လူတစ်ဦးအား တုတ်ဓါးဖြင့်တိုက်ခိုက်ခဲ့သူနှစ်ဦးကို ကျောက်တော်ရဲစခန်းက ဖမ်းဆီးထား

လူတစ်ဦးအား တုတ်ဓါးဖြင့်တိုက်ခိုက်ခဲ့သူနှစ်ဦးကို ကျောက်တော်ရဲစခန်းက ဖမ်းဆီးထား
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် အမျိုးသားတစ်ဦးအား တုတ်ဓါးများဖြင့် တိုက်ခိုက်သူ (၂) ဦးကို ကျောက်တော်ရဲတပ်ဖွဲ့က အချိန်မီ ဖမ်းဆီးထိန်းသိမ်းထားလိုက်ပြီဟု သတင်း ရရှိသည်။

“ဒဏ်ရာရတဲ့ သူကလည်း သူ့ကို တိုက်ခိုက်တဲ့ သူကနှစ်ဦးဘဲ ဖြစ်တယ်လို့ ထွက်ဆိုတဲ့အတွက် ပါ၀င်သူ နှစ်ဦးကို သက်သေ အထောက်အထား တုတ်ဓါးတွေနဲ့ အတူ ကျနော်တို့က ဖမ်းဆီး အရေးယူထား လိုက်ပါပြီ” ဟု ကျောက်တော်မြို့ ရဲစခန်း တာဝန်ကျရဲအရာရှိက ပြောသည်။

သေလုမျောပါး ဖြစ်နေသော ဦးကျော်သိန်းလှကို တွေ့ရစဉ်။

ဖမ်းဆီးခံရသူနှစ်ဦးမှာ ဆင်အိုးပေါက် တောရွာနေ ဘင်္ဂလီလူမျိုး အယုအာလီနှင့်  အီကရောင် တို့ ဖြစ် ကြောင်း ၎င်းက အတည်ပြု ပြောဆိုသည်။

“ အင်တာနက်တွေမှာ တက်နေသလို လူ ၈ ယောက် မဟုတ်ပါဘူး။ သတ်တဲ့ တရားခံတွေကရော၊ ဒဏ်ရာရတဲ့ တရားလိုကရော တိုက်ခိုက်တာက လူနှစ်ဦးဘဲလို့ ထွက်ဆိုတဲ့အတွက် ပါ၀င်ပတ်သက်သူ ဘင်္ဂလီ လူမျိုး အယုအာလီနဲ့ အီကရောင်ကို ဖမ်းဆီး စစ်ဆေးပြီး အခု တရားစွဲဆိုဖို့ စီစဉ်နေပါတယ်” ဟု ၎င်း ရဲအရာရှိက ပြောသည်။

ကျောက်တော်မြို့ ပေါက်တောပလောင်ကျေးရွာ   ဦးကျော်သိန်းလှ အသက်(၅၂) သည် အောက်တိုဘာလ ၁၈ ရက်နေ့  ညနေ (၆:၃၀)အချိန်မှာ ပေါက်တောပလောင်ကျေးရွာ နှင့် ဆင်အိုးပေါက်တော ရွာကြားချောင်း မှာ ငါးဆင်းရှာရန် အသွားတွင် အဆိုပါ ဘင်္ဂလီလူမျိုးနှစ်ဦးက တုတ်ဓါးများဖြင့် မသေမချင်း တိုက်ခိုက်ပြီး လမ်းဘေးတွင် ပစ်ထားခဲ့သည်ဟု သိရသည်။

နောက်တစ်နေ့  နံနက် ၄ နာရီခန့်တွင် ဦးကျော်သိန်းလှမှာ သတိပြန်လည်ရလာပြီ ဒဏ်ရာများဖြင့် အိမ်ကို ပြန်လာခဲ့ကြောင်း၊ ထို့နောက် မိသားစုဝင်များက ကျောက်တော် ဆေးရုံသို့ ချက်ချင်း တင်ပို့ခဲ့ကြောင်း၊  အသက်အန္တရယ်စိုးရိမ်ရသဖြင့်  ကျောက်တော် ဆေးရုံမှ စစ်တွေ ဆေးရုံကြီးသို့ နေ့လယ် (၁) နာရီခန့်တွင် ရွှေ့ပြောင်း ယူဆောင်ခဲ့ရသည်ဟု သိရသည်။

ဦးကျော်သိန်းလှတွင်  ဦးခေါင်းတွင် ဓါးခုတ် ဒဏ်ရာနှစ်ချက် ၊ မေးစေ့မှာ တုတ်နှင့် ရိုက်ထားသော ဒဏ်ရာ တစ်ချက် ၊ဘယ်နားရွက်တွင်  ဓါးထိုး ဒဏ်ရာနှစ်ချက် ၊ ညာဘက်လက်မောင်းတွင် တုတ်ဒဏ်ရာများ ရရှိပြီး အသက် အန္တရယ် စိုးရိမ်ရသော အနေအထားတွင် ရှိနေဆဲဖြစ်ကြောင်း စစ်တွေပြည်သူ့ဆေးရုံကြီးမှ ဆရာဝန် တစ်ဦးက ပြောသည်။

လက်ရှိ ချိန်မှာ သတိ လုံးဝ ပြန်မရနိုင်ဘဲ စစ်တွေပြည်သူ့ဆေးရုံ ကျားခွဲ စိပ် ဆောင်တွင် တက်ရောက် ကုသနေကြောင်း၊  (A) အမျိုးအစား သွေးများလည်း လိုအပ်နေကြောင်း စစ်တွေ ဘုရာကြီး သွေးအလှူရှင် များ အသင်းဝင် တစ်ဦးက ပြောသည်။

အခြေအနေ အတော်အသင့် တည်ငြိမ်လာသော ကျောက်တော်မြို့နယ်တွင် ရခိုင်လူမျိုးတစ်ဦးကို ဘင်္ဂလီ နှစ်ဦးက  တုတ်ဓါးများဖြင့် ပြန်လည် စတင်တိုက်ခိုက်လာသဖြင့် မတည်မငြိမ် ပြန်ဖြစ်မည်ကို စိုးရိမ်သော ကျောက်တော် လူထုက ပြစ်မူ ကျူးလွန်သူများကို ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူရန်လိုလား နေကြသည်ဟု ကျောက်တော်မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစောငြိမ်းက ပြောသည်။

Most read this week