အသစ်တိုုးချဲ့လာသည့် သတ္တုတွင်းများ ရပ်စဲထားရန် ကရင်နီလူမှုအသင်းများကန့်ကွက်

အသစ်တိုုးချဲ့လာသည့် သတ္တုတွင်းများ ရပ်စဲထားရန် ကရင်နီလူမှုအသင်းများကန့်ကွက်
by -
ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ)ပြည်တွင် သဘာဝပါတ်ဝန်းကျင်ကိုု ထိခိုုက်စေမည့် ဖားဆောင်းမြို့က သတ္တုတွင်းသစ် ၁၆ ခုုတူးဖေါ်နေသည့် စီမံကိန်းများရပ်စဲထားရန် မိုုလိုုအမျိုးသမီးအဖွဲ့ MWMWN နှင့် ကရင်နီလူမှုအခြေပြု အဖွဲ့ အစည်းကွန်ယက် KCSN တိုု့ပူးတွဲပြီး ကန့်ကွက်ထားသည်။

သတ္တု တူးဖော်နေသော စက်ယန္တရား တစီး (ဓါတ်ပုံ-KCSN)

ကရင်နီပြည်သည် သဘာဝသယံဇာတ ပေါများကြွယ်ဝသော်လည်း ဒေသခံပြည်သူလူထုုများ အကျိုးခံစားမှု မရရှိသည့်အပြင် သတ္တုတူးဖေါ်ရေးစီမံကန်းများနှင့် ဆက်နွယ်ပြီး မြေယာသိမ်းဆည်းမှုနှင့် သဘာဝပါတ်ဝန်း ကျင်ပျက်ဆီးမှုများကြောင့် လူထုုတိုု့၏စိုုက်ပျိုးမြေများ၊ တောတောင်များ၊ မြစ်ချောင်းများ၊ အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများနှင့် ကျေးရွာများကိုု ပျက်စီးပျောက်ဆုံုးစေသည်ဟုု ယနေ့ထုုတ်ပြန်ကြေညာချက်တွင် ဖေါ်ပြထားသည်။

“အသစ်လျောက်ထားတဲ့ကုမ္ပဏီ ၁၆ ခု အပါအဝင် နောက်ပြီးတော့ ဦးထွန်းကျော်နဲ့ သြစတေးလျနိုင်ငံကုမ္မဏီ တစ်ခုကနေ လုပ်ဆောင်မယ့် ဧကတသိန်းကိစ္စတွေ၊ အဲဒီစီမံကိန်းအသစ်တွေကိုရပ်တန့်ပေးဖို့ ကန့်ကွက် တောင်း ဆိုရခြင်း ဖြစ်တယ်” ဟုု KCSN ပြောခွင့်ရ ခူးမီရယ်က ပြောသည်။

ကရင်နီအမျိုးသားတိုုးတက်ရေးပါတီ KNPP နှင့် မြန်မာအစိုုးရသည် ၂၀၁၂ခုုနှစ် မတ်လ၌ အပစ်ခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုုးပြီးနောက် ဖားဆောင်းမြို့နယ်တဝိုက်တွင် မိုုဆာခီး၊ သြစတေးလျ၊ နန်းရည်မွန် အောင်နှင့် ရတနာစိုုင်းကောင်းမြတ်ကျော် ကုုမ္ဗဏီများမှ သတ္တုတွင်းသစ် ၁၆ ခုုကိုု အစိုုးရတရားဝင်ခွင့်ပြု ချက်ဖြင့် ဆောက်လုပ်နေခြင်းဖြစ် သည်ဟုု သိရသည်။

“ဒီသတ္တုတွင်းလုပ်ငန်းကို ကျနော်တို့လုံးဝကန့်ကွက်တာမဟုတ်ဘူး ဒါပေမယ့် လုပ်ချင်တယ်ဆိုရင် ဒီဒေသခံ လူထုတွေနဲ့ ဒီလုပ်ဆောင်မယ့်ကိစ္စ အကြောင်းအရာတွေအားလုံးကို ကြေကြေညက်ညက် တွေ့ဆုံဆွေး နွေးပြီးမှ ဒေသခံလူထုတွေ့ရဲ့ သဘောတူညီချက်အပေါ်မှာ လုပ်ဆောင်သွားစေချင်တဲ့ အနေအထားမှာလုပ် ဆောင်ဖို့ တောင်းဆိုချင်တာဖြစ်တယ်” ဟုု ခူးမီရယ်က ပြောသည်။

မော်ချီးဒေသတွင် ဗြိတိသျှအစိုုးရလက်ထက်ကတည်းက အမှတ်-၁ သတ္တုတွင်းနဲ့ အမှတ်-၂ သတ္တုတွင်း စတင်လုုပ်ကိုင်ခဲ့ရာ မကြာခဏမြေပြို၍ လူအသေအပြောက်ရှိပြီး အန္တရာယ်ရှိသည့် ဒေသဖြစ်သည်။

 “အမှန်ဆိုအလွန်အန္တရာယ်ကြီးတဲ့နေရာ၊ မြေပြိုကျနေတယ်၊ လူတွေလည်း မနေသင့်ဘူး၊ ဒါပေမဲ့သူတို့ နေတာပဲ၊ ရွေ့ပြောင်း ဖို့နေရာဝေးတယ်၊ရေလည်းဝေးတယ်" ဟု မော်ချီးဒေသခံ အမျိုးသမီး ဒေါ်အာခူက ပြောသည်။

ပြင်ဆင်ရေးဆွဲမည့် ဖွံ့စည်းအုုပ်ချုပ်ပုံုအခြေခံဥပဒေထဲတွင် တိုုင်းရင်းသားဒေသတွင်းရှိသည့် သယံဇာတ အရင်းအမြစ်များကိုု ကိုုယ်ပိုုင်စီမံအုုပ်ချုပ်ခွင့်မရှိလာမချင်း လက်ရှိသတ္တုစီမံကိန်းလုုပ်ငန်းများ ရပ်စဲထားရန် မိုုလိုုအမျိုးသမီးသတ္တုတွင်း စောင့်ကြည့်ရေးကွန်ယက် MWMWN နှင့် KCSNတိုု့၏ ကြေညာချက်ထဲတွင် တောင်းဆိုုထားသည်။

Most read this week