ့ နောင်အနာဂတ် အလုပ်ရုံ ဆွေးနွေးပွဲတွေကနေ နှစ်ဦး နှစ်ဖက်အကျိုးရှိတဲ့ အတွေ့အကြံုတွေကို မျှဝေနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဆိုသည်။

ယခု စစ်တွေမြို့တွင်ပြုလုပ်နေသည့် ရဲအရာရှိများ အလုပ်ရုံ ဆွေးနွေးပွဲ မတိုင်မီ ၂၀၁၃ ခု စက်တင်ဘာလ အတွင်းက ရဲအရာရှိကြီးများ အလုပ်ရုံ ဆွေးနွေးပွဲတစ်ခုကို နေပြည်တော်တွင် ကျင်းပ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ယင်းနေပြည်တော်အလုပ်ရုံ ဆွေးနွေးပွဲသည် အိုင်စီအာရ်စီ အနေဖြင့် မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ပြု လုပ် သော ရဲလုပ်ငန်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲဖြစ်သည်။

အလုပ်ရုံ ဆွေးနွေးပွဲတွင် ဆွေးနွေးတင်ပြမှုများ၊ ဖြစ်ရပ်လေ့လာမှုများ၊ ဗီဒီယိုပြသခြင်းများနှင့် လက်တွေ့ လေ့ကျင့်ခန်းများဖြင့် ရဲလုပ်ပိုင်ခွင့်များအား ချင့်ချင့်ချိန်ချိန် ကျင့်သုံးပုံကို အဓိက ဆွေးနွေးမည်ဖြစ်သည်ဟု ဆိုသည်။

နေပြည်တော် အလုပ်ရုံဆွေးနွေးပွဲနည်းတူ ယခုဆွေးနွေးပွဲတွင် တင်ပြမည့်ခေါင်းစဉ်များမှာ အများပြည် သူဆိုင်ရာ ငြိမ်ဝပ်ပိပြားမှုကို စီမံခန့်ခွဲခြင်းနှင့် အဓိကရုဏ်းထိန်းသိမ်းခြင်း၊ အင်အားသုံး ဖြိုခွဲဲခြင်းနှင့် လက်နက် အသုံးပြုခြင်း၊ ဖမ်းဆီးခြင်းနှင့် ထိန်းသိမ်းခြင်း၊ ရှာဖွေမှုကျင့်သုံးပုံများကို ဆွေးနွေးပို့ချမည်ဟု ပြောသည်။

ယင်းအပြင် ကမ္ဘာတဝှမ်းနှင့် မြန်မာနိုင်ငံရှိ အိုင်စီအာရ်စီ၏ အခန်းကဏ္ဍနှင့် လုပ်ငန်းများကိုလည်း တင်ပြ ဆွေးနွေးသွားမည်ဟု ဆိုသည်။

အိုင်စီအာရ်စီသည် လူသားချင်း စာနာထောက်ထားမှု သက်သက်သာ ဆောင်ရွက်သော၊ နိုင်ငံရေးနှင့်မဆိုင် သောအဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်း၊  ရခိုင်ပြည်နယ်တွင် အိုင်စီအာရ်စီနှင့် မြန်မာနိုင်ငံကြက်ခြေနီ အသင်းတို့သည် ကျန်းမာရေးစောင့်ရှောက်မှုစနစ် တိုးတက်ကောင်းမွန်ရန်နှင့် ကျန်းမာရေး စောင့်ရှောက်မှုကို လူတိုင်းလက်လှမ်းမီရန် အတွက် အာဏာပိုင်များနှင့် ပူးပေါင်း လုပ်ဆောင်လျက်ရှိကြောင်း၊  အကြမ်းဖက်မှု ဒဏ်ခံရသေ ာရပ်ရွာအသိုင်း အဝိုင်းများ အတွက် ဝင်ငွေ တိုးရေး လုပ်ငန်းများကိုလည်း လုပ်ကိုင်လျက် ရှိကြောင်း ကျေညာချက်တွင် ဖေါ်ပြသည်။

Most read this week