စစ်တွေတွင် အိုအိုင်စီကို ဆန္ဒပြရန် ခွင့်ပြုလိုက်ပြီ

စစ်တွေတွင် အိုအိုင်စီကို ဆန္ဒပြရန် ခွင့်ပြုလိုက်ပြီ
by -
နိရဥ္စရာ

နိုဝင်္ဘာလ ၁၅ ရက်နေ့၌ စစ်တွေမြို့တွင် ပြုလုပ်မည့် အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့အား ဆန္ဒပြခွင့်ကို သက်ဆိုင်ရာက ခွင့်ပြုပေးလိုက်ပြီဟု သတင်း ရရှိသည်။

“ စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး (အမှတ်စဉ် ၅ / ၂၀၁၃)။ စာအမှတ် ၁၀၄၄ (၁) / ၁၁/ ၂၀၁၃ နဲ့ ဒီကနေ့ နေ့စွဲနဲ့ ခွင့်ပြု ပေးလိုက်ပါတယ်” ဟု ဦးဆောင်ရာတွင် ပါ၀င်သူ တစ်ဦးက ပြောသည်။

Sittwe-Yangon-protest-OIC

ခွင့်ပြုချက်တောင်းခံသူမှာ  ဦးမောင်နုနု ဖြစ်ပြီး သူ့ အမည်ဖြင့် ခွင့်ပြုလိုက်သည်ဟု သူက ဆိုသည်။

“ ခွင့်ပြုတဲ့ စာထဲမှာ လူ ၅၀၀ ကို ခွင့်ပြုတယ်။ နံနက် ၉ နာရီက ၁၂ နာရီထိ စစ်တွေ လေဆိပ် အပြင်ဘက်မှာ ပြုလုပ်ခွင့်ပေးတယ်လို့ ပါ၀င်ပါတယ်။  သတ်မှတ်ထားတဲ့ စည်းကမ်းများ အတိုင်း ဆောင်ရွက်ကြရန် ဆိုပြီး စာထဲမှာ ညွှန်ကြားထားပါတယ်” ဟု သူက ဆိုသည်။

၎င်းအပြင် ဦးဆောင် ဆန္ဒပြရန် ဦးအောင်နိုင်ချေ ( မိဇံရပ်ကွက်)နှင့် ပိုစတာများ၊ ဆိုင်းဘုတ်များကို လျှောက်ထားသူ ဦးမောင်နုနု လျှောက်ထားစာပါ အတိုင်း ခွင့်ပြုကြောင်း စာထဲတွင် ဖေါ်ပြထားသည်ဟု သိရသည်။

အိုအိုင်စီ ( အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့)သည် ယမန်နေ့ နံနက်တွင် ရန်ကုန်မြို့သို့ ရောက်ရှိလာ ပြီး နိုဝင်္ဘာလ ၁၅ ရက်နေ့၌ စစ်တွေသို့ ရောက်ရှိလာမည်ဟု သိရသည်။

Most read this week