အိုအိုင်စီကို ဆန္ဒပြခွင့်ပြုချက် စစ်တွေတွင် မရသေး

အိုအိုင်စီကို ဆန္ဒပြခွင့်ပြုချက် စစ်တွေတွင် မရသေး
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် အိုအိုင်စီ (အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့) ကိုယ်စားလှယ် အဖွဲ့အား ကန့်ကွက် ဆန္ဒပြရန် ခွင့်ပြုချက် တင်ထားသော်လည်း ယခု အချိန်ထိ ခွင့်ပြုချက်မပေးသေး ကြောင်း သိရသည်။

ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့အား နိရဥ္စရာမှ ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူ တစ်ဦးက ယခုလို ရှင်းပြသည်။

“ ခွင့်ပြုချက်တောင်းခံတဲ့စာကိုတော့ လက်ခံရရှိပါတယ်။ အခုအချိန်တော့ ခွင့်ပြုချက် မပေးသေးဘူး။” ခွင့်ပြုချက် ပေးဖို့ အစီအစဉ်ကော ရှိပါသလားဟု ဆက်လက် မေးမြန်းရာ“ ဒါကတော့ ကြိုမပြောနိုုင်ဘူး” ဟု ယင်းက ဆိုသည်။

Facebook တွေမှာ ခွင့်ပြုပေးလိုက်ပြီလို့ သတင်းတွေ တက်နေပါတယ်ဟု ပြောကြားရာ ၎င်းရဲအရာရှိက “ ဒါဆိုလည်း မပြောတတ်ဘူး။ ကျနော်တို့ဆီမှာတော့ ခွင့်ပြုချက်တောင်းခံတဲ့ စာဘဲ ရှိပါတယ်” ဟု ၎င်းက ပြောဆိုသွားသည်။

အိုအိုင်စီ ကိုယ်စားလှယ် အဖွဲ့သည် ရန်ကုန်မှ တဆင့် စစ်တွေသို့ နိုဝင်္ဘာလ ၁၅ ရက်နေ့ နံနက်တွင် ရောက်ရှိမည် ဖြစ်ပြီး ၎င်းနေ့တွင် ဆန္ဒပြရန် ခွင့်ပြုချက် တင်ထားသည်ဟု သိရသည်။

ယမန်နေ့ကလည်း စစ်တွေမြို့ ဘုရားကြီးတွင် လူပေါင်း တစ်ထောင် နီးပါးခန့် အိုအိုင်စီကို ကန့်ကွက် ဆန္ဒပြရန် စုရုံးခဲ့ကြသော်လည်း ခွင့်ပြုချက် မရှိဘဲ ဆန္ဒပြပွဲ မလုပ်ရန် သက်ဆိုင်ရာမှ တားမြစ်သဖြင့် နောက်ပိုင်းတွင် ဆန္ဒပြမည့် အစီအစဉ်ကို ရပ်နားခဲ့သည်ဟု သိရသည်။

Most read this week