နမ့်ခမ်းတွင် လေပြင်းကျရောက်နိုင်ဟု သတိပေးမှုရှိ

နမ့်ခမ်းတွင် လေပြင်းကျရောက်နိုင်ဟု သတိပေးမှုရှိ
ရှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့တွင် လေတိုက်နှုန်း တစ်နာရီ (၁၅) မိုင်မှမိုင် (၄ဝ) နှုန်းအထိ ပြင်းအားရှိ လေပြင်း တစ်ခု ဖြစ်ပေါ် တိုက်ခတ်လာနိုင်ကြောင်း  မြို့ပေါ်ရပ်ကွက် အချို့၌ သတိပေးလျှက်ရှိ ...

ရှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့တွင် လေတိုက်နှုန်း တစ်နာရီ (၁၅) မိုင်မှမိုင် (၄ဝ) နှုန်းအထိ ပြင်းအားရှိ လေပြင်း တစ်ခု ဖြစ်ပေါ် တိုက်ခတ်လာနိုင်ကြောင်း  မြို့ပေါ်ရပ်ကွက် အချို့၌ သတိပေးလျှက်ရှိသည်။

အဆိုပါ လေပြင်းသည် မတ်လ (၂၉) ရက်နေ့ (ဝဝးဝဝ) နာရီအချိန်မှ (၃ဝ)ရက်နေ့ (ဝ၆းဝဝ)နာရီအတွင်း ဖြစ်ပေါ် တိုက်ခတ်နိုင်ကြောင်း မတ်လ (၂၉) ရက် နံနက်စောစောပိုင်းတွင် မိုခမ်းရပ်ကွက်အတွင်း ရပ်ကွက်အာဏာပိုင် များက အသံချဲ့စက်ဖြင့်သတိပေး ပြောကြားခဲ့ကြောင်း အဆိုပါဒေသခံများက သျှမ်းသံတော်ဆင့်သို့ပြောသည်။

ယခုလို လေပြင်းကျရောက်မည့် သတင်းနှင့်ပါတ်သက်၍ နမ့်ခမ်းမြို့ပေါ်ရှိ အခြားရပ်ကွက်တော်တော်များများ၌ မူ အများပြည်သူ သိရှိစေရန် အာဏာပိုင်များက သတိပေးပြောကြားခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။

သို့သော်မြို့ပေါ်ရှိ ဒေသခံများအနေဖြင့် လေပြင်းတိုက်လာနိုင်သည့် သတင်းကို လူထုကြား တဆင့်တဆင့်ပြော စကားများကြောင့် သိရှိထားပြီးဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးကပြောသည်။

နမ့်ခမ်းမြို့နှင့် နယ်မြေချင်းထိစပ်လျှက်ရှိသည့် မူဆယ်အပါအဝင် တရုတ်ဘက်ခြမ်းရွှေလီမြို့ခံများကို ဆက်သွယ် မေးမြန်းရာတွင် ဥတုသတင်းနှင့်ပတ်သက်၍ အာဏာပိုင်များက တစ်စုံတစ်ရာ ပြောကြားခြင်း မရှိသေးကြောင်း အဆိုပါ ဒေသခံများက ပြောသည်။

ယခုသတင်းရေးနေချိန် မတ်လ (၂၉) ရက်နေ့ မြန်မာစံတော်ချိန် (၁၁းဝဝ) ချိန်အတွင်း၌ မူဆယ် နမ့်ခမ်း ဂျယ်ဂေါင် အနီးတဝိုက်ရှိ ရာသီ ဥတုအနေအထားမှာ တိမ်တိုက်များဖြစ်ထွန်းလျှက်ရှိပြီး မိုးအုံ့ဆိုင်းဆိုင်းနှင့် နေသာလိုက် /မိုးအုံ့လိုက် ဖြစ်ပေါ် လျှက်ရှိကြောင်းသိရသည်။

Most read this week