မင်းကိုနိုင်တို့၏ ကရင်နီပြည်နယ် စာပေဟောပြောပွဲ နေရာပြောင်းရွှေ့ရ

မင်းကိုနိုင်တို့၏ ကရင်နီပြည်နယ် စာပေဟောပြောပွဲ နေရာပြောင်းရွှေ့ရ
by -
ကန္တာရဝတီတိုင်း(မ်)

မင်းကိုနိုင်တို့၏ ကယား(ကရင်နီ)ပြည်နယ် စာပေဟောပြောပွဲ မူလစီစဉ်သည့်နေရာ  အာဏာပိုင်များ ခွင့်မပြုသဖြင့် နေရာပြောင်းရွှေ့ပြီး ကျင်းပခဲ့ကြရသည်ဟု စာပေဟောပြောပွဲ ဦးဆောင်းကျင်းပသည့် လူငယ်အဖွဲ့မှ မင်းသူကျော်က ပြောသည်။

စာပေဟောပြောပွဲကျင်းပရန် လွိုင်ကော်မြို့ရှိ မြို့တော်ခန်းမ၌ စီစဉ်ထားခဲ့ကြသော်လည်း ပြည်နယ်အစိုးရက ၄င်းနေရာကို ခွင့်မပြုသဖြင့် အားကစားရုံတွင် ပြုလုပ်ရန်ပြောကြားခဲ့သည်။

မင်းကျော်သူက ̏ ဒီအစိုးရက မြို့တော်ခန်းမ ပိတ်ပြီးတော့ အားကစားရုံပေးတယ်။ ဒါပေမယ့်အားကစားရုံမှာ စင်လည်းမရှိ စတိတ်လည်းမရှိ ဘာဆိုဘာမှမရှိနေရာကြီးကို ကျနော့်တို့ကိုပေးထားတယ်။ အဲ့တော့ကျနော်တို့ ဘာမှလုပ်လို့မရဘူး” ဟု ပြောသည်။

အားကစားရုံတွင် နေရာထိုင်ခင်းအဆင်မပြေသည့်အတွက် စာပေဟောပြောပွဲကို ကက်သလစ် ဓမ္မာရုံတွင် နောက်ဆုံးကျင်းပခဲ့ရသည်။

ယခုကဲ့သို့ အခက်အခဲရှိနေသေးခြင်းသည် နိုင်ငံရေးစနစ်အပြောင်းအလဲတွင် မရှိသင့်တော့ကြောင်း လွိုင်ကော်မှာသာတဲ့လ ခေါင်းစဉ်ဖြင့် ဟောပြောရန် ရောက်ရှိလာသည့် ၈၈ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်က ပြောသည်။

“ဒီဟာကခောတ်စနစ်လည်းပြောင်းပြီလို့ ကြွေးကြော်ပြီးခါမှ တကယ်တင့်တင့်တယ်တယ် ဖြစ်ရမယ့်မြို့ လယ်မှာ ဂုဏ်ယူရမဲ့ နေရာမျိုးမှာ မဖြစ်ရဘဲနဲ့အခုလို နည်းနည်းအခက်ခဲရှိပြီးတော့ ဒီလိုနေရာမျိုးရောက် လာတဲ့ အခါကြတော့ ဒီခေတ်ရဲ့ ဒီကြွေးကြော်သံတွေ အောက်မှာ ဒါမဖြစ်သင့်ဘူးပေါ့ဗျာ״ ဟု ပြောသည်။

မင်းကိုနိုင်တို့အဖွဲ့၏ စာပေဟောပြောပွဲကို ပြီးခဲ့သည့် အောက်တိုဘာလ ၂၈ရက်နှင့် ၂၉ ရက်နေ့တွင် ကက်သလစ် ဓမ္မာရုံတွင်ကျင်းပခဲ့တာဖြစ်ပြီး ဆရာဂျေမီမှ လူငယ်နှင့်ပညာရေး၊ ဆရာဘလော့ဂါနေဘုန်း လတ်မှ ကျနော့်ဘဝ အတွေ့အကြံုလေးများ နှင့် ဆရာချစ်ဦးညို ၊ဆရာမောင်သာချို ၊ဆရာမ နုနုရည် (အင်းဝ) တို့ ဟောပြောခဲ့ကြသည်။