ရခိုင်ပြည်နယ်တွင် အသက် (၅) နှစ်အရွယ် ကလေးမလေးနှစ်ဦး အသတ်ခံရ

ရခိုင်ပြည်နယ်တွင် အသက် (၅) နှစ်အရွယ် ကလေးမလေးနှစ်ဦး အသတ်ခံရ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်၊ ကျောက်တော်နှင့် ပေါက်တောမြို့နယ်အတွင်း တည်ရှိသော ကျေးရွာနှစ်ခုုမှ အသက် (၅ ) နှစ်အရွယ် ကလေးမလေးနှစ်ဦးသည် အကြမ်းဖက် အသတ်ခံခဲ့ရသည်ဟု သတင်း ရရှိသည်။

အသတ်ခံရသူ အမျိုးသမီးငယ် တစ်ဦးမှာ ကျောက်တောမြို့နယ် ကြာညိုပြင်ကျေးရွာမှ ရခိုင်လူမျိုး ဦးရွှေအောင်နှင့် ဒေါ်မိုးမိုးစံတို့ သမီး မိမိငယ် (၆) နှစ် ဖြစ်ကြောင်း သိရသည်။

ပုံစံတူ အမှု နှစ်ခုမြို့နယ်နှစ်ခုတွင် တစ်ပြိုင်တည်းဖြစ်ပွါး

ထိုသို့ အသတ်ခံရသည်ကို အခင်း ဖြစ်ပွားရာ ကြာညိုပြင် ကျေးရွာအနီးရှိ  အပေါက်ဝ ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက အတည်ပြု ပြောကြားသည်။

“ ဟုတ်တယ်ဗျာ။ အသတ်ခံရတယ်ဆိုတာ။ အခု ထိတော့ စစ်ဆေးနေတုန်းပါဘဲ။ ဘယ်သူ သတ်တယ်ဆိုတာ စစ်နေတုန်းဘဲ ဖြစ်ပါတယ်” ဟု ပြောသည်။

၎င်းကလေးမလေးသည် သူမ၏ အစ်မ ဖြစ်သူနှင့် အတူ ရွာအစပ်ရှိ မုန့်ဆိုင်သို့ ယမန်နေ့ ညနေက မုန့်ဝယ်ရန် သွားရောက် စဉ် ပျောက်ဆုံးသွားခဲ့ပြီး ယနေ့ နံနက်က သူမ၏ အလောင်းကို ရွာပြင်ရှိ လယ်ကွင်း တစ်ခုထဲမှ ရှာဖွေတွေ့ရှိခဲ့သည်ဟု အပေါက်ဝကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။

ဒေသတဝိုက်တွင် ရွာညှာ ဘင်္ဂလီရွာမှ ရွာသား အချို့မှ သတ်ပစ်ကြောင်း သတင်းဖြစ်ပေါ်နေသော်လည်း စစ်ဆေးနေတုန်းဖြစ်၍ အတည်မပြုနိုင်သေးကြောင်း ၎င်းကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။

ရဲစခန်း တာဝန်ရှိသူမှလည်း ထိုအမှုကို စုံစမ်းနေဆဲ ဖြစ်၍ မည်သူ သတ်သည်ကို မပြောနိုင်သေးကြောင်း ပြောကြားသည်။ သူမ၏ အလောင်းအား ဆေးစစ်ပြီး ယနေ့ သဂြိင်္ုလ်ခဲ့သည်ဟု သိရသည်။

အလားတူ ပေါက်တောမြို့နယ်၊ အနောက်ဖရုံကာကျွန်း၊ စိုးမဲကျီကျေးရွာမှ ခမီး လူမျိုးများ ဖြစ်ကြသည့် ဦးရွှေမိနှင့် ဒေါ်ဝါ၀ါဦးတို့၏ သမီး အသက်(၅)နှစ်အရွယ်သည်လည်း နိုဝင်ဘာလ ၁၇ ရက်၊ တန်ဆောင်မုန်း လပြည့် ညနေ ၆ နာရီခန့်တွင် ပျောက်ဆုံးသွားခဲ့ပြီးနောက် ရက်စက်စွာ အသတ်ခံခဲ့ရသည်ဟု ဆွေမျိုး တစ်ဦးက ပြောသည်။

၎င်းမိန်းခလေး၏ အလောင်းအား နိုဝင်္ဘာလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် ရှာဖွေတွေ့ရှိခဲ့သည်ဟု သိရသည်။  အလောင်းကို ပေါက်တောမြိုု့နယ်မှူး ရောက်ရှိလာပြီး အခုအခါ  ပေါက်တောမြို့ ဆေးရုံသို့ ယူဆောင်သွားသည်ဟု သိရသည်။

ယခုကဲ့သို့ လူမမယ် အရွယ် ကလေးငယ်နှစ်ဦး အကြမ်းဖက် သတ်ဖြတ်ခံရသဖြင့် ဒေသခံ ပြည်သူများ အကြား အထူး စိုးရိမ်မူများ ဖြစ်ပေါ်နေကြောင်း သတင်း ရရှိသည်။

Most read this week