မွန်ပြည်သစ်ပါတီနှင့် Geneva Call ဂျီနီဗာ တောင်းဆိုမှုအဖွဲ့တို့ သဘောတူညီမှုလက်မှတ်ရေးထိုးပြီး သည့်အချိန်မှစ၍ ထိုင်း-မြန်မာနယ်စပ်၌ အလုပ်ရုံဆွေးနွေးပွဲများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း ယခုအခါပြုလုပ်သည့် Child Protection ကလေးစစ်သား ပပျောက်ရေးနှင့် ကလေးကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှာ ပထမ ဦးဆုံးအကြိမ်ဖြစ်သည်ဟု မွန်ပြည်သစ်ပါတီ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ နိုင်ဟံသာဗိန်ခိုင်းက ပြောသည်။
သူက “Child Protection နဲ့ပက်သက်တဲ့ဆွေးနွေးပွဲက ဒါပထမဆုံးပဲ၊ ကျနော်တို့ပါတီကလည်း ကလေးစစ် သား ပပျောက်ရေးနှင့် ကလေးကာကွယ်ရေးစတဲ့အပြင်အခြားလုပ်ငန်းတွေကိုလည်း လုပ်နေကျပဲ၊ သူတို့က အခု လိုလာရောက်ဆွေးနွေးတော့လည်း ကျနော်တို့ပါတီဝင်တွေ ခေါင်းဆောင်တွေက လည်းပိုပြီးတော့နား လည် သွားတာပေါ့၊ ကျနော့်အနေနဲ့ကတော့ ဒီအလုပ်ရုံဆွေးနွေးပွဲဟာ အရမ်းကောင်းတဲ့ဆွေးနွေးပွဲပါပဲ” ဟု ပြော သည်။
ထိုင်း-မြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့အနီး စံခလပူရီမြို့ရှိ မွန်ဆက်ဆံရေးရုံး၌ ယနေ့နံနက် ၉ နာရီခန့်တွင် ၂ ရက်ကြာပြုလုပ်မည့် Geneva Call ဂျီနီဗါ တောင်းဆိုမှုအဖွဲ့၏ နကလေးစစ်သားပပျောက်ရေးနှင့် ကလေး ကာကွယ်ရေးဆိုင်ရာ Child Protection အလုပ်ရုံဆွေးနွေးပွဲသို့ မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်နှင့် လက်အောက်ခံခရိုင် တပ်ရင်းတပ်ဖွဲ့အသီးသီးမှ ကိုယ်စားလှယ် ၃၀ ဦးခန့် တက်ရောက်သည်ကိုတွေ့ရှိရ သည်။
ဂျီနီဗာ တောင်းဆိုမှုအဖွဲ့သည် ကလေးစစ်သားပပျောက်ရေးနှင့် ကလေးကာကွယ်ရေး Child protection အလုပ်ရုံ ဆွေးနွေးပွဲ သာမကဘဲ အမျိုးသမီးများကာကွယ်စောင့်ရှောက်ရေး Woman Protection ကိုပါဆက် လက်ကျင်းပသွားရန် မွန်ပြည်သစ်ပါတီအား ကမ်းလှမ်းထားကြောင်း နိုင်ဟံသာဗိန်ခိုင်းက ဆက်ပြောသည်။
ယင်းအလုပ်ရုံဆွေးနွေးပွဲကို Geneva Call အာရှဆိုင်ရာအကြီးတန်းစီမံကိန်းအရာရှိ Mr. Chris Rush နှင့် အာရှရေးရာအရာရှိ Mr. Reno Meyer ဦးဆောင်သည်ဟု သိရသည်။
အလုပ်ရုံဆွေးနွေးပွဲစကားပြန်ဆောင်ရွက်သူ မွန်လူ့အခွင့်ရေးဖောင်ဒေးရှင်း ညှိနှိုင်းဆောင်ရွက်ရေး တာဝန်ခံ နိုင်အဲမွန်ကလည်း “ကျနော့်အနေနဲ့ပြောရင် ဒီ workshop မှာ ကလေးစစ်သား ပပျောက်ရေးလုပ်ငန်း စဉ်အတွက် ဆွေးနွေးနေကြတာဆိုတော့ အရမ်းကောင်းပါတယ်၊ စစ်ပွဲပဋိပက္ခတွေမှာ ကလေးတွေကို မခိုင်းစေမိအောင် အခုလို မွန်အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့နဲ့ရော၊ မွန်လူထုအခြေပြုအဖွဲ့အစည်းနဲ့ရော အခြားအဖွဲ့စည်းတွေနဲ့ အကြံပြုပြီးအဖြေရှာကြတယ်၊ အခုဆိုရင် အချို့နေရာမှာ ကလေးစစ်သား ပပျောက်ရေး အတွက် လက်တွေ့အကောင်အထည်ဖေါ်နေ ကြပါပြီ” ဟု ပြောသည်။
၂၀၁၂ သြဂုတ်လတွင် ကလေးစစ်သားပပျောက်ရေးလုပ်ငန်းစဉ်အတွက် မွန်ပြည်သစ်ပါတီနှင့် ယင်းအဖွဲ့ အစည်း တို့ သဘောတူညီမှုလက်မှတ်ရေးထိုးခဲ့ကြသည်ဟု သိရသည်။
Geneva Call ဂျီနီဗာတောင်းဆိုမှုအဖွဲ့၏ ရည်ရွယ်ချက်များမှာ တစ်ကမ္ဘာလုံးအတိုင်းအတာ မြေမြုပ်မိုင်းများ အသုံးပြုမှုပပျောက်ရေး၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပပျောက်ရေး၊ ကလေးစစ်သားများပပျောက်ရေးနှင့် သဘာဝပတ်ဝန်းကျင်၏ တန်ဖိုးများကို ထိန်းသိမ်းစောင့်ရှောက်ရေးတို့ဖြစ်၍ ဆွစ်စလန်နိုင်ငံ၊ ဂျီနီဗာမြို့၌ အခြေစိုက်ပြီး လွန်ခဲ့သည့် ၁၃ နှစ်က ဖွဲ့စည်းထားခြင်းဖြစ်သည်။