သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်ဆို င်းခေါင်ကျေးရွာအုပ်စု၌ အသက် ၁၀ နှှစ်ကျော် ကလေးအရွယ်မှစ၍ယာဘ သုံးစွဲ ကာတောင်ယာစိုက်ပျိုးလုပ်ကိုင်နေကြကြောင်းဒေသတွင်းသတင်းအရသိရှိရပါသည်။
“ယာဘကလူကိုတက်ကြွလန်းဆန်းစေတယ်၊ အားရှိစေတယ်ဆိုတော့အရွယ်စုံ ယာဘသုံးပြီးအလုပ်လုပ်ကြတယ်။ ကျောင်းမတက်နိုင်ဘဲတောင်ယာတွေမှာအလုပ်လု ပ်နေတဲ့ကလေးတွေလည်း ယာဘသုံးကြတယ်။ ၁၀နှစ်ကျော်လေး တွေ။ အမျိုးသမီးအချို့လည်းသုံးကြတယ်” ဟုနမ္မတူဒေသခံခေတ်ပညာတတ်လူငယ်စိုင်းလောဝ်ကပြောပါသည်။
ဆိုင်းခေါင်ကျေးရွာအုပ်စုမှရွာသူရွာသားများက ဖာဆွမ်ကျေးရွာအုပ်စုအနီး ရှိတောင်ယာတို့၌သွားရောက် လုပ်ကိုင်ကြ ကြောင်း၊ ယခင်ကဆိုင်းခေါင်ကျေးရွာ အုပ်စုအိတ်ဖတ်ရွာ၊ပါမော်ခန်ရွာနှင့်ပန်လော့ရွာတို့၌ ယာဘမရှိ ကြောင်း၊ ယခုယာဘေ ဆးပြားများကိုရပ်ရွာအတွင်းပေါများစွာလာရောက်ရောင်းချကြကြောင်း ဆို၏။
“လင်ယောကျာ်းကယာဘသုံးပြီးသောင်းကျန်းနေတယ်ဆိုပြီးလာဖမ်းပေးဖို့ဇနီးသည်ကကျနော်တို့ဆီလာတိုင်တဲ့အဖြစ်တွေလည်းရှိတယ်” ဟုရပ်ရွာတွင်းမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါသည်။
မူးယစ်ဆေးဝါး(အဓိကယာဘ) အလွန်ပေါများသည့်အတွက်သျှမ်းပြည်တပ်မတော် SSPP/SSA ထံမူးယစ်ဆေးဝါး တိုက်ဖျက်ပေးရန်အကူအညီတောင်းခံဖူးကြောင်း၊ SSPP/SSA ကအဆိုပါနယ်မြေအတွင်းမြန်မာ စစ်တပ်ကအမြဲတမ်း သွားလာလှုပ်ရှားနေသည့်အတွက်မူး ယစ်ဆေးဝါးလာရောက်တိုက်ဖျက်ရန်အခက်အခဲရှိသည်ဟုပြန်လည်အကြောင်း ကြား လာကြောင်းဆိုပါသည်။
နမ္မတူမြို့နယ်ဆိုင်းခေါင်ကျေးရွာအုပ်စုနှင့်ဖာဆွမ်ကျေးရွာအုပ်စုအတွင်း ပလောင်လူမျိုးအများဆုံးနေထိုင်ကာပဲပုပ်၊ပြောင်းဖူးစသည်တောင်ယာလုပ်ငန်းများ လုပ်ကိုင်ကြသည်။