OIC မှ ကမ်းလှမ်းလာလျှင် ရခိုင်တိုင်းရင်းသား ခေါင်းဆောင်များ တွေ့ဆုံမည်

OIC မှ ကမ်းလှမ်းလာလျှင် ရခိုင်တိုင်းရင်းသား ခေါင်းဆောင်များ တွေ့ဆုံမည်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်သို့ နိုဝင်္ဘာလ ၁၅ ရက်နေ့တွင် လာရောက် လည်ပတ်မည့် အိုအိုင်စီ ကိုယ်စားလှယ် အဖွဲ့မှတွေ့ဆုံရန်  ကမ်းလှမ်းလာပါက  မိမိတို့ ရခိုင်တိုင်းရင်းသားခေါင်းဆောင်များ  တွေ့ဆုံသွားမည်ဟု စစ်တွေ မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးသန်းထွန်းက ပြောသည်။

ဦးသန်းထွန်းက “ဆွေးနွေးမယ့် အချက်တွေကလည်း အခြေခံအားဖြင့်တော့ အိုအိုင်စီဟာ ဘာသာရေးကို အခြေခံပြီး ဖွဲ့စည်း ထားတဲ့ အဖွဲ့ဖြစ်တယ်။ မြန်မာနိုင်ငံမှာ ဖြစ်နေတာက ဘာသာရေး ပဋိပက္ခ မဟုတ်ဘူး။ ဒီပြဿနာက ခိုးဝင်လာတဲ့ ဘင်္ဂလီတွေက နယ်မြေကျူးကျော်မှုကြောင့် ဌာနေရခိုင် တိုင်းရင်းသားတွေနဲ့ ပဋိပက္ခ ဖြစ်နေရတာ ဖြစ်တယ်။ ဒီအချက်ကို အလေးထား ဆွေးနွေး တင်ပြသွားဖို့ စဉ်းစားထားပါတယ်” ဟု သူက ဆိုသည်။

No-OIC-Myanmar

သို့သော်လည်း ယခုအချိန်ထိ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်များကို သူတို့၏ ရခိုင် ခရီးစဉ် အတွင်းတွင် တွေ့ဆုံ ဆွေးနွေးရန် ကမ်းလှမ်းမူ မရှိသေးကြောင်း သူကပြောသည်။

“ ဒီကနေ့ နေ့လယ် ပိုင်းအထိ တစ်စုံတစ်ရာ အကြောင်းကြား ကမ်းလှမ်းခြင်းမရှိသေးဘူး။ သူတို့ရဲ့ ခရီးစဉ် နဲ့ပတ်သတ်ပြီးတော့ အခုအချိန်အထိ ကျွန်တော့်တို့ဘက်က ဘာမှ မယ်မယ်ရရ မသိသေးဘူး” ဟု ၎င်းက ဆက်ဆိုသည်။

ယင်းအပြင် အိုအိုင်စီ ကိုယ်စားလှယ် အဖွဲ့သည် ရခိုင် နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံရန်လည်း ယခုအချိန်ထိ တစ်စုံတရာ ကမ်းလှမ်းမူ မရှိသေးကြောင်း RNDP အထွေထွေ အတွင်းရေးမှူး ဦးလှစောက ပြောသည်။

“  ရန်ကုန်မှာရော စစ်တွေမှာပါ အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့က ရခိုုင်နိုင်ငံရေး  ပါတီတွေက ခေါင်းဆောင်တွေနဲ့  တွေ့ဆုံဖို့ ကမ်းလှမ်းမှု မရှိသေးပါဘူး” ဟု ဆိုသည်။

OIC ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်္ဘာလ ၁၅ ရက် သောကြာနေ့တွင် ရခိုင်ပြည်နယ်သို့ လာရောက်စဉ် ဘင်္ဂလီ ဒုက္ခသည်များနှင့် ၎င်းတို့၏ ဘာသာရေး ခေါင်းဆောင်များကိုသာမက ရခိုင်တိုင်းရင်းသား ခေါင်းဆောင် များနှင့်လည်း တွေ့ဆုံမည်ဟု သတင်းများ ထွက်ပေါ်နေသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် ကျောက်ဖြူမြို့တို့တွင် အိုအိုင်စီကိုယ်စားလှယ် အဖွဲ့ ရခိုင်သို့ လာရောက်စဉ် ကန့်ကွက် ဆန္ဒပြရန် စီစဉ်နေပြီး ဘူးသီးတောင်မြို့နယ် အခြေစိုက် နိုင်ငံရေး ပါတီနှစ်ခု အပါအဝင် လူမူအဖွဲ့ (၈) ခုမှ  ကျေညာ တစ်စောင် ထုတ်ပြန်ကာ အိုအိုင်စီ၏ ရခိုုင်ပြည်နယ် ခရီးစဉ်အား ကန့်ကွက်ထားသည်။

မြန်မာနို်င်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှု မစ္စတာကင်တားနားကမူ အိုအိုင်စီ ကိုယ်စားလှယ် အဖွဲ့အား ကန့်ကွက်ဆန္ဒပြခြင်းအားဖြင့် အစိုုးရအနေဖြင့် လက်ရှိ ပြဿနာကို အဖြေရှာရာတွင် မည်သို့မှ အထောက်ကူမပြုဟု VOA မြန်မာပိုင်း အစီအစဉ်ကို ပြောဆိုထားသည်။

၎င်းအပြင်သူက အိုအိုင်စီ ကိုယ်စားလှယ်အဖွဲဲ့ကို လက်ခံခြင်းသည် ကောင်းမွန်သည့် အရေးယူ ဆောင်ရွက်ချက်ဖြစ်ကြောင်း၊  အစိုးရ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ပြောဆိုသည်။

ယခု မြန်မာနိုင်ငံကိုရောက်ရှိနေသည့် OIC ကိုယ်စားးလှယ်အဖွဲ့ကို အဖွဲ့အတွင်းရေးမှူး Ekmeleddin Ihsanoglu ဦးဆောင်ပြီး အဖွဲ့ဝင်နိုင်ငံတချို့မှ နိုင်ငံခြားရေး ၀န်ကြီးများလည်း လိုက်ပါလာကြသည်။

သူတို့အဖွဲ့မှာ မြန်မာနိုင်ငံတွင် ၅ ရက်ကြာနေထိုင်မည်ဖြစ်ပြီး ပဋိပက္ခဖြစ်ပွားခဲ့သည့် မိတ္ထလာ၊ ရခိုင်စ သည့် ဒေသများသို့ သွားရောက်လေ့လာမည်ဟု သတင်း ရရှိသည်။

Most read this week