အလုပ်သမားများ လုပ်ငန်းခွင်မှ အလုပ်ရပ်စဲရာတွင် ရသင့်ရထိုက်သည့် နစ်နာကြေးနှုန်းထား သတ်မှတ် နိုင်ရန်အတွက် အလုပ်ရှင်၊ အလုပ်သမား နှစ်ဖက်ကိုယ်စားလှယ်များက ဒီဇင်ဘာ ၁၀ ရက်တွင် တွေ့ဆုံ ဆွေးနွေးသွားမည်ဟု အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ သိရသည်။
“အလုပ်ရပ်စဲမှု နစ်နာကြေးနှုန်းထား ထုတ်ရမယ်ဆိုတာကလေ ကျွန်တော်တို့ရဲ့ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေရဲ့ နည်းဥပဒေ ၃၅ မှာ ပါပြီးသား၊ အလုပ်ရှင်က လုပ်ငန်းတစ်ခုခုကို ဆက်လက်လည်ပတ် လုပ်ကိုင်နိုင်ခြင်းမရှိသဖြင့်၊ လုပ်ငန်းရပ်ဆိုင်းရသောအခါတွင်ဖြစ်စေ၊ အလုပ်သမားအား အကြောင်းမဲ့ အလုပ်ထုတ်ပစ်သည့်အခါတွင်ဖြစ်စေ၊ ယင်းသို့ဆောင်ရွက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် အငြင်းပွားမှုများတွင် ပါ၀င်သော အလုပ်သမားအား အလုပ်ရှင်က ပေးရမည့် နစ်နာကြေးနှုန်းထားကို ၀န် ကြီးသည် အမိန့်ကြော်ငြာစာအမှတ်ဖြင့် အခါအားလျော်စွာ သတ်မှတ်၍ ထုတ်ပြန်နိုင်သည် ဆိုတာ ပါ တယ်”ဟု အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသန်းဝင်းက ဒီဇင်ဘာ ၉ ရက်တွင် မဇ္ဈိမကို ပြောသည်။
အလုပ်ရပ်စဲမှုများကြောင့် အလုပ်သမားများသို့ နစ်နာကြေးပေးဆောင်ရာတွင် အခြေခံလစာပေါ် တွက် ချက်ပေးဆောင်ပါက အဆင်မပြေနိုင်ကြောင်းနှင့် လက်ရှိ မြန်မာနိုင်ငံအတွင်းရှိ အခြေခံအလုပ်သမားများ ၏ လစာသည် ကျပ်သုံးသောင်းဝန်းကျင်သာ ရှိသည့်အတွက် နစ်နာကြေးကို လစာပေါ် အခြေခံ တွက် ချက်ပေးဆောင်လျှင်လည်း အနိမ့်ဆုံး သုံးလစာခန့်ရသင့်သည်ဟု မင်္ဂလာဒုံမြို့နယ်၊ အလုပ်သမားအငြင်း ပွားမှု ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့မှ အလုပ်သမားကိုယ်စားလှယ် ကိုဇော်လင်းထွန်းက ပြောကြားသည်။
နစ်နာကြေး သတ်မှတ်နိုင်ရေးအတွက် ဒေသတွင်းနိုင်ငံများရှိ အလုပ်သမားဥပဒေများနှင့် လေ့လာနှိုင်း ယှဉ်သွားရန်လိုပြီး နစ်နာကြေးပေးဆောင်ရာတွင်လည်း လုပ်သက်နှစ်ကာလအရ ခံစားခွင့်အဆင့်လိုက် သတ်မှတ်သွားရန် လိုမည်ဟု ဒေါက်တာသန်းဝင်းက ပြောကြားသည်။
“ဒီဟာက နိုင်ငံတကာမှာလဲ ရှိပါတယ်။ ဒါကို အာဆီယံနိုင်ငံတွေမှာလဲ လေ့လာပြီးပါပြီ။ လေ့လာတဲ့အခါ မှာ ကျွန်တော်တို့ဆီမှာ ဘာအားနည်းချက်လေး တွေ့ရလည်းဆိုရင် သုံးနှစ်နဲ့ သုံးနှစ်အထက်ဆိုရင် ငါး လစာ၊ အလုပ်ရပ်စဲမှု နစ်နာကြေး နှုန်းထားပေါ့လေ။ နစ်နာကြေးပေးတယ်။ သုံးနှစ်အထက်ဆိုတာက ၁၀ နှစ်လဲ ဒီလောက်ပဲ၊ ၁၅ နှစ်လည်း ဒီလောက်ပဲ၊ ဒါ ပုဂ္ဂလိကကဏ္ဍအတွက် ပြောတာပါ။ ဒီလိုဖြစ်နေတဲ့ အတွက် တကယ်လေ့လာလိုက်တဲ့အခါကျတော့ သူများတိုင်းပြည်မှာတော့ ၁၀ နှစ်အထက်ဆို တစ်မျိုး၊ ၁၅ နှစ် အထက်ဆို တစ်မျိုး စသည်ဖြင့် ရှိကြတယ်။ ဒီ အလုပ်ရပ်စဲမှုနစ်နာကြေး သတ်မှတ်ရေးဟာလဲပဲ အဓိက အပိုင်းထဲမှာ တချို့ပါ၀င်နေပါတယ်”ဟု ပြောသည်။
Labour Fights Clinic(L.R.C) မှ ကောက်ယူခဲ့သော ရန်ကုန်တိုင်းစက်မှုဇုန် အလုပ်သမားများ အခြေအ နေအစီရင်ခံစာ (၂၀၁၂-၁၃)အရ အထည်ချုပ်စက်ရုံတစ်ရုံတွင် လုပ်ကိုင်နေသော လုပ်သားတစ်ဦးသည် တစ်ရက်လုပ်ခသည် ကျပ် ရ၂၀ သာရှိပြီး တစ်လျှင် ကျပ် ၁၈,၇၂၀ (ဒေါ်လာ ၂၀) ကိုသာ လစာရင်းအ ဖြစ် ရရှိကြောင်း သိရသည်။