တိုင်းရင်းသားလက်နက်ကိုင်တို့တွေ့ဆုံမည့် ချင်းမိုင်ဆွေးနွေးပွဲကြံ့ခိုင်ရေးပါတီတက်မည်မဟုတ်

တိုင်းရင်းသားလက်နက်ကိုင်တို့တွေ့ဆုံမည့် ချင်းမိုင်ဆွေးနွေးပွဲကြံ့ခိုင်ရေးပါတီတက်မည်မဟုတ်
by -
မဇ္ဈိမ

အစိုးရစီစဉ်သည့် ပထမဆုံးအကြိမ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံ မည့် ထိုင်းနိုင်ငံချင်းမိုင်ဆွေးနွေးပွဲသို့ ဖိတ်ကြားခံရသော်လည်း တက်ရောက်ဖြစ်မည်မဟုတ်ဟု ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက နိုဝင်ဘာ၂၀ရက်တွင် မဇိ်္စျမကို ပြောသည်။

“ကျွန်တော်တို့ ပါတီကတခြားကိစ္စတွေနဲ့ရှုပ်နေလို့ ဒီတစ်ကြိမ်မှာတော့ မသွားနိုင်တော့ဘူး”ဟု ဆိုသည်။

ကြံ့ခိုင်ရေးပါတီ၏ ဒု-ဥက္ကဋ္ဌ ဦးဋ္ဌေးဦးကို နေပြည်တော်ရုံးချုပ်တွင် ဇွန်လ၂၄ရက် ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်။ တိုင်းရင်းသားလက်နက်ကိုင်များနှင့် နိုင်ငံရေးပါတီတို့ ချင်းမိုင်မြို့တွင် ပြုလုပ်မည့်တွေ့ဆုံပွဲသို့ ကြံ့ခိုင်ရေးပါတီက တက်ရောက်မည် မဟုတ်ပေ။ (ဓာတ်ပုံ - ဟိန်းထက်)

အဆိုပါဆွေးနွေးပွဲကို ထိုင်းနိုင်ငံချင်းမိုင်မြို့၌ နိုဝင်ဘာ၂၂ မှစ၍ နှစ်ရက်ကြာ ပြုလုပ်မည်ဖြစ်ပြီး ညီညွတ် သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ရှမ်း ပြည်တပ်မတော်တောင်ပိုင်း RCSS/SSA၊ တိုင်းရင်းသားပူးပေါင်းဆောင်ရွက်ရေးအလုပ်အဖွဲ့WGEC တို့နှင့် ပြည်တွင်းတိုင်းရင်းသား ပါတီ၁၂ ခု တွေ့ဆုံရန်စီစဉ်ထားခြင်း ဖြစ်သည်။

ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပြည်ခိုင်ဖြိုးပါတီ၏ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးသိန်း ဇော်ပါ၀င်ဆောင်ရွက်နေသဖြင့် ယင်းသို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဦးဌေးဦးက ပြောသည်။

ဦးသိန်းဇော်သည် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီတွင် ဒုတိယဥက္ကဋ္ဌ တစ် ဦးအဖြစ် တာဝန်ထမ်းဆောင်နေခြင်းဖြစ်သည်။ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှုနှင့် ပတ်သက်၍ “လုပ်ငန်းတွေ အောင်မြင်ဖို့ဆိုတာ ငြိမ်းချမ်းမှုတကယ်လိုချင်မှရမယ်”ဟုလည်း ဦးဌေးဦးကဆိုသည်။

ပွင့်လင်းစွာဆွေးနွေးနိုင်ပြီး ဘုံသဘောမဆန်သောတစ်ဖွဲ့ချင်းဆိုင်ရာ မတူညီသည့်လိုလားချက်များကို ညှိနှိုင်းနိုင်လျှင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်မည်ဟုလည် ကြံ့ခိုင်ရေးပါတီဒုတိယဥက္ကဋ္ဌက ဆိုသည်။

ချင်းမိုင်တွေ့ဆုံပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ဒီမိုကရက်တစ် ပါတီ (မြန်မာ)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားပါတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ ချင်းတိုးတက်ရေးပါတီနှင့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီတို့ တက်ရောက်မည် ဖြစ်သည်။

Most read this week