TNLA နှင့်အစိုးရတပ်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွါး

TNLA နှင့်အစိုးရတပ်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွါး
by -
ရွှေဟင်္သာ

စက်တင်ဘာလ ၁၇ ရက် နံနက် ၁၁ နာရီခန့်မှ ၁၁း၃၀ နာရီအထိ ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ နယ် နမ့်ဖတ်ကာ အုပ်စုမိုင်းယုလေးနှင့် လုံကမ် ကျေးရွာအကြား တောတန်းတနေရာတွင် မြန်မာအစိုးရတပ်နှင့် တအာင်းတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု အထွေထွေအတွင်းရေး မှူးဖြစ်သူဒုတိယဗိုလ်မှူးကြီး တာဘုန်းကျော်က ဆိုပါသည်။

“ ကျနော်တို့ အပစ်ရပ်ရေး လက်မှတ်မထိုးလို့ လိုက်တိုက်နေတယ် ထင်ပါတယ်။  သူတို့နောက်ယောင်ခံ လိုက်တိုက်နေမှတော့ ကျနော်တို့ကလည်း နေရာကောင်းမှာ စောင့်ပစ်တော့မှာပေါ့။ အခုလည်း ခလရ ၄၅ ရယ်၊ ခလရ ၁၂၃ ရယ်၊ ခလရ ၁၄၅ ပေါ့နော်။ ပူးပေါင်းစစ်ကြောင်းကို ကျနော်တို့ တပ်ရင်း ၁၁၂ တပ်ခွဲ (၃) တပ်ဖွဲ့တွေက နာရီဝက် လောက် ပျောက်ကြားစစ်သုံးပြီး တိုက်ခိုက် လိုက်တာပါ” ဟု ဆိုပါသည်။

TNLA ၁၁၂ တပ်ဖွဲ့သည် နေရာကောင်းယူပြီး၊ ပျောက်ကြားပစ်ခတ်ခဲ့သည့်အတွက် အစိုးရဖက်မှ (၅)ဦးကျပြီး၊ အများ အပြားဒဏ်ရာရရှိခဲ့သည်ဟု ဆိုပါသည်။

အစိုးရတပ်များသည် အင်အားအလုံးအရင်းဖြင့်TNLA ကို လိုက်တိုက်နေရာ ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက်နေ့ တွင် လည်း ခလရ ၄၅ နှင့် ပန်ဆေးပြည်သူ့စစ်တို့ ပူးပေါင်းထားသည့် စစ်ကြောင်း အား နမ့်ဟွန်းချောင်းတွင် တိုက်ခိုက် လိုက်ရာ (၁၀)ဦးကျော်ကျပြီး (၂၀)ကျော်ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုပါသည်။ ပုတ်ပွနေသောအလောင်း (၄)လောင်း သည် တောင်ကျချောင်းထဲသို့မျောပါသွားရာ  ဒေသခံများက သဂြိုဟ်ပေးခဲ့ရသည်ဟု ဆိုပါသည်။

ထိုသို့အထိနာခဲ့သည့် အစိုးရတပ်များသည် TNLA တပ်ရင်း ၁၁၂ ကို တပ်ရင်း ၃ ရင်းမှ စစ်ကြောင်းများ ပူး ပေါင်းပြီး လိုက်လံတိုက်ခိုက် နေခြင်းဖြစ်ကြောင်း တာဘုန်းကျော်ကဆိုပါသည်။  အစိုးရပူးပေါင်းတပ်များသည် TNLA ၏တပ်ရင်း ၁၁၂ နယ်မြေဖြစ်သော စရမ်း၊ ငေါ့ငှား၊ ဂျုံနော၊ လုံကမ် အစရှိသည့် ကျေးရွာနီးဝန်းကျင်တွင် ဆက်တိုက်လှည့်လည် လှုပ် ရှားနေလျှက်ရှိနေသဖြင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားရန် ရှိနေပါသည်။

TNLA တပ်ရင်း ၁၁၂ ဧရိယာသည် တောတောင်ထူထပ်လှသဖြင့် အစိုးရစစ်ကြောင်းများကို ပျောက်ကြားအဖွဲ့ငယ်များ ဖွဲ့ပြီး ခုခံသွားမည်ဟု TNLA တပ်ရင်းမှူးက ဆိုပါသည်။

အစိုးရတပ်များသည် TNLA တပ်ဖွဲ့နှင့် ပြီးခဲ့သည့် ဇူလိုင်လကုန်တွင် အပစ်ရပ်ရန် မူဆယ်မြို့တွင် ခေါ်ယူ ဆွေးနွေးခဲ့ပါ သည်။ ယင်းဆွေးနွေးပွဲမှ ရရှိသောအချက်များကို နှစ်ဖက် အဖွဲ့အစည်းသို့ အပြန်အလှန်တင်ပြပြီး သြဂုတ်လဆန်းတွင် ထပ်မံတွေ့ဆုံကြရန် အစိုးရ၏ ပြည်ထောင်စုအဆင့်  ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့ ဒုတိယ ဥက္ကဌ လုံခြုံရေးဝန်ကြီး ဦးအောင်မင်းက လိုလားပါသည်။

သို့သော် ဆွေးနွေးပွဲပြီးချိန်မှစပြီး အစိုးရတပ်များသည် TNLA တပ်များအား နောက်ယောင်ခံလိုက်ခြင်း၊ တိုက် ခိုက် နေခြင်းကြောင့် ယုံကြည်မှုတည်ဆောက်နိုင်ခြင်းမရှိဟု TNLA ကပြောပါသည်။ 

Most read this week