သမ္မတ ဦးသိန်းစိန် ရခိုင်ဒေသသို့ ရောက်ရှိ

သမ္မတ ဦးသိန်းစိန် ရခိုင်ဒေသသို့ ရောက်ရှိ
by -
နိရဥ္စရာ

နိုင်ငံတော် သမ္မတကြီးဦးသိန်းစိန်သည် မြောက်ဦးမြို့သို့ ရဟတ်ယဉ် (၂) စီးနှင့် အတူ ယနေ့နံနက်တွင် ရောက်ရှိလာသည်ဟု သတင်းရရှိသည်။

မြောက်ဦးမြို့တွင် ရှစ်သောင်းဘုရားသို့ လာရောက်ဖူးမျှော်ခဲ့ပြီး ၁၀ မိနစ်ခန့်မြို့ထဲလည်ပတ်ကာ ဆက်လက်၍ ကျောက်တော်မြို့နယ်၊ မဟာမုနိသို့ထွက်ခွာသွားသည်ဟု ဒေသခံများက ပြောသည်။

သမ္မတကြီး ဦးသိန်းစိန်သည် မဟာမုနိဘုရားကို ၀င်ရောက်ဖူးမျှော်ခဲ့ပြီး ဆက်လက်ထွက်ခွာခဲ့ရာ နေ့လည် ၁၂ နာရီ အချိန်တွင် စကခ( ၉) တပ်ဌာနချုပ်သို့ ရောက်ရှိလာပြီး စစ်ဘက်ဆိုင်ရာ အရာရှိများနှင့် တွေ့ဆုံနေသည်ဟု သတင်း ရရှိသည်။

သမ္မတကြီး ဦးသိန်းစိန် ရခိုင်ပြည်နယ်သို့ လာရောက်လည်ပတ်ခြင်းမှာ ရခိုင်ပြည်နယ်လုံခြံုရေးနှင့် တည်ငြိမ်ရေး ကိစ္စရပ်များအပြင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် အစိုးရစီမံကိန်း အများအပြား တည်ဆောက်မည့်အစီအစဉ်ရှိရာ ရခိုင်စီးပွားရေးလုပ်ငန်းရှင်များနှင့်လည်း တွေ့ဆုံမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက နိရဥ္စရာသို့ ပြောသည်။

မြန်မာနိုင်ငံတွင် ဒုတိယအဆင်းရဲဆုံးဖြစ်သည့်ရခိုင်ပြည်နယ်သည် ဆင်းရဲမွဲတေမှုကြောင့် လူမူရေး မတည်ငြိမ်မူများ ပေါ်ပေါက်နေသဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာအစိုးရတာဝန်ရှိ သူများ အမြန်ဆုံး အကောင်ထည်ဖေါ်ပေးရန် လိုအပ်နေကြောင်း လေ့လာသူများက အစိုးရကိုထောက်ပြဝေ ဖန်မူများ ရှိနေသည်။

လက်ရှိ ဦးသိန်းစိန် အစိုးရသည် ရခိုင်ပြည်နယ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောက်ဖြူစက်မူဇုံနှင့် ပုဏ္ဍားကျွန်း စီပွားရေးဇုံအား တည်ဆောက်ရန် စီစဉ်နေသော်လည်း လျှပ််စစ်ဓါတ်အားအလုံအလောက် မရရှိသဖြင့် စီမံကိန်းများအကောင်ထည် ဖေါ်ဆောင်ရွက်ရန် ကြန့်ကြာလျှက်ရှိကြောင်း သိရသည်။

Most read this week