ရခိုင်မှ ပုဒ်မ ၁၈ ဖြင့် ထောင်ချခံရသူ (၂၅) ဦး ပြန်လွှတ်မြောက်လာ

ရခိုင်မှ ပုဒ်မ ၁၈ ဖြင့် ထောင်ချခံရသူ (၂၅) ဦး ပြန်လွှတ်မြောက်လာ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်တွင် လူစု လူဝေးဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြ၍ ပုဒ်မ ၁၈ ဖြင့် ထောင်ချခံရသူ အများစုသည် ယနေ့တွင် သမ္မတ လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွှတ်မြောက်လာသည်ဟု သိရသည်။

လွတ်မြှောက်လာသူများ အထဲတွင် စစ်တွေမြို့မှ ကိုကျော်ဇောဦး၊ ဒေါ်မညိုအေးနှင့် ကျောက်ဖြူ မဒေးကျွန်းမှ ကိုထွန်းကြည် အပါအဝင် ၁၀ ဦး လည်း ပါ၀င်သည်ဟု သတင်း ရရှိသည်။

ယင်းအပြင် တောင်ကုတ်မှ ကိုစိုးဝင်း အပါအဝင် ၄ ဦးလည်း လွှတ်မြှောက်လာသည်ဟု သိရသည်။

“ ကျွန်တော်တို့ သိရတာက အခုလွတ်လာတဲ့သူတွေဟာ ပုဒ်မ ၁၈ သမားတွေလို့သိရတယ်။ တောင်ကုတ်က ကိုစိုးဝင်းတို့အဖွဲ့လို့ဘဲသိရတယ်။ အားလုံး နာမည်တွေတော့ အတိကျမသိပါဘူး” ဟု သံတွဲမြို့နယ် ရခိုင် တိုင်းရင်းသားများတိုးတက်ရေးပါတီ အတွင်းရေးမှုး ဦးမောင်ဖြူက ပြောသည်။

စစ်တွေထောင်ထဲရှိ ကျောက်တော်မှ ၄ ဦးနှင့် ရသေ့တောင်မှ ၂ ဦး လွှတ်မြောက်မူ ရှိ မရှိကို နိရဥ္စရာက ဆက်လက် စုံစမ်းဆဲ ဖြစ်သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ယနေ့တွင် အကျဉ်းသား ၆၅ ဦး လွှတ်ပေးခဲ့သည်ဟု သိရသည်။

ထိုသို့ လွှတ်ပေးရာတွင် ရခိုင်ပြည်နယ်မှ လွှတ်ပေးသူ ၂၅ ဦး ပါ၀င်ရာ ကျောက်ဖြူ အကျဉ်းထောင်မှ ၁၀ ဦး၊ စစ် တွေအကျဉ်းထောင်မှ ၉ ဦး၊ ဘူးသီးတောင် အကျဉ်းထောင်မှ ၂ ဦး၊ သံတွဲထောင်မှ ၄ ဦး  ဖြစ်ကြောင်း သိရသည်။

Most read this week