ရာမူး(ပန်းဝါ) ဘုန်းတော်ကြီးကျောင်းများမီးရှို့မူ ကြိုးကိုင်သူဟုစွပ်စွဲခံရသူဖမ်းမိ

ရာမူး(ပန်းဝါ) ဘုန်းတော်ကြီးကျောင်းများမီးရှို့မူ ကြိုးကိုင်သူဟုစွပ်စွဲခံရသူဖမ်းမိ
by -
နိရဥ္စရာ

ဘင်္ဂလာဒေချ့် နိုင်ငံ ကော့စ်ဘဇား ခရိုင် ရာမူး (ပန်းဝါ)မှ ဗုဒ္ဓဘုန်းတော်ကြီးကျောင်းများ မီးရှို့တိုက်ခိုက် လုယက်မူကို နောက်ကွယ်က အဓိက ကြိုးကိုင်ခဲ့သူဟု စွပ်စွဲခံထားရသူကို ဘင်္ဂလာဒေချ့် အထူး ရဲထောက်လှမ်းရေး တပ်ဖွဲ့ တစ်ခုမှ ယမန်နေ့က ဖမ်းဆီးလိုက်သည်ဟု ယနေ့ထုတ် ဘင်္ဂလာ သတင်းစာများတွင် ဖေါ်ပြသည်။

ဖမ်းဆီးခံရသူမှာ မြန်မာနယ်စပ် မောင်တောမြို့နယ်နှင့် ကပ်နေသော စစ်တကောင်း တောင်တန်းနယ် ဘင်ဒရိုဘင် (ရွာတော်) ခရိုင် နတ်ကျောက်ဆရီ မြို့နယ် ဥက္ကဌ တော်ဖီလ် အာမတ် ဆိုသူ ဖြစ်သည်။ ၎င်းသည် ဂျာမတ် အစ္စလာမ်မီယား ပါတီတွင် ရာထူး တာဝန် မရှိသော်လည်း  ထိပ်တန်းခေါင်းဆောင်များနှင့် အဆက်အသွယ်ရှိ နီးစပ်သူ  ဖြစ်ကြောင်း သတင်းစာများတွင် ဖေါ်ပြသည်။

ruin-Buddhist-image

၂၀၁၂ ခုနှစ် စက်တင်္ဘာလ ၂၉ ရက်နေ့ ညဉ့်အချိန်တွင် ရာမူး (ပန်းဝါမြို့) မှ ဗုဒ္ဓဘုန်းတော်ကြီးကျောင်း များကို အကြမ်းဖက်အုပ်စုများက ၀င်ရောက် မီးရှို့တိုက်ခိုက်ပြီး ကျောင်းပေါ်မှ ဆင်းထုတော်များ အပါအဝင် အဖိုးတန် ပစ္စည်းများကို လုယက် ယူဆောင်သွားခဲ့ကြသည်။

၎င်းတိုက်ခိုက်မူ အတွင်း ရာမူး (ပန်းဝါ) အပါအဝင် အိုကီယားမြို့နယ်မှ ဘုန်းတော်ကြီးကျောင်း (၂၁) ကျောင်း မီးရှို့ဖျက်ဆီး ခံခဲ့ရသည်။

၎င်းတိုက်ခိုက်မူများကို ယခု ဖမ်းဆီးခံရသူ တော်ဖီလ် အာမတ်က နောက်ကွယ်က ကြိုးကိုင်သည်ဟု ရဲက သံသယဖြစ်ပြီး လိုက်လံ ဖမ်းဆီးရာ ယင်းတော်ဖီလ်အာမတ်မှာ ၎င်းအချိန်ကပင် ထွက်ပြေး တိမ်းရှောင် သွားခဲ့သည်ဟု ဆိုသည်။

ယမန်နေ့က ရုတ်တရက် လူမြင်ကွင်းသို့ ထွက်ပေါ်လာခဲ့ပြီး သူ၏ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ရှိနေစဉ်  ရဲက ဖမ်းဆီးလိုက်သည်ဟု သိရသည်။

ယခု ဖမ်းဆီးခံရသူသည် ရာမူး (ပန်းဝါ) ဘုန်းတော်ကြီးကျောင်းများကို တိုက်ခိုက်ရန်လူများကို စုဆောင်း ပေးခဲ့သည်သာမက ငွေကြေးပေးပြီးလည်း ငှားရမ်းခဲ့ကြောင်း ရဲက စွပ်စွဲထားသည်။

Most read this week