ဗြိတိန်နိုင်ငံအခြေစိုက် မာပယ်ခရော့ သုတေသနအဖွဲ့၏ ထုတ်ပြန်ချက်များအရ ၂၀၁၄ ခုနှစ် ကလေးသူငယ် အလုပ်သမားများ အဆိုးရွားဆုံး ဆယ်နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံပါ၀င်နေကြောင်း စီအန်အန် သတင်းဌာန ၏ ဖော်ပြချက်အရ တွေ့ရသည်။
မာပယ်ခရော့အဖွဲ့အနေနှင့် အဆိုးရွားဆုံးနိုင်ငံ ၁၉၇ နိုင်ငံကို အစဉ်လိုက်ဖော်ပြထားပြီး ပထမဆုံးအနေနှင့် အစ်ရီထရီးယား၊ ဆိုမားလီးယား၊ ကွန်ဂို တို့ပါ၀င်ပြီး မြန်မာနိုင်ငံသည် အဆင့်လေးနေရာတွင် ပါ၀င်လျက်ရှိရာ
မြန်မာနိုင်ငံ၏ အောက်တွင် ဆူဒန်၊ အာဖဂန်နစ်္စတန်၊ ပါကစ္စတန်၊ ဇင်ဘာဘွေ၊ ရီမင်၊ ဘူရမ်ဒီ၊ နိုက်ဂျီရီးယားတို့ ပါ၀င် နေသည်။
အဆင့်သတ်မှတ်ချက်များအရ မြန်မာနိုင်ငံသည် EXTREME (အလွန်ဆိုးရွား) သည့် အဆင့်တွင် ရှိနေပြီး တောင် အမေရိကနိုင်ငံသည်ပင် ယခင်အလွန်ဆိုးရွား အခြေအနေမှ “မြင့်မားသည့် အန္တရာယ်ရှိ” အဆင့်သို့ ယခုနှစ်တွင် ရောက်ရှိသွားပြီဖြစ်သည်။
သုတေသန ညွှန်းကိန်းများအရ မြင့်မားသည့် ဆင်းရဲမွဲတေမှုကြောင့် ဖြစ်ပွားခြင်းဖြစ်ပြီး မိသားစုဝင်ငွေများက ကလေးငယ်များ၏ လိုအပ်ချက်ကို ဖြည့်ဆည်းမပေးနိုင်ခြင်း၊ တရုတ်၊ အိန်္ဒိယ၊ ရုရှနှင့် ဘရာဇီးတို့ ကဲ့သို့ စီးပွားရေး အရလည်း အလွန်အရေးပါလျှက်ရှိပြီး ကလေးသူငယ် အလုပ်သမား ဥပဒေများနှင့် ပတ်သက်၍ လည်း ပြင်းထန်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း စစ်တမ်းကဆိုသည်။
ထို့ပြင် ကလေးသူငယ် လူကုန်ကူးမှုများသည် အဓမ္မခိုင်းစေခံရသည့် အလုပ်သမားများ၊ လိင်ပိုင်းဆိုင်ရာ
ခေါင်းပုံဖြတ်ခံရခြင်းများ ဖြစ်နေစေပြီး ကြီးမားသည့် ပြဿနာတစ်ခုအဖြစ် ရင်ဆိုင်ရလျက်ရှိသည်။ “သက်မွေးဝမ်း ကျောင်း အလုပ်များ၏ အသုံးကျနိုင်မှုနှင့် လေ့လာချက်များတွင် စက်ရုံများအတွင်း ကလေးငယ်များကို အသုံးပြုမှုများ ဆက်ဖြစ်နေဆဲဖြစ်ပြီး စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံများတွင် သော်မှ ကုမ္ပဏီများ၏ လက်ရှိ သိသာမြင်သာ သည့် ထောက်ပံ့မှုများအရ ကလေးအလုပ်သမားများ ရှိနေဆဲဖြစ် သည်” ဟု အစီရင်ခံစာက ဖော်ပြထားသည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း၏ စက်တင်ဘာလက ခန့်မှန်းထား ချက်များအရ ၁၇ နှစ် အသက်အရွယ် အလုပ်သမားပမာဏသည် ၂၀၀၈ ခုနှစ်က ၁၃ ဒသမ ၆ ရာခိုင်နှုန်းရှိရာမှ ၂၀၁၂ ခုနှစ် တွင် ၁၀ ဒသမ ၆ သို့ လျော့နည်း သွားခဲ့ကြောင်း ထုတ်ပြန်ထားသဖြင့် ကလေးသူငယ်အလုပ်သမား ပမာဏသည် ၁၁၅ မီလီယံရှိခဲ့ရာမှ ယခုအခါ ၈၅ မီလီယံသို့ လျော့ကျသွားပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။