မိုင်းပြင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အား သျှမ်းပြည်နယ်စည်ပင်သာယာရေးဝန်ကြီးအဖြစ် သမ္မတကြီးခန့်အပ်

မိုင်းပြင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အား သျှမ်းပြည်နယ်စည်ပင်သာယာရေးဝန်ကြီးအဖြစ် သမ္မတကြီးခန့်အပ်
by -
သျှမ်းသံတော်ဆင့်

 သျှမ်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီးဌာနဝန်ကြီးဦးတူးမောင် အစား မိုင်းပြင်းမြို့နယ်မဲဆန္ဒနယ် အမှတ်(၂)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးစိုင်းလှဝင်းအား စက်တင်ဘာ ၁၆ ရက် နေ့စွဲဖြင့် သမ္မတကြီးဦးသိန်းစိန် က ခန့်အပ်တာဝန်ပေးလိုက်သည်။

 ဦးစိုင်းလှဝင်းသည် သျှမ်းပြည်မြောက်ပိုင်းနမ့်ခမ်းမြို့ဇာတိဖြစ်ပြီး ၁၉၄၆ ခုမေလ ၁၆ ရက်၌ မွေးဖွားခဲ့ သည်။ အခြေခံပညာကိုနမ့်ခမ်းမြို့၊ မိုင်းပြင်းမြို့နှင့် ကျိုင်းတုံမြို့တို့တွင် သင်ယူခဲ့သည်။ တောင်ကြီးကောလိပ်နှင့် မန္တလေးဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်တို့၌ တက်ရောက်ခဲ့ပြီးB.Sc(Maths:) ဘွဲ့ရရှိခဲ့သည်။

ဒေါ်နန်းပွဲနှင့် အိမ်ထောင်ပြုကာ စိုင်းဆုမ်ဝန်း၊ စိုင်းဟောင်ခမ်း၊ စိုင်းနော်ဟိန်းနှင့် နန်းဆီဟွမ်ဝန်း-ဟူ၍ သားသမီး ၄ ယောက် ထွန်းကားခဲ့သည်။

မိုင်းပြင်းမြို့နယ်နှင့် မိုင်းခတ်မြို့နယ် စာရင်းရုံးတွင် စာရင်းစစ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီတွင် ပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့သည်။

ဦးစိုင်းလှဝင်းသည် ၂၀၁၀ ရွေးကောက်ပွဲ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုကိုယ်စားပြုကာ မိုင်းပြင်းမြို့ နယ်  မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်အဆင့် ဝင်ရောက်ယှဉ်ပြိုင်ရာမှ အနိုင်ရခဲ့သည်။

Most read this week