ရိုးရာယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲ(ချင်းမိုင်) သျှမ်းပညာရှင်တက်ရောက်

ရိုးရာယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲ(ချင်းမိုင်) သျှမ်းပညာရှင်တက်ရောက်
by -
သျှမ်းသံတော်ဆင့်

ထိုင်းနိုင်ငံ အထက်ပိုင်း “ရိုးရာယဉ်ကျေးမှု မြင့်တင်ရေးနှင့် အတွေ့အကြုံ နှီးနှောဖလှယ်ပွဲ”အား ချင်းမိုင်မြို့ ခုမ်းဖူးခမ်းဟော်တယ်၌ ကျင်းပရာ “ဆရာသမားကောင်း” ဆုရ သျှမ်းပညာရှင်တစ်ဦး လည်း တက်ရောက်သည်။

အောက်တိုဘာလ ၂၃ ရက်မှ ၂၅ ရက်နေ့ထိ ၃ ရက်ဆက်တိုက် ကျင်းပရာမှာ ပညာရှင်အဆင့် ပုဂ္ဂိုလ်များနှင့် လေ့လာသူများ အင်အား ၃၀၀ ကျော် တက်ရောက်ခဲ့သည်။

pai-mong

“သျှမ်းလူမျိုးဆို အဘတယောက်တည်းဘဲ ပါတယ်။ သျှမ်းရိုးရာယဉ်ကျေးမှုတွေကို မပျောက်ကွယ် အောင် သက်ထက်ဆုံး သင်ကြားပို့ချပေးသွားမယ်” ဟု အခမ်းအနားတက်ရောက်သူ သျှမ်းပညာရှင် စဝ်ပိုင်းမိဏ်း က ပြောပါသည်။

အသက် ရ၅ နှစ်ရှိ တော်လှန်ရေးသမားဟောင်း မျိုးချစ်ပုဂ္ဂိုလ် စဝ်ပိုင်းမိဏ်း သည် ၂၀၁၂ အတွင်း ထိုင်းအစိုးရက ရွေးချယ်ချီးမြှင့်သည့် “ဆရာသမားကောင်း” ဆုရ ၅၃၃ ဦး အနက် တစ်ဦးအပါအဝင် ဖြစ်သည်။

“အနာဂတ်လူငယ်တွေ ဘာပဲလုပ်လုပ် သမိုင်းကြောင်းကို ပြန်ကြည့်စေချင်တယ်။ သမိုင်းကို ပြန်မ ကြည့်ရင် ရှေ့ဆက်ဖို့ ဇဝေဇဝါ ဖြစ်နေမယ်။ ဘာပဲလုပ်လုပ် စည်းကမ်းရှိပါ။ စာရိတ္တမကောင်းရင် ပျက်စီးမယ်။ ဒါကြောင့် စာရိတ္တကောင်းမွန်အောင် ကြိုးစားပါလို့ မှာချင်တယ်” ဟု ၎င်းက ပြောပါ သည်။

စဝ်ပိုင်းမိဏ်း သည် ၁၉၉၆ မှစ၍ လူငယ်များအား ကိန္နရီ − ကိန္နရာအက၊ သိုင်း(ဓား၊ လှံ၊ တုတ်)၊ အိုးစည်ဗုံ မောင်းတီးခတ်ခြင်း ပညာများကို ထိုင်း−မြန်မာနယ်စပ်ရှိ ချင်းမိုင်ခရိုင် ဝိန်းဟဲန်မြို့နယ် ပိန်းလုံကျေးရွာ အုပ်စုရှိ ၎င်း၏နေအိမ်၌ သင်ကြားပေးခဲ့သည်။

Most read this week