တစ်ပြည်လုံး အပစ်ရပ်လက်မှတ် ရေးထိုးပွဲအပေါ် UWSP အဖွဲ့ မေးခွန်းထုတ်

တစ်ပြည်လုံး အပစ်ရပ်လက်မှတ် ရေးထိုးပွဲအပေါ် UWSP အဖွဲ့ မေးခွန်းထုတ်
by -
ရွှေဟင်္သာ

အစိုးရမှ ပြုလုပ်မည့် တစ်နိုင်ငံလုံး အတိုင်းအတာ အပစ် အခတ် ရပ်စဲရေးတွင် အဘယ့်ကြောင့် လက်မှတ်ရေး ထိုးရမည် ဆိုသည်ကို ရှင်းရှင်းလင်းလင်းသိစေချင်ကြောင်း “ဝ” ပြည် သွေးစည်း ညီညွတ်ရေး ပါတီ UWSP ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးအောင်မြင့်က ယနေ့၌ ထုတ်ဖော်ပြောကြား ခဲ့သည်။

“လက်မှတ် ထိုးမယ့် စာချုပ်မှာ ၁၊ ၂၊ ၃၊ ၄ ဘာတွေ ပါမှာလဲ၊ ဒီကိစ္စ ကျွှန်တော်တို့ အဖွဲ့ အစည်းတင် မကဘူး၊ ရှိသမျှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အားလုံး သိချင် နေကြတယ်၊ အဲဒီ တော့မှ ဒီအပေါ်မှာ လက်မှတ် ထိုးနိုင်မယ် မနိုင်ဘူး ဆိုတာ သုံးသပ်လို့ ရတာပေါ့” ဟု ဦးအောင်မြင့်က ပြောသည်။

“ဝ” အဖွဲ့ မှ လိုချင်သော တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး အခင်း အကျင်းမှာမူ အဆိုပါ လက်မှတ် ရေးထိုး ရမည်တွင် ပါဝင်သည့် အချက်များအား အစိုးရက လက်မှတ် ရေးထိုးရမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အားလုံးထံသို့ ပေးပို့သင့်ပြီး တစ်ဖွဲ့ချင်းစီ အလိုက် အစိုးရမှ အခြေအတင် လိုက်လံ ဆွေးနွေးကာ သဘော တူညီမှုအရင်ရယူသွားရမည်။

ထို့နောက်တွင် တစ်ပြည်လုံး အတိုင်းအတာ အပစ် အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးပွဲအား အကောင် အထည် ဖော်သွားလျှင် ပို၍ သင့်မြတ်မည် ဖြစ်ကြောင်း ဆိုပါသည်။

UWSP အဖွဲ့ အနေဖြင့် တစ်ပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးရခြင်း အပေါ် ရှင်းရှင်းလင်း လင်း သိရှိပါက ဗဟိုကော်မီတီများ၏ သဘောတူညီမှု အဆုံးအဖြတ်ရယူပြီးလက်မှတ် ထိုးခြင်း မထိုးခြင်း ဆုံးဖြတ်မည်ဖြစ်သည်။

သို့သော်လည်း ၄င်းတို့ “ဝ” အဖွဲ့အား အစိုးရမှ အဆိုပါ လက်မှတ် ရေးထိုးပွဲအား တက်ရောက်ရန် တရားဝင် ဖိတ်ကြားမည် ဆိုပါက တက်ရောက်ရန် ရှိသော်လည်း လောလောဆယ်တွင် အစိုးရက “ဝ” အဖွဲ့အား အဆိုပါ လက်မှတ် ရေးထိုးပွဲအား တက်ရောက်ရန် တရားဝင် ဖိတ်ကြား လာသေးခြင်း မရှိသေးကြောင်း ဆိုသည်။

တစ်ပြည်လုံး အတိုင်းအတာ အပစ် အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲသို့ UNFC အဖွဲ့ဝင်များနှင့် WGEC အဖွဲ့များ စသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တစ်ဖွဲ့ကမျှ တက်ရောက်လက်မှတ်ရေးထိုး မည်ဟု ထုတ်ဖော် ပြောကြားခြင်း မရှိသေးပေ။

၂၀၁၁ ခုနှစ် စက်တင်ဘာလက အစိုးရနှင့် အပစ်အခတ် ပြန်လည်ရပ်စဲထားသည့် UWSA “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ထဲတွင်အင်အားအကြီး မားဆုံး အဖွဲ့ဖြစ်ကာ တိုက်ခိုက်ရေးတပ် အင်အား ၃ သောင်းမှ ၅ သောင်းကြားရှိသည်ဟု ခန့်မှန်းကြသည်။