ရင့်ကျက်မှုအတွက် ရုန်းကန်ကြိုးပမ်းနေတဲ့ မြန်မာလူငယ်စွမ်းအား

ရင့်ကျက်မှုအတွက် ရုန်းကန်ကြိုးပမ်းနေတဲ့ မြန်မာလူငယ်စွမ်းအား
by -
Nanchanok Wongsamuth

Nanchanok Wongsamuth - ရန်ကုန်မြို့ - ၁၉၈၉ခုနှစ်တုန်းက ရန်ကုန်မြို့လယ်မှာရှိတဲ့ လမ်းဘေးစာအုပ် ဆိုင် တစ်ဆိုင် ကိုသွားရောက် တာဟာ ထင်သလောက်တော့လွယ်ကူ ရိုးရှင်းမှုမရှိလှပါဘူး။ စျေးရောင်းသူက တွေ ခင်ဗျားရဲ့မျက်နှာကို မမှတ်မိရင်တော့  ဟုတ်ပါတယ်။

နိုင်ငံရေးလှုပ်ရှားမှုဟာ မြန်မာလူငယ်တွေကြားမှာ အသားကျဖို့ ဘယ်လောက်ခက်ခဲတယ် ဆိုတာကိုအသက် ၄၄နှစ်ရှိပြီဖြစ်တဲ့ ရန်မျိုးသိမ်းအနေနဲ့ သိပါတယ်။ ယခင်ဆေးကျောင်းသား ဟောင်းတစ်ဦးအနေနဲ့ စာအုပ်ဆိုင် ထဲဝင်သွားတဲ့အခါ ရှားပါးစားအုပ်တွေကိုဖတ်ရဖို့မျက်မှန်း တန်းမိနေတဲ့မျက်နှာနဲ့ပဲ မျက်နှာပြောင်တိုက် ၀င်သွားခဲ့ရတာပါ။

"သူတို့က ကျွန်တော့်ကိုမှတ်မိသွားတဲ့အခါ သူတို့မှာရှိသမျှထဲက မြန်မာပြည်နဲ့ ပတ်သက် တဲ့အင်္ဂလိပ်လိုရေး ထားတဲ့ သမိုင်းစာအုပ်တွေ ဒါမှမဟုတ်နိုင်ငံရေးစာအုပ်တွေကို ကျွန်တော့်ကို ထုတ်ပြတော့တာပါဘဲ" လို့အသက် ၁၄နှစ် ကတည်းကတစ်နေ့ကို အနည်းဆုံး သုံးနာရီကြာအောင် BBC နဲ့ VOA တို့မှ ရေဒီယိုသတင်း တွေကို နားထောင်ဖြစ်ခဲ့တဲ့ နိုင်ငံရေးသတင်း ဝေဖန်သူက ပြောပြခဲ့ပါတယ်။

အဲ့ဒီအချိန်တုန်းက မြန်မာအတိုက်အခံလှုပ်ရှားမှုအကြောင်းစာအုပ်တွေကို အများ ပြည်သူကိုရောင်းချခွင့် မပြုခဲ့ပါဘူး။ ဒီတော့စာအုပ်ဟောင်းဆိုင်တွေဟာ တော်လှန်ရေးအတွေးအမြင်တွေကို မြှင့်တင်ပေးတဲ့ အရေးပါတဲ့နေရာတွေဖြစ်ခဲ့ပါတယ်။ ငွေ ၂၀၀ကျပ်နဲ့ ရောင်းတဲ့အလားတူစာအုပ်တွေကိုလူတစ်ယောက်မှ တစ်ယောက်သို့ပေးတယ်။ ဖလှယ်တယ်။ ပြီးတော့သူငယ်ချင်း မိတ်ဆွေ တွေကြားမှာ ဆွေးနွေးခဲ့ကြတယ်။

၂၄နှစ်ကြာတော့ လှုပ်ရှားမှုအမျိုးမျိုးမှာ ပါ၀င်လာကြတဲ့လူငယ်အရေအတွက်က အတိတ် ကာလတုန်းကထက် ပိုပြီးမြင့်မားလာတယ်။ ဒါပေမယ့် ဆိုရှယ်လစ်အစိုးရကို ဆန့်ကျင်တဲ့ ၁၉၈၈ အရေးတော်ပုံမှာပါ၀င်လို့ အသက် ၁၈နှစ်မှာ ထောင်သုံးနှစ်နီးပါးကျခဲ့တဲ့ ရန်မျိုးသိန်းကတော့ နိုင်ငံရေးမှာ သူတို့အနေနဲ့ သြဇာလွှမ်းမိုးမှု ဘယ်လောက်ရှိရှိနဲ့ အမှန်တကယ် ၀င်ရောက်ပြောဆိုနိုင်မလဲ ဆိုတာနဲ့ပတ်သက်ပြီးသံသယရှိနေဆဲပါပဲ။

မျိုးဆက်သစ်လူငယ်များ (Generation Wave) လို့အမည်ရတဲ့ ဒီမိုကရေစီလိုလားတဲ့ လူငယ်အဖွဲ့ တစ်ဖွဲ့က တော့ နိုင်ငံရေးတိုက်ပွဲ မပြီးဆုံးသေးဘူးဆိုတာကိုပြည်သူတွေကို ရှင်းပြတာမျိုးပြီးတော့လက်မှတ်လိုက် ကောက်တဲ့ လှုပ်ရှားမှုမျိုးတွေကိုု ၂၀၁၀ ရွေးကောက်ပွဲတွေကျင်းပချိန်ကတည်းက ပွင့်ပွင့်လင်းလင်းပဲ လုပ်ဆောင်လာပါတယ်။ အဲ့ဒီအဖွဲ့ဟာ သူတို့ရဲ့အမြင်တွေကို ဟစ်ဟော့(ပ်) သီးချင်းတွေ ဂရပ်ဖတီပုံတွေမှ တစ်ဆင့် ဖေါ်ထုတ်ရာမှာ လူသိများလှပါတယ်။

အဲသလို လှုပ်ရှားသူတွေထဲမှာ ပါ၀င်တဲ့သူကတော့ အသက် ၃၂နှစ် အရွယ်ရှိတဲ့ မိုဃ်းသွေးဖြစ်ပါတယ်။ ရော့(ခ်)ဂီတသမားဟောင်းဖြစ်တဲ့သူဟာ ဂျင်းဘောင်းဘီနဲ့ တင်ပလ္လင်ခွေ ထိုင်တယ်။ အနက်နဲ့ အဖြူအကွက်ပါတဲ့ ရှပ်အကျႋကို ၀တ်ဆင်တယ်။ သူ့ခေါင်းငုံလိုက်ရင် သူ့ဆံပင်တွေက သူ့မျက်လုံးက ဖုံးအုပ်သွားတယ်။ အနက် ရောင် နားကပ်ကြီးတွေကတော့ သူ့နားမှာ အထင်းသား၊ ခက်ခဲရိုင်းစိုင်း ကြမ်းတမ်းလှတဲ့ဘဝကို တစ်ခါက ဦးဆောင်ခဲ့သူဟာ သာမန် လွတ်မြောက်ရေး တိုက်ပွဲဝင်သူတစ်ဦးတော့ မဟုတ်ပါဘူး။

"အာဏာရှင် အုပ်စိုးတဲ့နှစ်တွေတုန်းက ကျွန်တော်တို့ဘာမှ လုပ်လို့မရဘူး။ ဒီတော့ ဂီတ တွေဖြန့်ဖြူးတာ ကဗျာတွေထုတ်ဝေတာ ပြီးတော့ လမ်းဘေးနံရံတွေမှာ ဂရပ်ဖတီရေးဆွဲတာမျိုး အနုပညာပုံုစံမျိုး ကျွန်တော် တို့ လုပ်ခဲ့တယ်" လို့သူက ပြောပြခဲ့ပါတယ်။ သူဟာ ၂၀၀၇ခုနှစ်မှာ အဲဒီအဖွဲ့ကို စတင်ဖွဲ့စည်းစဉ်ကတည်းက အဲ့ဒီအဖွဲ့ရဲ့ ဦးဆောင်သူ ဥက္ကဌ အဖြစ်တာဝန်ထမ်း ဆောင်နေတာဖြစ်ပါတယ်။

အခုဆိုရင် Generation Wave အဖွဲ့ဟာနည်းဗျူဟာ အမျိုးမျိုးကိို အသုံးပြုပါတယ်။ သူတို့ရဲ့ ၀က်(ဘ်)ဆိုက်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေကို သူတို့လှုပ်ရှားမှုတွေရဲ့နောက်ဆုံုး အခြေအနေနဲ့ပတ်သက်ပြီး အသိပေးဖို့ဆန္ဒပြကန့်ကွက်ပွဲတွေ စုစည်းလုပ်ဆောင်ဖို့နဲ့ ပြည်သူတွေကို စည်းရုံးလှုပ်ရှားဖို့တွေ အတွက် အသုံးပြုကြပါတယ်။

မြန်မာပြည်မှာ ဆင်ဆာဖြတ်တောက်ပိတ်ဆို့မှုတွေ ရှိခဲ့တဲ့ဆယ်စုနှစ်များစွာ ကြာပြီးတဲ့ နောက်အင်တာနက် အခွင့်အလမ်းတွေကမှ တစ်ဆင့်ဒီလိုနိုင်ငံရေး၊ အင်အားစုလေးတွေဟာ အကျိုး ကျေးဇူးတွေရရှိလာခဲ့ပါ တယ်။ အသက် ၃၀နှစ်အောက်ရှိတဲ့ နိုင်ငံလူဦးရေရဲ့ ထက်ဝက် ကျော်အနေနဲ့ အင်တာနက်ဟာ နိုင်ငံရေးနဲ့ ဒီမိုကရေစီအရေးတို့နဲ့ ပတ်သက်ပြီးတော့ အမြင်တွေ ကိုဖေါ်ထုတ်ဖို့ အရေးပါတဲ့ ကိရိယာတစ်ခုဖြစ်ဖို့ လို့နေပါပြီ။

မေလတုန်းက ပြည်တွင်းစစ် ရပ်စဲဖို့နဲ့နိုင်ငံရေးဆွေးနွေးပွဲ စတင်ဖို့လှုပ်ရှားမှုတစ်ရပ်လုပ်တဲ့ အနေနဲ့ လက်မှတ်တွေစုစည်းကောက်ခံတာကို Generation Wave အဖွဲ့က တစ်လတာ လုပ်ဆောင်ခဲ့ပါတယ်။ အင်တာနက် ဖေ့(စ်)ဘွတ်နဲ့ အီးမေး(လ်)အကူအညီတွေနဲ့ လက်မှတ် ပေါင်း ၆၀၀၀၀ကျော်သူတို့စုစည်း ကောက်ခံ ရရှိခဲ့ပါတယ်။ မနှစ်တုန်းကလည်း နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ၁၀မိုင် ခရီးချီတက်ဖို့ လူဦးရေး ၂၀၀၀ လောက်သူတို့ စုစည်းနိုင်ခဲ့ကြသေးတယ်။

မနှစ်က စက်တင်ဘာလကစပြီးတော့ ခွင့်ပြုချက်မရှိပဲဆန္ဒပြမှုနိုင်ငံတော်ကို ဆန့်ကျင်မှု (သို့မဟုတ်) နိုုင်ငံတော် သိုု့မဟုုတ် အများပြည်သ ူတည်ငြိမ်အေးချမ်းမှုကို အနှောက်အယှက်ဖြစ်စေမှု၊ ရာဇဝတ်မှုကျင့်ထုံး ဥပဒေကို ချိုးဖေါက်မှုစတာတွေနဲ့ အမှုပေါင်း ၁၉ မှု ကို မိုဃ်းသွေး ရင်ဆိုင်ခဲ့ရပါတယ်။ သူ့ရဲ့အပတ်စဉ် လုပ်ဆောင်နေကျ ကိစ္စရပ်တွေထဲမှာ တရားရုံုးသွားတာလည်းပါ၀င်ပါတယ်။ အကြိမ်ပေါင်း ၁၇၀ကျော် လောက် တရားရုံးကို သူသွားခဲ့တယ်လို့ သူကခန့်မှန်းပြောဆိုပါတယ်။

"ပုဒ်မ ၁၈ (ရာဇဝတ်မှုကျင့်ထုံးဥပဒေ) ကိုချိုးဖောက်မှုနဲ့ဆက်စပ်ပြီးတော့ ကျွန်တော့်မှာ ၁၆မှုရှိတယ်။ ဒါကလည်း အမြင့်ဆုံးပြစ်ဒဏ်အနေနဲ့ ထောက်ဒဏ်တစ်နှစ်ပေါ့ ပြီးတော့ ပုဒ်မ ၅၀၅(ခ)နဲ့ ဆက်စပ်နေတဲ့ အမှုက နှစ်မှုရှိတယ်။ အဲ့ဒါကအမြင့်ဆုံးပြစ်ဒဏ် နှစ်နှစ်ပေါ့။ ဒီတော့ အမြင့်ဆုံး ၂၂နှစ်ပေါ့ဗျာ" လို့သူကပြံုးပြီးတော့ ပြောပါတယ်။

Generation Wave စဖွဲ့ကတည်းက အဖွဲ့ဝင် ၂၇ယောက် အဖမ်းဆီးခံခဲ့ရတယ်။ ဒါပေမယ့် အခုတော့ အကုန်လွတ်ကုန်ပါပြီ သို့သော်လည်း အဖွဲဲ့ဝင် ၁၅ယောက်ကတော့ အချိန်မရွေး သူတို့အဖမ်းခံရနိုင်တယ်လို့ သိကြပါတယ်။ "အခုတောင်မှ ရဲက ခင်ဗျားအပါအဝင် ကျွန်တော်တို့ကို လာဖမ်းချင်ဖမ်းနိုင်တယ် " လို့ ဒီအဖွဲ့ရဲ့တွဲဖက်တည်ထောင်သူ မင်းရန်နိုင်ကပြော ပါတယ်။

လူငယ်တွေနိုင်ငံရေးခေါင်းဆောင်တွေ ဖြစ်လာအောင် တွန်းအားပေးဖို့ အမျိုးသားလူငယ် ကွန်ဂရက် (National Youth Congress) နဲ့လည်း မိုဃ်းသွေးက နီးကပ်စွာ အလုပ်လုပ်လျက်ရှိနေ ပါတယ်။ ရန်ကုန်မြို့လယ်ကောင်မှာရှိတဲ့ လမ်း ၅၀ ကော်ဖီဆိုင်မှာ ထိုင်ရင်းနဲ့ စစ်အစိုးရ အုပ်ချုပ် နေစဉ်ကာလအတွင်း ၁၅နှစ်ကြာ နေအိမ်အကျယ်ချုပ်နဲ့ ထိမ်းသိမ်းခံရတဲ့မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်အောင်ဆန်းစုကြည် အနေနဲ့ နိုင်ငံကို တစ်ဦးတည်း ခေါင်းဆောင်နိုင်စွမ်းမရှိဘူးလို့ သူကပြောပါတယ်။ "အခြေခံတည်ဆောက်ဖို့ ကျွန်တော်တို့အနေနဲ့ ဒေါ်စုကို လိုအပ်ပါတယ်။ ဒါပေမယ့် အနာဂတ်ခေါင်းဆောင်မှုအတွက် ကျွန်တော်တို့ကိုယ်တိုင် တည်ဆောက်ရယူမှာပဲ တခြားလူတွေကို မှီခိုနေလို့မရဘူး" လို့သူကပြောပါတယ်။

ဒီမိုကရေစီဆိုတာ ရွေးကောက်ပွဲ သက်သက်မဟုတ်ဘဲ လူထုရဲ့တခြားသော ပူးပေါင်းပါ၀င် မှုပုံစံတွေပါ ပါ၀င်ပါတယ်လို့ ပြောရင်းနဲ့ ၂၀၁၅ရွေးကောက်ပွဲအတွက် နိုင်ငံရေးနယ်ပယ်ထဲ ၀င်ရောက်ဖို့သူ့မှာ မည်သည့်အစီအစဉ်မှ မရှိပါဘူးလို့ သူကထပ်လောင်းပြောဆိုပါသေးတယ်။ လူထုရဲ့ပူးပေါင်းပါ၀င်မှုတွေကို မြှင့်တင်ဖို့ဆိုရင် အရပ်ဖက်လူ့အဖွဲ့အစည်းဟာ မရှိမဖြစ်လိုအပ်ပါ တယ်လို့သူက ပြောပါသေးတယ်။ ဒီကနေ့လူငယ်တွေနဲ့အတူ ၂၀၂၀ခုနှစ်မှာ နိုင်ငံရေးထဲကို ၀င်ရောက်ဖို့ သူစဉ်းစားနိုင်ပါတယ်။ " ကျွန်တော်ကတော့ မျိုးဆက်သစ်လူငယ် အစည်းအရုံုးနဲ့ အတူ သွားချင်တယ်" လို့သူကပြောပါတယ်။

ရန်ကုန်မြို့တွင်းက တစ်နေရာ ဇေယျာသီရီလမ်းမကြီးပေါ်က တိုက်ခန်းတစ်ခန်းမှာ နေ့လည် ၃နာရီလောက် အသက် ၂၀မှ ၃၅ရှိတဲ့ အမျိုးသား ကိုဦးနဲ့ အမျိုးသမီးရှစ်ဦးတို့ ကြမ်းပြင် ထက်မှာထိုင်နေကြတယ်။ သူတို့က စက်တင်ဘာလ ၂၁ရက်နေ့မှာ နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့နဲ့ ပတ်သက်ပြီး လှုပ်ရှားမှုတစ်ခုပြုလုပ်ဖို့ နည်းလမ်းတွေကို ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။

မြန်ဆန်တယ်၊ အားလုံုးပါ၀င်မှုရှိတယ်။ ငြိမ်းချမ်းရေးမှတ်တမ်းတင် ရုပ်ရှင်ကားပြီးတော့ ဖေ့(စ်)ဘွတ် သူတို့ရဲ့ဆွေးနွေးမှုပွဲအတွင်းမှာ သူတို့တွေအားလုံးနီးပါး ဒီလိုမျိုး အင်္ဂလိပ်ဝေါဟာ ရတွေသုံးစွဲနိုင်တဲ့ အချက်ဟာ သူတို့ဘာကြောင့် လူမှုမီဒီယာကနေ တစ်ဆင့် နိုင်ငံတကာအဖွဲ့ အစည်းတွေအထိ ဆက်သွယ်နိုင်နေသလဲဆိုတာကို ဖော်ပြနေပါတယ်။

၂၀၀၈ခုနှစ်အတွင်း အသက် ၂၆နှစ်ရှိပြီဖြစ်တဲ့ ဆလိုင်းဒေးဗစ် သူ့ရဲ့ကိုယ်ပိုင် ဖေ့(စ်)ဘွတ် အကောင့်ရတဲ့ အချိန်ပြီးတော့ အဲဒီအချိန်မှာပဲ ရှမ်းပြည်နယ်ကနေ ရန်ကုန်ကို ကျောင်းတက်ဖို့ပြောင်းလာတဲ့ အချိန်မှ မိုဘိုင်း(လ်)ဖုန်းတွေအတွက် SIM ကဒ်တွေက အနည်းဆုံး အမေရိကန်ဒေါ်လာ ၂၀၀၀ ကုန်ကျတယ်။  ဒီတော့သူက အင်တာနက်သုံးဖို့ Cyber Cafe ကို အသုံးပြုခဲ့ရတယ်။ မနှစ်တုန်းကဆင်း(မ်)ကဒ် တစ်ခုကို ဒေါ်လာ ၅၀၀နဲ့ ၀ယ်ခဲ့ရတယ်။ မြန်မာပြည် မှာ လူငယ်မူဝါဒရေးရာ အလွတ်တန်းသုတေသီ တစ်ဦးအဖြစ်အလုပ်လုပ်နေရင်းနဲ့ မနှစ်တုန်းက ချင်းလူငယ်ကွန်ရက်ကိုု ပူးတွဲထူထောင်ခဲ့သူဟာ အခုုတော့ ချင်းလူငယ်ကွန်ရက်အတွက် ပိုု့စ် အသစ်တွေတင်ဖိုု့ အင်တာနက်ကိုု သူ့မိုုဘိုုင်းဖုုန်းပေါ်မှာပဲ အသုံးပြုနေပါပြီ။

ချင်းတိုင်းရင်းသား မျိုးနွယ်စုဟာ မြန်မာအစိုးရအသိတရားဝင် အမှတ်ပြုထားတဲ့ တိုင်းရင်းသားလူမျိုးစု ၁၃၅မျိုးထဲက တစ်ခုဖြစ်ပါတယ်။ လူဦးရေ ၅၀၀၀၀၀ လောက်ရှိပါတယ်။ မြန်မာပြည်မှာ ပြည်နယ်တစ်ခုချင်း စီမှာ တိုင်းရင်းသားလူမျိုးစု အသီးသီးအတွက် သူ့ကိုယ်ပိုင်လူငယ်ကွန်ယက်တွေ ရှိကြပါတယ်။ သူတို့တွေဟာ နှစ်စဉ်နှစ်တိုင်းအမျိုးသား လူငယ်ဖိုရမ်မှာ ဆုံတွေ့ကြပါတယ်။ ဇူလိုင်လတုန်းက ချင်းပြည် နယ်တစ်ဝှမ်းမှာ နည်းပညာနဲ့ တယ်လီဖုန်းလိုင်းတွေ မရှိတဲ့ကိစ္စအပါအဝင် ပြဿနာဆယ်ခုကို ဆွေးနွေးထားတဲ့ မူဝါဒစာ တမ်းတစ်စောင်တင်သွင်းဖို့ ချင်းလူငယ်ကွန်ယက်က  နေပြည်တော်မှာလွှတ်တော်ကုုိယ်စားလှယ် တွေကိုုသွားတွေ့ခဲ့ကြပါတယ်။

ဒီတွေ့ဆုံပွဲဟာ ဆလိုင်းအနေနဲ့ တတိယတက်ရောက်ဖူးခြင်းဖြစ်ပါတယ်။ အဲဒီတွေ့ဆုံ စည်းဝေးပွဲမှာ အခြေခံမူဘောင်၊ ဒီမိုကရေစီ၊စေ့ဆော်မှု၊ အဖြေ နဲ့ ၈၈ ဆိုတဲ့စကားလုံးမျိုး တွေလွှမ်းမိုးနေပါတယ်။

၁၉၈၈ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီးကို လူငယ်တွေက ဦးဆောင်ခဲ့ကြတာဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း Seng Gu လို တစ်ချို့လူငယ်တွေ ကတော့ လူငယ်တွေရဲ့ စွမ်းအားကို အကောင်းမြင်ကြတာဖြစ်ပါတယ်။

"အခုဆိုရင် လူငယ်အဖွဲ့တွေဟာ ဒီမိုကရေစီပြောင်းလဲမှု ဖြစ်စဉ်ကို ဦးဆောင်နေကြတယ်။ ဒါပေမယ့် ပြသနာကတော့ ကျွန်တော်တို့ရဲ့အစိုးရအနေနဲ့ သမိုင်းကြောင်းကို ကောင်းကောင်း မဖေါ်ပြတာပါဘဲ။ ကျောင်းသင်ရိုးညွှန်းတမ်းမှာလည်း ၁၉၈၈ အရေားတော်ပုံနဲ့ ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်ကို မဖေါ်ပြဘူး။ ဒါဟာ ရှေ့ကမျိုးဆက်တွေနဲ့ လူငယ်ထုကြားမှာ ကွာဟချက်ကို ဖြစ်ပေါ်စေတာပေ့ါ" ဒါကတော့ အသက် ၃၅နှစ် အရွယ် အရပ်ဖက် လူအဖွဲ့အစည်းကို ငြိမ်းချမ်းရေး သင်ခန်းစာ သင်တန်းတွေပေးနေတဲ့ community response group ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ တစ်ဦးက ပြောကြားတာဖြစ်ပါတယ်။

နိုင်ငံရေးရင့်ကျက်မှုကို အလေးထားပြောရင်းနဲ့သူ့ရဲ့မျိုးဆက် အတိတ်ကာလတုန်းကပြု လုပ်ခဲ့သလို နိုင်ငံရေးသဘောတရားတွေ ဖတ်ရှုလေ့လာမှုမပြုဘဲနဲ့ ပညာကောင်းကောင်းမတတ်ဘဲ နဲ့ ဆိုရင်တော့ နိုင်ငံရေးသမားတစ်ယောက်ဖြစ်မလာနိုင်ဘူးလို့ ရန်မျိုးသိမ်းက ပြောပါတယ်။ "လေ့လာဖတ်ရှုမထားရင်တော့ ခင်ဗျားဟာ တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်နိုင်ပါတယ်။

ကျွန်တော်တို့နိုင်ငံက ရင့်ကျက်ပြည့်ဝတဲ့ နိုင်ငံရေးသမားအများအပြား လိုအပ်နေတာဗျ။ အဲသလို လူတွေသာမရှိရင် ကျုပ်တို့နိုင်ငံရဲ့ အနာဂတ်ကတော့ အခြေအနေမဟန်ဘူးဗျ" လို့ ရန်မျိုးသိမ်းက ပြောပါတယ်။

ဖေ့(စ်)ဘွတ် မှာ ရန်မျိုးသိမ်းရဲ့ profile picture က ကျောင်းသားလှုပ်ရှားမှုရဲ့ သင်္ကေတဖြစ်တဲ့ ဒေါင်းရုပ်ဖြစ်ပါတယ်။ သူ့ရဲ့လူမှုမီဒီယာ ၀က်(ဘ်)ဆိုက်မှာ နိုင်ငံရေးနဲ့ပတ်သက်တဲ့ သူ့ရဲ့ရေးသားတဲ့ posts တွေကို လေ့လာတဲ့ မိတ်ဆွေ ၁၅၀၀ ရှိပါတယ်။  အသက် ၁၃နှစ်နဲ့ ၁၀နှစ် အသီးသီးရှိနေကြပြီဖြစ်တဲ့ သူရဲ့သမီးတွေက အခုဆိုရင်ဖေ့(စ်)ဘွတ် အကောင့်တွေအရမ်းကို ဖွင့်ချင်နေကြပါတယ်။

"အသက် ၁၄နှစ်ကျရင် ကျွန်တော်သူတို့ကို ဖေ့(စ်)ဘွတ် အကောင့်တစ်ခုဖွင့်ခွင့် ပြုမှာပါ။ ဘာဖြစ်လို့လဲဆို တော့ တစ်ခါတစ်လေမှာ တစ်ချို့ရေးတင်ထားတာတွေက ကလေးတွေ အတွက် မကောင်းပါဘူး" လို့သူကပြောပါတယ်။ " ဒီမှာဆိုရင်ဗျာ လူငယ်အများစုက စာအုပ်တွေ ဖတ်ကြည့်မယ့်အစား ဖေ့(စ်)ဘွတ်နဲ့ အင်တာနက်ပေါ်က အတိုအစရေးသားချက်တွေကိုပဲ ဖတ်ကြတယ်။ လူငယ်တွေသူတို့ကိုယ်သူတို့ ပညာမဆည်းပူးကြဘူူး။ ဒီကလူငယ်အများစုက အင်္ဂလိပ်မဖတ်တတ်ကြဘူး။ ဒီတော့ အများစုက အင်တာနက်နဲ့ ဖေ့(စ်)ဘွတ်ပေါ်မှာ ဘာသာပြန်အရေးအသားတွေကိုဘဲ ရှာဖွေကြရတယ်။ အဲဒါကြောင့်ပဲ သူတို့ ကောင်းကောင်းပညာမတတ် ကြတာပေါ့။"

ဒါပေမယ့် စကားအချေအတင်ပြောဆိုတတ်ကြတဲ့ လူငယ်တစ်စုကတော့ ဒီအယူအဆကို သဘောမတူကြပါ ဘူး။

၂၀၀၈ခုနှစ် ရုံးဖွင့်ရက်တစ်နေ့ နေ့လည် ၂ နာရီခွဲ အချိန်ဖြစ်ပါတယ်၊  အမေရိကန်စင်တာ စကားစစ်ထိုးပွဲ (၀ါ) စကားရည်လုပွဲအသင်း (ACDC) တည်ရှိရဲ့နှစ်ထပ်အဆောက်အအုံရဲ့ မြေညီထပ်မှာ လူ၂၀ ၀န်းကျင်စုဝေး ခဲ့ကြတယ်။ သူတို့တွေဟာ ပတ်ဝန်းကျင်ထိမ်းသိမ်းစောင့်ရှောက်ရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အကြောင်းဆွေးနွေးကြဖို့ ရောက်လာကြတာပါ။ အဲသလိုဆွေးနွေးရာ မှာ  အကြောင်းအရာနှစ်ခုထဲက ဘယ်တစ်ခုကို ပိုအရေးကြီးတယ်ဆိုတာကို  စကားအချေတင် ပြေကြာဖို့ အစီအစဉ် တစ်ရပ်လည်း ပါ၀င်ပါတယ်။ အသက် ၂၀ ၀န်းကျင်ရှိ  လူငယ်တစ်ယောက် လာတော့ မတ်တပ်ရပ်ပြီးတော့ သူ့ရဲ့သဘော ထား ရပ်တည်ချက်ကို ဆွေးနွေးသွားခဲ့ပါတယ်။

''အစိုးရဟာ တိုင်းပြည်မှာရှိတဲ့ သဘာဝသယံဇာတတွေကို တူးဖော်ပြီးတော့ တရုတ်နဲ့ တခြားနိုင်ငံတွေဆီကို ရောင်းချပေးနေတယ်။ သူတို့က သူတို့ရဲ့ အိတ်ကပ်တွေထဲကို ပိုက်ဆံတွေ ထည့်နေချိန်မှာ ကျွန်တော်တို့ ပြည်သူတွေကတော့ ဆင်းရဲနေဆဲပါပဲလို့ အဲဒီလူငယ်က ပြောဆိုခဲ့ပါတယ်။
    
အဲသလို ဆွေးနွေးမှု ပြုလုပ်ပြီးတဲ့နောက်မှာတော့ အဲဒီထဲက ပါ၀င်သူ ၅ဦးအား စစ်ထောက်လှမ်းရေးရဲ့ ခေါင်းဆောင်သွားခြင်ကို ခံခဲ့ရပါတယ်။ ကံကောင်းချင်တော့ သတို့ဟာ ခဏတာပဲ ချုပ်နှောင် စစ်ဆေးမေးမြန်းခံခဲ့ရပါတယ်။ သူတို့တွေဟာ အမေရိကန်စင်တာ စကားစစ်ထိုးပွဲ(၀ါ) စကားရည်ပွဲအသင်း (ACDC)ရဲ့ ထူထောင်သူ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သူ ပြီးတော့ အဲဒီနေ့ လှုပ်ရှားမှုမှာ ဦးဆောင်ခဲ့သူ ငြိမ်းဇာနည်နိုင် အကြောင်းကို ထုုတ်မပြောသွားခဲ့ပါဘူး။ အဲဒီ (ACDC) အသင်းကို လှုပ်ရှားမှုတွေနဲ့ ဆက်စပ်နေတဲ့ အန္တရာယ်တွေကြောင့် တစ်နှစ်အကြာမှာ ဖျက်သိမ်းပစ်ခဲ့ပါတယ်။

'' အဲဒီနေ့ မတိုင်ခင်က ကျွန်တော်တို့ နောက်ကို လူတွေ လိုက်နေတယ်လို့ တစ်ယောက်က သတိထားမိခဲ့ တယ်။ ဒါပေမယ့် ဒါဟာ မြန်မာပြည်မှာ ဖြစ်နေကျပဲလို့ပဲ ကျွန်တော်မြင်ပါတယ်"လို့ ငြိမ်းဇာနည်က ပြောပါတယ်။

အဲဒီနေ့မှာတော့ အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ ငြိမ်းဇာနည်ဟာ မြန်မာစကားစစ်ထိုးပွဲ (၀ါ) စကားရည်လုပွဲ ပညာရေး အဖွဲ့ Myanmar Debate Education Society (MEDS) အကြံပေး အဖွဲ့ရဲ့ ခေါင်ဆောင်ဖြစ် နေပါတယ်။

၂၀၁၁ ခုနှစ် အတွင်းက ထည်ထောင်ခဲ့တဲ့ MDES ဟာ အကျိုးအမြတ်မယူတဲ့ နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ အဖွဲ့အစည်း တစ်ခုဖြစ်ပါတယ်။ ပြီးတော့ တိုင်းပြည်မှာ အချိန်ကာလကြာမြင့်စွာ အားမပေးဘဲနေခဲ့တဲ့ အလေ့အထ  တစ်ခုဖြစ်တဲ့ စကားစစ်ထိုးမှု (၀ါ) စကားရည်လုမှု ယဉ်ကျေးမှုကို မြှင့်တင်ဖို့ ရည်ရွယ်တည် ထောင်ထားတဲ့ အဖွဲ့ဖြစ်ပါတယ်။

အောင်မြင်တဲ့ ငြိ်မ်းချမ်းရေး ဆွေးနွေးပွဲဖြစ်ဖို့ မြန်မာနိုင်ငံဟာ စကားအချေအတင်ပြောဆိုမှု (၀ါ) စကားရည်လု ပြောဆိုမှု ယဉ်ကျေးမှု တစ်ရပ်လိုအပ်တယ်လို့ ငြိမ်းဇာနည်က ပြောပါတယ်။''တကယ်လို့သာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လူငယ်တွေက ဦးဆောင်မယ်ဆိုရင် အောင်မြင်မှု ရှိမှာပါ ဘာဖြစ်လို့လည်းဆိုတော့ လူငယ်တွေ ဟာ တကယ့်ကိုပဲ လက်တွေ့ကျကျ လုပ်ဆောင်နိုင်တယ်။ သူတို့မှာ နောက်ကွယ်က အစီအစဉ်ဆိုတာမျိုး မရှိဘူး။ ဒါပေမယ့် သူတို့မှာ အတွေ့အကြုံရှိတဲ့ လူတွေတော့ လိုအပ်တယ်။ ဒါကြောင့်မိုလို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲလို နေရာမျိုးမှာ လူငယ်တွေကို ဘာလို့ ခေါ်လို့မရရမှာလဲ" လို့ သူက မေးခွန်းထုတ်ပြောဆိုပါတယ်။

စကားရပ်လုတာ (၀ါ) စကားအချေအတင် ပြောဆိုတာဟာ ဆွေးနွေးမှု ပုံစံတစ်မျိုးလည်း ဖြစ်အောင်လို့ ရှုမြင်သူကတော့ MEDC ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အသက် ၃၃ နှစ်ရှိ ပီတာပြည့်စုံဖြစ် ပါတယ်။ တကယ်လို့သာ အဲသလို စကားအချေအတင်ပြောဆိုဆွေးနွေးမှုသာ ရှိမယ်ဆိုရင် ဖေ့(စ်) ဘွတ်လို နေရာတွေက အသုံးဝင်မှာ ပါလို့ သူကပြောပါတယ်။ "ကျောက်ခေတ်မှာ ပြဿနာတစ်ခု ဖြစ်ရင် လက်နက်တွေ အင်အားတွေ သုံးပြီး တော့ ဖြေရှင်းမှာပေါ့ အချေအတင် ဆွေးနွေးပြောဆိုမှု မျိုးသာ ရှိမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ကျိုးကြောင်းဆီ လျော်တဲ့ အတွေးအခေါ်တွေကို အသုံးချလို့ရတယ်။ တစ်ဖက်လူရဲ့ အမြင်တွေကိုလည်း လေးလေးစားစား ရှုမြင်တတ်မယ်။ ပြီးတော့ ဘုံုသဘော တူညီချက်အချို့ကိုလည်း ရှာတွေ့နိုင်ပါတယ်" လို့ သူကပြောပါတယ်။    

တကယ်လို့သာ လူငယ်တွေဟာ အချေအထင် ပြောဆိုဆွေးနွေးမှု ပညာရေးပုံစံမျိုးနဲ့ ပညာတွေ ကောင်း ကောင်း တတ်ခဲ့မယ်ဆိုရင် သူတို့အနေနဲ့ ဖေ့(စ်)ဘွတ်သုံးမယ် ၊အဲဒီကထင်မြင်ချက် ဝေဖန်ချက်တွေကို ဖတ်မယ်။ ပြီးတော့ မှားယွင်းတဲ့ အယူအဆတွေကို ထုတ်ဖော်ကြမှပါ။ ဒါမျိုးက အလွန်အကျွံ ယေဘုုယျ ကောက်ချက်ဆွဲတာ မသက်ဆိုင်တဲ့ အကြောင်းပြချက်နဲ့ မသင့်တော်တဲ့ ယူဆချက်တွေပါ၀င်တယ်။ မှားယွင်းတဲ့ အယူအဆတွေကို ထုတ်ဖော်တာဟာ အရေးကြီးပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လူတွေဟာ မကြာခဏဆိုသလို  ကျိုးကြောင်းဆီလျော်မှုုဆိုတာထက် စိတ်ခံစားချက်ကို အသုံးပြုပြီးတော့ ဆွေးနွေးပွဲတွေမှာ ပါ၀င်တတ်တဲ့ သဘောရှိလို့ပါဆိုပြီးတော့ ပီတာပြည့်စုံက ထပ်လောင်း ပြောဆိုပါတယ်။

MDES  ဟာမြန်မာနိုင်ငံမှာ တစ်ခုတည်းသာ စကားအချေအထင် ဆွေးနွေးတဲ့ (၀ါ) စကားရည်လု  အဖွဲ့ဖြစ် တယ်လို့ အခိုင်အမာပြောဆိုပါတယ်။ အဲဒီအဖွဲဲ့ စတင်ထူထောင်ကတည်းက အဖွဲ့ရဲ့ လှုပ်ရှားမှုတွေမှာ ပါ၀င်လာကြတဲ့ လူငယ်တွေဟာ ခန့်မှန်းခြေ ၅၀၀ ကနေ ၁၀၀၀ လောက်ရှိ ပါတယ်။

အသက် ၄၁ နှစ်ရှိပြီဖြစ်တဲ့ စောသက်ထွန်းဟာလည်း ၁၉၈၈ ဒီမိုကရေစီ လှုပ်ရှားမှုမှာ ပါ၀င်ခဲ့ပါတယ်။ သူဟာ ၁၇နှစ်ကြာ ထောင်ကျခံခဲ့ရပြီး    အကျဉ်းသား တွေအပေါ်ထောင်ဝန်ထမ်းတွေကရိုုက်နှက်ဖိုု့ဒါမှမဟုုတ် အပြစ်ပေးဖိုု့ လက်မနှေးခဲ့တဲ့ အဖြစ်ကို မှတ်မိနေခဲ့သူဖြစ်ပါတယ်။ ဒီကနေ့ခေတ် လူငယ်တွေက ရုပ်ပိုင်းဆိုင် ရာ ရုန်းကန်မှုတွေကို ယုံကြည်မှု မရှိတော့ဘူးလို့သူက ပြောပါတယ်။

၂၀၁၁ ခုနှစ်မှာ သူက ထောင်ကထွက်လာတော့ ဆင်းရဲသားတွေအထွက် အခမဲ့ပညာရေး စင်တာဆိုပြီးတော့ SKY AGE အဖွဲ့ကို ထူထောင်ခဲ့ပါတယ်။

၂၀၁၀-၁၁ ပညာသင်နှစ်အတွင်းမှာ ပညာရေးစီမံကိန်းနဲ့ လေ့ကျင့်ရေး ဌာနက နောက်ဆုံး ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံမှာ အစိုးရကျောင်းပေါင်း ၄၀၀၀၀ နီးပါး အစိုးရခန့် ဆရာ/ဆရာမ ၂၇၅,၀၀၀ အခြေခံပညာကျောင်းသား ၈ သန်းရှိခဲ့ပါတယ်။

စောသက်ထွန်း အတွက်တော့ အစိုးရဟာ စစ်ရေးရည်ရွယ်ချက်တွေအတွက် ဘတ်ဂျက်ပမာဏ အမြောက် အများသုံးစွဲပေမယ့် တိုင်းပြည်နဲ့ ပညာရေး စနစ်တိုးတက်ဖို့ရာ အစိုးရက  စိတ်မဝင်စားဘူးဖြစ်နေပါတယ်။ "လူတို့တွေက လူ့အခွင့်အရေး  တိုင်းရင်းသား လူမျိုးစု ပဋိပက္ခတွေနဲ့ ဘာသာရေး ပဋိပက္ခလို ပြဿနာတွေကိို စိတ်ဝင်စားချင်ယောင်ဆောင် နေကြတယ်။ ဘာဖြစ်လို့လည်းဆိုတော့  နိုင်ငံတကာ ဖိအားပေးမှုကိုသူတို့ ကြောက်တယ်လေ" လို့ သူကပြောပါတယ်။

ရန်ကုန်မြို့လယ်ကနေ တစ်နာရီသာသာ ကားမောင်းသွားလို့ရတဲ့နေရာ၊ အဲဒါကတော့ ဒဂုံမြို့သစ်တောင် ပိုင်းမြို့နယ် အဲဒီမှာ အိမ်သေးသေးလေးတစ်လုံးရှိတယ်။ အဲဒီမှာ အသက် ၁၆ နှစ်ကနေ ၄၁ နှစ်အထိရှိတဲ့ ကျောင်းသား ၁၉ ဦးရှိတယ်။ သူတို့အားလုံးက ရန်ကုန်မြို့အပြင်ဖက်က ဆင်းရဲသား မိသားစုတွေကနေ လာတာ အဲဒီထဲက ငါးယောက်ဆိုရင် သူတို့ အိမ်မှာ လျှပ်စစ်မီးတောင်ရှိမရှိပါဘူး။

လူဦးရေ သန်း ၆၀  ရှိတဲ့ နိုင်ငံတစ်နိုင်ငံမှာ ၂၀၁၁ ခုနှစ်အတွင်း လျှပ်စစ်သုံးစွဲသူ ၂.၂သန်းသာ ရှိနေခဲ့တယ် လို့ လျှပ်စစ်စွမ်းအားဌာနရဲ့ စာရင်းအင်းတွေက ဖော်ညွှန်းပြသနေပါတယ်။

ရန်ကုန်မြို့ပြင်ဒေသတွေကို စောသက်ထွန်း လှည့်ပတ်သွားလိုက်တဲ့အခါ ပညာသင်ယူလိုစိတ် ပြင်းပြင်းပြပြ ရှိလှတဲ့ ကျောင်းသား ၅၀၀ ကျော်ကို ဆွဲဆောင်စည်းရုံးနိုင်ခဲ့တယ်။ ဒါပေမယ့် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း တစ်ခုအနေနဲ့ အကျိုးအမြတ်မယူတဲ့ ပညာရေးစင်တာ တစ်ခုအနေနဲ့ သူဟာ သူရဲ့ ပညာရေး စင်တာဆီသို့ ကျောင်းသား ၁၉ ဦးသာ ခေါ်ယူနိုင်ခဲ့တယ်။ အင်္ဂလိပ်စာကတော့ အဓိက ဘာသာရပ်ဖြစ်ပြီးတော့ ကျောင်းသား တွေကို နေ့စဉ် ၁၀ နာရီ သင်ကြားပေးတဲ့ စေတနာ့ ၀န်ထမ်းက  ရှစ်ယောက်ရှိတယ်။ အင်္ဂလိပ်ဘာသာစကားဟာ လက်နက်တစ်ခုလိုပါပဲ အင်္ဂလိပ်ဘာသာ စကားကို နိုင်ငံတကာ အသိုင်းအဝန်းနဲ့ ဆက်သွယ်ပြောဆိုရာမှာ  အသုံးပြုနိုင်သလို တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြဉ်းပေးနိုင်တယ်လို့ သူက ပြောပါတယ်။

အသက် ၂၁ နှစ်ရှိပြီဖြစ်တဲ့ မိချမ်းဟာ ဧရာဝတီတိုင်း ပုသိမ်ခရိုင်သူမရဲ့ ဇာတိမြို့မှာရှိခဲ့စဉ်က တစ်နေ့ကို ၀င်ငွေကျပ် ၁၅၀၀ သာ ရရှိခဲ့ပါတယ်။ Sky Age ကို သူမရောက်ရှိ နေတာ နှစ်လနီးပါး ရှိသွားပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ အခြားနေရာတွေမှာ သူမပညာရေးကို ဆက်လက် ဆည်းပူးဖို့ရာ ကုန်ကျစရိတ်တွေ များလွန်နေခဲ့လို့ ဖြစ်ပါတယ်။

ကျောင်းသားတွေ အထူးသဖြင့် ကျေးလက်မှာ နေကြတဲ့ မိန်းကလေးတွေဟာ ယုံကြည်မှု ကင်းမဲ့နေကြတယ်ဆို ပြီးတော့ သူတို့ရဲ့ ခံစားချက်တွေကို ဖော်ထုတ်ဖို့ ကြောက်ရွံ့နေကြတယ်လို့ စောသက်ထွန်းက ပြောပါတယ်။ "သူတို့ရဲ့ ဆရာတွေကို မေးခွန်းတွေမေးတာဟာ မကောင်းမွန်ဘူးလို့  ကျောင်းသားတွေ ထင်နေကြတယ်။ သူတို့ရဲ့ စိတ်နေစိတ်ထား (Mindset) တွေကို ကျွန်တော်ပြောင်းလဲ ပစ်ချင်တယ်။ မနက်တိုင်း မေးခွန်းတွေ မေးကြဖို့ ကျွန်တော် သူတို့ကို တွန်းအားပေးရတယ်" လို့ သူကပြောပါတယ်။

မြန်မာ့ငြိမ်းချမ်းရေးအထောက်အကူပြုရှေ့ဆောင်အဖွဲ့ကို ဦးဆောင်တဲ့ Charles Petrie လို လူတွေအတွက် အင်တာနက်ဟာ မတူညီတဲ့ ဒေသတွေက တိုင်းရင်းသား လူမျိုးစုတွေကြားမှာ  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို မြန်ဆန်ချောမွေ့စေဖို့ သိသာထင်ရှားတဲ့ ပလက်ဖောင်း တစ်ခုဖြစ်ဖို့ ဖြစ်နိုင်သဖွယ်အလားအလာရှိပါတယ်။ ''တကယ်လို့သာ နိုင်ငံရေး ဆွေးနွေးပွဲ စတင်မယ်ဆိုရင် ငြိမ်းချမ်းရေးက ရေရှည်တည်တံ့မှာပေါ့ တိုက်ပွဲတွေ ရပ်တန့်ဖို့ သဘောတူ ထားကြသူတွေ အခုဆိုရင် သူတို့ရဲ့ နိုင်ငံရေး အနာဂတ်နဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးမှုတွေ စတင်ကြလိမ့်မယ်။  အထောက်အကူပြုမှုကတော့ အဲဒီအတွက်လိုအပ်တဲ့အရာတွေထဲက တစ်ခု သာဖြစ်ပါတယ်။ တရားမျှတမှုနဲ့ တရားဥပဒေအရ ကြိုတင်မှန်းဆနိုင်မှုတော့လိုအပ်တယ်"လို့ ပြောပါတယ်။

ထိုအတောအတွင်းမှာ နိုင်ငံရေးပါတီတွေကလည်း လူငယ်အဖွဲ့ဝင်တွေ စုဆောင်းဖို့ ကြိုးပမ်းနေကြပါတယ်။ အဖွဲ့ဝင် ၁.၂ သန်းရှိတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှာ အသက် ၃၀နှစ်အောက် ပါတီဝင်အင်အား က ၅၀၀၀၀ လောက်ရှိတယ်လို့ ပါတီရဲ့ ပြောရေးဆိုနှင့်ရှိသူ ဦးဉာဏ်ဝင်းက ခန့်မှန်းပြောဆိုပါတယ်။  "လူကြီးမျိုးဆက်နဲ့ယှဉ်ရင် လူငယ်မျိုးဆက်က ကျယ်ပြန့်တဲ့ အမြင်နဲ့ အရာရာကို  မြင်ကြည့်နိုင်စွမ်းရှိတယ်လို့" အသက် ရ၀ ရှိပြီဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

လူဦးရေ ၂၀၀၀ ကျော်ဟာနိုင်ငံရေးနဲ့ စီးပွားရေးတွေ လွှမ်းခြုံပါ၀င်တဲ့ ခေါင်းစဉ်တွေနဲ့ NLD ရဲ့  သင်တန်းတွေ ကနေ သင်တန်းဆင်းထားပြီးကြပါပြီ။ ကျောင်းသားအများစုဟာ အသက် ၃၀ နှစ်အောက်ငယ်ရွယ်သူတွေ ဖြစ်ပြီး ရန်ကုန်မြို့အပြင်ဖက်မှလာကြတာဖြစ်ပါတယ်။

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ  The Democratic Party for a New Society (DPNS) မှာလည်း  လူငယ်ဌာနခွဲရှိပါတယ်။ အဲဒီမှာ အသက် ၁၅ နှစ်နဲ့ ၃၂နှစ်ကြာ အဖွဲ့ဝင်တွေ ပါ၀င်ပါတယ်။ ၁၉၉၀ ခုနှစ်တုန်းက သူတို့မှာ အဖွဲ့ဝင် အင်အား ၂၀၀၀၀၀ လောက်ရှိခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ သူတို့အဖွဲ့ကို ပြန်လည်စုစည်းဖို့ ကြိုစားရင်းနဲ့ အဖွဲ့ဝင် ၅၀၀လောက်နဲ့ သူတို့တွေ လုပ်ဆောင်နေကြပါတယ်။ "လူငယ်တွေကြောင့် ကျွန်တော်တို့ ရပ်တည်ရှင်သန်နေတာပါ။ သူတို့တွေဟာ အသိုင်းအဝိုင်းအဖွဲ့အစည်း အသီးသီးမှာ ကျွန်တော်တို့ရဲ့ အထူးသံသတမန်တွေပါ"လို့ ၂၄နှစ်ကြာ ပြည်ပသို့ထွက်ပြေး တိမ်းရှောင်နေခဲ့တဲ့ ပါတီခေါင်းဆောင် အောင်မိုးဇော်က ပြောပါတယ်။

မကြာသေးမီက ဖေ့(စ်)ဘွတ် မှာ ခွဲခြားဆက်ဆံမှုတွေ လှုပ်ရှားမှုတွေနဲ့ အမုန်းစကားတွေ ဖြစ်ပေါ်နေတယ် ဆိုတာကို အစိုးရက လက်ခံထားသော်လည်း မြန်မာ့ဆက်သွယ်ရေး သတင်းအချက်အလက်နဲ့ နည်းပညာ ဒုတိယဝန်ကြီး  ဦးသောင်းတင်ကတော့ ဇွန်လတုန်းက နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ စီးပွားရေး  ဖိုရမ် (WEF) မှာ ဒီမိုကရေစီပြောင်းလဲဖော်ဆောင်ရေး လုပ်ငန်းစဉ်ကို တွန်းအားပေးဖို့ နည်းပညာရဲ့ အရေးပါမှုကို အလေးအနက် ပြောဆိုသွားခဲ့ပါတယ်။

နိုင်ငံတွင်းမှာ လူငယ်တွေရဲ့ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီးတော့ ဒီမိုကရေစီ ခေါင်းဆောင် စုကြည်ကတောင် အကောင်းမြင်ပါတယ်။ WEF ရဲ့ နောက်ဆုံးနေ့မှာ လူငယ်များထိုင်နေတဲ့ လူအုပ်စုရဲ့ အစိတ်အပိုင်းနေ ရာလေးက ကောင်းချီးပေးမှုတွေကို ဒေါ်အောင်ဆန်းစုုကြည် ရရှိခဲ့ပါတယ်။

" ဒီမနက်ခင်းမှာ ကမ္ဘာ့လူငယ်ခေါင်းဆောင်တွေနဲ့ အတူ ဒီအခမ်းအနားမှာ အတူ တက်ရောက်ခွင့်ရတာ ကျွန်မအဖိုု့ အပျော်ရွှင်ဆုံးပါပဲ"လို့ ဒေါ်အောင်ဆန်းစုုကြည်ကပြောခဲ့ပါတယ်။

(ယခုဆောင်းပါးကို ၂၀၁၃ ခုနှစ် အရှေ့တောင်အာရှ သတင်းမဟာမိတ် (Seapa) ဖဲလိုးရှစ် အစီအစဉ်အတွက် ရေးသားခဲ့တာပါ။ Nanchanok  Wongsmuth ဟာ ဗန်ကောက်ပို့(စ်) သတင်းစာမှ စီးပွားရေး သတင်းထောက် ဖြစ်ပြီးတော့ ၂၀၁၃ ခုနှစ်အတွင်း ရွေးချယ်ထားတဲ့ Fellows ထဲမှ တစ်ဦးဖြစ်ပါတယ်။ ဒီနှစ်ရဲ့ အဓိက ဦးတည်ချက် အကြောင်းအရာကတော့ အရှေ့တောင်အာရှဒေသမှ အင်တာနက်အစိုးရသို့ စိမ်ခေါ်နေသော လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ခေါင်းစဉ် ဖြစ်ပါတယ်။ ဒီဆောင်းပါးကို မူလက ၂၀၁၃ ခုနှစ် စက်တင်ဘာလအတွင်းမှာ အရှေ့တောင်အာရှ သတင်းမဟာမိတ် အဖွဲ့အတွက် ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ မြန်မာဘာသာ သိုု့ပြန်ဆိုုသူကတော့ ဦးမြင့်ကျော် (သတင်းစာပညာ သင်တန်းဆရာ) ဖြစ်ပါတယ်။ )

မြန်မာဘာသာပြန်ဆိုသူ - မြင့်ကျော်  (သတင်းစာပညာ သင်တန်းဆရာ)
* Nanchanok  Wongsmuth သည် ထိုုင်းနိုုင်ငံ ဘန်ကောက်ပုုိ့(စ်) သတင်းစာ၏ စီးပွားရေး သတင်းထောက် တဦး ဖြစ်ပြီး၊ အရှေ့တောင်အာရှ သတင်းမဟာမိတ်အဖွဲ့၏ ၂၀၁၃ ခုုနှစ်ဖဲလိုုးရှစ် “SEAPA Journalism Fellowship Program” ရရှိသူ ၆ ဦးထဲတွင် ပါ၀င်သူ တဦးလည်း ဖြစ်သည်။ ယခုုဆောင်းပါးမှာ “Freedom of Expression-Challenges to Internet Governance in Southeast Asia” ခေါင်းစဉ်ပါ အစီအစဉ်အတွက် ရေးသားသည့် ဆောင်းပါးတပုုဒ်ဖြစ်၍ www.seapa.org တွင် စက်တင်ဘာလအတွင်း ဖေါ်ပြခဲ့ပါသည်။
ယခုုဆောင်းပါးကုုိ မြန်မာနိုုင်ငံတွင်း ထုုတ်ဝေသော သတင်းဂျာနယ်များနှင့် အွန်လိုုင်းသတင်းများအတွက် SEAPA မှ ပြန်လည်ဝေမ ျှပါသည်။